International News

မိန်းမဖြစ်သူက အွန်လိုင်းမှာတွေ့တဲ့သူနောက်လိုက်သွားလို့ ကလေးနဲ့ကျန်ခဲ့တဲ့ခင်ပွန်းသည်

သုံးဘီးေမာင္းသမားတစ္ေယာက္ဟာ သူ႔မိန္းမကFacebookေပၚကလူနဲ႔ေတြ႕ၿပီးေနာက္ သူနဲ႔ကေလးကိုထားသြားခဲ့တာေၾကာင့္ ကေလးပါအလုပ္ကိုေခၚၿပီးသုံးဘီးေမာင္းေနရေၾကာင္းကို Viral4real ကေနသတင္းရရွိပါတယ္။ ဖိလစ္ပိုင္မွာသုံးဘီးေမာင္းသမားတစ္ေယာက္အေနနဲ႔ အလုပ္လုပ္ေနရတာတကယ္ကိုခက္ခဲပါတယ္။ ေနပူထဲမွာ နာရီေပါင္းမ်ားစြာအလုပ္လုပ္ရၿပီး ႏိုင္ငံရဲ႕ယာဥ္အသြားအလာျပႆနာေတြကိုလည္း ခ်ိ္န္ညႇိရပါတယ္။ မိန္းမကထားသြားၿပီးေနာက္ပိုင္း ကေလးကိုအလုပ္ေခၚလာၿပီးေစာင့္ေရွာက္ရတာ ထိုသူ႔အေနနဲ႔၂ဆပင္ပန္းပါတယ္။

အဆိုပါသုံးဘီးေမာင္းသမားနာမည္က Rudy လို႔အမည္ရၿပီး Facebookအသုံးျပဳသူ Jane Eguillos က အလုပ္ႀကိဳးစားလြန္းတဲ့ဖခင္ျဖစ္သူ Rudyကိုသတိျပဳမိၿပီး လူမႈကြန္ယက္ေပၚကေန သူ႔ဇာတ္လမ္းကို ဓာတ္ပုံေတြႏွင့္တကြေဝမွ်ဖို႔အတြက္ ဆုံးျဖတ္လိုက္ပါတယ္။Rudy ကသူတို႔အိမ္ေထာင္သက္က၃ႏွစ္ရွိၿပီျဖစ္တယ္လို႔ဆိုပါတယ္။ ေနာက္ေတာ့သူ႔မိန္းမကိုဖုန္းဝယ္ေပးၿပီးေနာက္ပိုင္းမွာသူမကFacebook စတင္အသုံးျပဳၿပီးလိုင္းေပၚမွာေယာက်ၤားတစ္ေယာက္နဲ႔ဆုံၿပီး ေနာက္ဆုံးမွာထိုေယာက်ၤားနဲ႔ေတြ႕ဖို႔သြားတယ္လို႔ဆိုပါတယ္။

အင္တာနက္အသုံးျပဳသူေတြက အေဖနဲ႔သားျဖစ္သူရဲ႕သနားစရာဇာတ္လမ္းကိုၾကားရတဲ့အခါ စုတ္တသတ္သတ္ျဖစ္ေနၾကပါတယ္။ ေနာက္ဆုံးမွာေတာ့တီဗီအစီအစဥ္ပ႐ိုဂရမ္တစ္ခုျဖစ္တဲ့ “Kapusp Mo, Jessica Soho” ကိုေရာက္သြားပါတယ္။ အစီအစဥ္တင္ဆက္သူေျပာျပခ်က္အရ Rudyကသုံးဘီးယာဥ္ေလးကိုတကယ္ေတာ့သူမပိုင္ပါဘူး။ ေန႔တိုင္း ပီဆို၁၅၀ေပးသြင္းရပါတယ္။ ေနာက္ၿပီးေတာ့ အုံနာအိမ္ကိုသြားတဲ့အခါမွာလည္း ေန႔တိုင္း ၂ကီလိုမီတာ (၁မိုင္ေက်ာ္ေက်ာ္)ေလာက္လမ္းေလွ်ာက္ရတယ္လို႔ဆိုပါတယ္။ ၿပီးေနာက္မွာေတာ့ Rudyကိုစားေသာက္ကုန္၊ႏို႔နဲ႔ကေလးအတြက္ ကေလးdiapers ေတြေထာက္ပံ့ေပးခဲ့တဲ့အျပင္ကို သုံးဘီးအသစ္ေလးတစ္စီးပါ လက္ေဆာင္ေပးခဲ့တယ္လို႔သိရပါတယ္။

Unicode

မိန်းမဖြစ်သူက အွန်လိုင်းမှာတွေ့တဲ့သူနောက်လိုက်သွားလို့ ကလေးနဲ့ကျန်ခဲ့တဲ့ခင်ပွန်းသည်

သုံးဘီးမောင်းသမားတစ်ယောက်ဟာ သူ့မိန်းမကFacebookပေါ်ကလူနဲ့တွေ့ပြီးနောက် သူနဲ့ကလေးကိုထားသွားခဲ့တာကြောင့် ကလေးပါအလုပ်ကိုခေါ်ပြီးသုံးဘီးမောင်းနေရကြောင်းကို Viral4real ကနေသတင်းရရှိပါတယ်။ ဖိလစ်ပိုင်မှာသုံးဘီးမောင်းသမားတစ်ယောက်အနေနဲ့ အလုပ်လုပ်နေရတာတကယ်ကိုခက်ခဲပါတယ်။ နေပူထဲမှာ နာရီပေါင်းများစွာအလုပ်လုပ်ရပြီး နိုင်ငံရဲ့ယာဉ်အသွားအလာပြဿနာတွေကိုလည်း ချိ်န်ညှိရပါတယ်။ မိန်းမကထားသွားပြီးနောက်ပိုင်း ကလေးကိုအလုပ်ခေါ်လာပြီးစောင့်ရှောက်ရတာ ထိုသူ့အနေနဲ့၂ဆပင်ပန်းပါတယ်။

အဆိုပါသုံးဘီးမောင်းသမားနာမည်က Rudy လို့အမည်ရပြီး Facebookအသုံးပြုသူ Jane Eguillos က အလုပ်ကြိုးစားလွန်းတဲ့ဖခင်ဖြစ်သူ Rudyကိုသတိပြုမိပြီး လူမှုကွန်ယက်ပေါ်ကနေ သူ့ဇာတ်လမ်းကို ဓာတ်ပုံတွေနှင့်တကွဝေမျှဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။Rudy ကသူတို့အိမ်ထောင်သက်က၃နှစ်ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။ နောက်တော့သူ့မိန်းမကိုဖုန်းဝယ်ပေးပြီးနောက်ပိုင်းမှာသူမကFacebook စတင်အသုံးပြုပြီးလိုင်းပေါ်မှာယောင်္ကျားတစ်ယောက်နဲ့ဆုံပြီး နောက်ဆုံးမှာထိုယောင်္ကျားနဲ့တွေ့ဖို့သွားတယ်လို့ဆိုပါတယ်။

အင်တာနက်အသုံးပြုသူတွေက အဖေနဲ့သားဖြစ်သူရဲ့သနားစရာဇာတ်လမ်းကိုကြားရတဲ့အခါ စုတ်တသတ်သတ်ဖြစ်နေကြပါတယ်။ နောက်ဆုံးမှာတော့တီဗီအစီအစဉ်ပရိုဂရမ်တစ်ခုဖြစ်တဲ့ “Kapusp Mo, Jessica Soho” ကိုရောက်သွားပါတယ်။ အစီအစဉ်တင်ဆက်သူပြောပြချက်အရ Rudyကသုံးဘီးယာဉ်လေးကိုတကယ်တော့သူမပိုင်ပါဘူး။ နေ့တိုင်း ပီဆို၁၅၀ပေးသွင်းရပါတယ်။ နောက်ပြီးတော့ အုံနာအိမ်ကိုသွားတဲ့အခါမှာလည်း နေ့တိုင်း ၂ကီလိုမီတာ (၁မိုင်ကျော်ကျော်)လောက်လမ်းလျှောက်ရတယ်လို့ဆိုပါတယ်။ ပြီးနောက်မှာတော့ Rudyကိုစားသောက်ကုန်၊နို့နဲ့ကလေးအတွက် ကလေးdiapers တွေထောက်ပံ့ပေးခဲ့တဲ့အပြင်ကို သုံးဘီးအသစ်လေးတစ်စီးပါ လက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။