Local News

ကိုဗစ်ကြောင့် မိခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ ဆေးရုံကနေ အိမ်မပြန်တော့ဘဲ ကိုဗစ်လူနာတွေကို ဆက်လက်ပြုစုနေသူလေးကို ဂုဏ်ပြုချီးမြှင့်

ကိုဗစ်ကြောင့် မိခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ ဆေးရုံကနေ အိမ်မပြန်တော့ဘဲ ကိုဗစ်လူနာတွေကို ဆက်လက်ပြုစုနေသူလေးကို ဂုဏ်ပြုချီးမြှင့်

ပိုးကူးစက်ခံရတာကြောင့် မိခင်ဖြစ်သူနှင့်အတူ ပဲခူး (ကလိ) ဆေးရုံ ကိုဗစ်ကုသဆောင်မှာ အတည်ပြုလူနာ အနေနဲ့ ဆေးကုသမှုခံယူနေရာကနေ Volunteer အဖြစ် ထိုဆေးရုံတွင် အသက်ကြီးသူများအားပြုစုပေးနေတဲ့ အိမိုးထွေး အား

We Love Bago Founder ဦးတင်စိုးမှ ဂုဏ်ပြုငွေ ၁၀ သိန်းကျပ်ကို (၁၉.၁၂.၂၀၂၀) မှာ ဂုဏ်ပြုပေးအပ်ခဲ့တာပါ။ဇိုင်းဂနိုင်ကြီးကျေးရွာမှ မအိမိုးထွေးဟာ လွန်ခဲ့သည့်တစ်လအကြာမှ ပိုးကူးစက်ခံရပြီးတော့ မိခင်နှင့်ကလိဆေးရုံတွင်

ဆေးကုသမှုခံယူနေတာပါ။ မိခင်ဖြစ်သူဟာ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ပြီးနောက်မှာ စိတ်ဓာတ်မကျ အိမ်မပြန်ပဲ ဆေးရုံတွင် ဘဝတူကိုဗစ်လူနာများအား Volunteer အနေနဲ့ ကူညီခဲ့တာပါ။မိခင်ကွယ်လွန်သွားတော့ အိမိုးထွေးကဆေးရုံမှာ

ဆက်လက်ကုသမှုခံယူပြီးတော့ သူကိုယ်တိုင်ကုသမှုခံယူရင်းဘဝတူကိုဗစ်လူနာများကို ဆရာ ဆရာမများလမ်းညွှန်မှုအတိုင်း ဝိုင်းဝန်းပြုစုပေးတာကြောင့် လူနာများကြားမှာ ပန်းရောင်ဆရာမလေးဟုဂုဏ်သတင်းကျော်ဇောနေသူဖြစ်တယ်ဟု

ကလိဆေးရုံတာဝန်ခံကပြောခဲတာပါ။အိမိုးထွေးရဲ့အဓိက ဂုဏ်ယူစရာစွမ်းဆောင်ချက်ကတော့ ဈေးပိုင်း(၁၈) လမ်းမကအဖွားသန်းအားပြုစုစောင့်ရှောက်ဖို့လိုအပ် နေတဲ့အချိန်မှာမိခင်ရင်းလို့ပြုစုစောင့်ရှောက်မှုပေးတာကြောင့် အဖွားသန်းက

ကိုဗစ်ရောဂါဆိုးကိုအနိုင်ယူနှိုင်ခဲ့တယ်ဟု ပဲခူးမြို့နယ်ကိုဗစ်ကာကွယ်ရေးကော်မတီမှ ဦးကိုနိုင်က ပြောခဲ့တာပါ။ဒီနေ့တော့သူ့ရဲ့လှုမှုဝန်ထမ်းစိတ်ဓာတ်ကိုလေးစားလို့ We Love Bago Founder ဦးတင်စိုးက

ကျပ်ဆယ်သိန်းတန်ဆွဲကြိုးတကုံးနှင့် We Love Bago charity organization ဂုဏ်ပြုလွှာတစ်စောင်ပေးအပ်ဂုဏ်ပြုချီးမြှင့်တာပါ။အိမိုးထွေးဟာ

ကလိဆေးရုံတွင် စေတနာဝန်ထမ်းဘဝဖြစ် ဘဝတူကိုဗစ်လူနာများအားဆက်လက်ပြုစုပေးလျှက်ရှိပါတယ်နော်။source;Love Bago