Sports

ထိုင်းလိဒ်-1 ကလပ် ဘူရီယမ်အသင်းရယ့် ကောင်းကင်မှာ ထွန်းတောက်တော့မယ့် မြန်မာကြယ်ပွင့်

ကျွန်တော်တို့ မြန်မာဘောလုံးပရိတ်သတ်တွေရယ့် အချစ်တော် မြန်မာ့လက်ရွေးစင်အသင်း ရယ့် တိုက် စစ်မှုးတစ်ဦးဖြစ်တဲ့ အောင်သူ ကတော့ ထိုင်းလိဒ်-1 ကလပ်အသင်း ဖြစ်တဲ့ ဘူရီယမ် အသင်းကို ပြောင်းရွေ့ဖို့ ‌အကြောင်းဖန်လာပါတယ်။

တိုက်စစ်မှုး အောင်သူဟာ ရတနာပုံအသင်းနဲ့ သက် တမ်း တစ်နှစ်ကျန်ရှိတာဖြစ်တဲ့ အတွက် ဘူရီယမ် အသင်းဟာ အမေရိကန်ဒေါ်လာ ငါးသောင်း ကို စာချုပ်ဖြတ်သိမ်းကြေးအဖြစ်ကမ်းလှမ်းခဲ့ပါတယ်
‘‘ကျွန်တော်တို့နဲ့ ဘူရီယမ်အ သင်းတို့ကြားမှာတော့ အောင်သူ ကို အပြီးရောင်းပေးဖို့ သဘောတူ ညီမှုရရှိပြီးဖြစ်ပါတယ်။

အရင် ကမ်းလှမ်းထားသလို ဘူရီယမ်က အောင်သူအတွက် စာချုပ်ဖျက် သိမ်းကြေး ကန်ဒေါ်လာငါး သောင်းပေးမှာ ဖြစ်ပါတယ် အောင်သူနဲ့ ရတနာပုံရဲ့ ကျန်ရှိတဲ့ စာချုပ်သက်တမ်းကို ဖျက်သိမ်း ပြီး ဘူရီယမ်ကို ပြောင်းရွှေ့တာ ဖြစ်ပါတယ်’’ ဟု ရတ နာပုံအသင်း အထွေထွေမန်နေ ဂျာ ဦးအတာဦးက ပြောပါတယ်။

အောင်သူဟာ ထိုင်းလိဂ်-၁ ကလပ် ဘူရီယမ်အသင်းနဲ့ သဘောတူညီမှုရရှိထားပြီလို့ ထိုင်းမီဒီယာတွေက နို ၀င်ဘာ ၁၀ ရက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်အောင်သူဟာ ထိုင်းလိဂ်ကို တစ်ကျော့ပြန်သွားရောက်ကစားမှာဖြစ်ပြီး တတိယမြောက် ထိုင်းကလပ်အဖြစ် ဘူရီရမ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

အောင်သူဟာ ၂၀၁၈ ခုနှစ်မှာ Police Tero၊ ၂၀၁၉ ခုနှစ်မှာ မြောင်တောင်အသင်းတို့မှာ ကစားခဲ့တာဖြစ်ပြီး ၂၀၂၀ နှစ်ဆန်းပိုင်းမှာ တခြားအသင်းကိုပြောင်းရွှေ့ဖို့ အဆင်မပြေလို့ မိခင်ကလပ်ဖြစ်တဲ့ ရတနာပုံအသင်းမှာ ပြန်ကစားခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ထိုင်းလိဂ်ပြိုင်ပွဲဟာ နှစ်ကုန်ပိုင်းမှ ပထမအကျော့ပြီးဆုံးမှာဖြစ်ပြီး အောင်သူဟာ ရာသီ၀က်မှာ ပြောင်းရွှေ့ဖို့ စီစဉ်နေတာပါ ဘူရီယမ်အသင်းဟာ ထိုင်းလိဒ်မှာ အောင်မြင်မှုတွေရယူထားနိုင်တဲ့အသင်းဖြစ်ပြီး ထိုင်းလိဂ်-၁ ချန်ပီယံဆုကို ခုနစ်ကြိမ်အထိ ရရှိထားပါတယ်။

ဒါပေမဲ့ ဒီရာသီမှာတော့ ရလဒ်မကောင်းသေးဘဲ ၁၀ ပွဲကစား၊ ၁၁ မှတ်နဲ့ အဆင့် (၁၂) နေရာမှာရှိနေပါတယ် ဒုတိယအကြိမ်ထိုင်းကို ရောက်ရှိသွားတဲ့ အောင်သူတစ်ယောက် အောင်မြင်မှုတွေနဲ့ မြန်မာနိုင်ငံကို ပြန် လာပြီး မြန်မာအသင်းကို အောင်မြင်မှုတွေ ပေးဆောင်နိုင်ပါစေ ဆုတောင်းရင်း။…

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode








TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER