Knowledge

အိမ်ရာမဲ့တွေအတွက် အိမ်ငယ်လေးတွေ ကိုယ်တိုင်ဆောက် လှူဒါန်းနေတဲ့ 9 နှစ် သမီးလေး

အသက္ 9 ႏွစ္အရြယ္သာရွိေသးတဲ့ Hailey Fort အမည္ရ ၀ါရွင္တန္သူေလးဟာ အိမ္ရာမဲ့လူဦးေရကုိ စာနာသနားစိတ္ ျဖစ္ၿပီးေနာက္ အိမ္ငယ္ေလးေတြကို ကိုယ္တုိင္ေဆာက္လုပ္ လွဴဒါန္းဖုိ႔ ျပင္ဆင္ေနပါတယ္။ Fort ဟာ ပထဦးဆုံး အိမ္လုပ္ၿပီး လွဴဒါန္းခဲ့သူကေတာ့ Edward အမည္ရ အမ်ိဳးသားႀကီး ျဖစ္ပါတယ္။

သူမဟာ Edward အတြက္ အိမ္ငယ္ေလး ေဆာက္ေပးတဲ့အျပင္ မိခင္ကုိ အစားအစာေကၽြးဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။ ယင္းေနာက္မွာေတာ့ Fort ဟာ သူမတုိ႔ မိသားစုပုိင္ ဟင္းသီးဟင္းရြက္ၿခံထဲမွာ 8×4 ေပ အက်ယ္ရွိတဲ့ အိမ္ငယ္ေလးေတြကို စတင္ေဆာက္လုပ္ခဲ့ပါတယ္။ သူမရဲ႕ လက္ရာဟာ ေသသပ္တဲ့အျပင္၊ ျပဴတင္းေပါက္၊ တံခါးေပါက္ေတြပါ ပါ၀င္ပါတယ္။

Fort က King 5 News ႐ုပ္သံသတင္းဌာနနဲ႔ ေတြ႕ဆုံစဥ္မွာ ” သူတုိ႔တစ္ေတြမွာ လုိအပ္ခ်က္ေတြ အမ်ားႀကီးရွိပါတယ္ .. အားလုံးေသာသူေတြကို ကၽြန္မ အိမ္ေတြမေပးႏုိင္ေပမယ့္ ကၽြန္မ တက္ႏိုင္သေလာက္ေတာ့ ေပးခ်င္ပါတယ္ .. က်မအထင္ကေတာ့ လူတုိင္းမွာ ေနစရာေလးတစ္ခုေတာ့ ရွိသင့္တယ္လုိ႔ ယူဆပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။

Fort ရဲ႕ လုိအင္ဆႏၵေတြကို မိဘေတြက ျဖည့္ဆည္းေပးခဲ့ၿပီး၊ သူမ ေဆာက္ႏုိင္သမွ် အိမ္ေလးေတြကို ဆက္လက္ေဆာက္လုပ္ ေစပါတယ္။ အိမ္တစ္လုံးကို ေဒၚလာ 300 ေလာက္အထိ က်သင့္ၿပီး၊ ပရိေဘာဂစတုိးဆုိင္ေတြကလည္း Fort ကို Discount ေတြ ေပးလုိ႔ ထင္ထားတာထက္ ပုိထိေရာက္ပါတယ္။

Fort က ” သူတုိ႔ကို သိပ္ကို ဆုိး၀ါးလွတဲ့ ရာသီဥတုတုိင္းမွာ စုိစုိစြတ္စြတ္နဲ႔ ေနရတာကို မျမင္ခ်င္ပါဘူး … သူတုိ႔ကုိ ေႏြးေႏြးေထြးေထြး ေနေစခ်င္ပါတယ္ … ဒါက က်မ ဆႏၵပါဘဲ “လုိ႔ ေျပာခဲ့ပါတယ္။ Fort ဟာ လက္ရွိအခ်ိန္မွာ အိမ္ငယ္ေလးေတြကို ဆက္လက္ေဆာက္လုပ္ေနဆဲ ျဖစ္ၿပီး၊ ဆက္လက္လွဴဒါန္းဖုိ႔လည္း ျပင္ဆင္ေနပါတယ္။

Unicode

အိမ်ရာမဲ့တွေအတွက် အိမ်ငယ်လေးတွေ ကိုယ်တိုင်ဆောက် လှူဒါန်းနေတဲ့ 9 နှစ် သမီးလေး

အသက် 9 နှစ်အရွယ်သာရှိသေးတဲ့ Hailey Fort အမည်ရ ဝါရှင်တန်သူလေးဟာ အိမ်ရာမဲ့လူဦးရေကို စာနာသနားစိတ် ဖြစ်ပြီးနောက် အိမ်ငယ်လေးတွေကို ကိုယ်တိုင်ဆောက်လုပ် လှူဒါန်းဖို့ ပြင်ဆင်နေပါတယ်။ Fort ဟာ ပထဦးဆုံး အိမ်လုပ်ပြီး လှူဒါန်းခဲ့သူကတော့ Edward အမည်ရ အမျိုးသားကြီး ဖြစ်ပါတယ်။

သူမဟာ Edward အတွက် အိမ်ငယ်လေး ဆောက်ပေးတဲ့အပြင် မိခင်ကို အစားအစာကျွေးဖို့ တောင်းဆိုခဲ့ပါတယ်။ ယင်းနောက်မှာတော့ Fort ဟာ သူမတို့ မိသားစုပိုင် ဟင်းသီးဟင်းရွက်ခြံထဲမှာ 8×4 ပေ အကျယ်ရှိတဲ့ အိမ်ငယ်လေးတွေကို စတင်ဆောက်လုပ်ခဲ့ပါတယ်။ သူမရဲ့ လက်ရာဟာ သေသပ်တဲ့အပြင်၊ ပြူတင်းပေါက်၊ တံခါးပေါက်တွေပါ ပါဝင်ပါတယ်။

Fort က King 5 News ရုပ်သံသတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ” သူတို့တစ်တွေမှာ လိုအပ်ချက်တွေ အများကြီးရှိပါတယ် .. အားလုံးသောသူတွေကို ကျွန်မ အိမ်တွေမပေးနိုင်ပေမယ့် ကျွန်မ တက်နိုင်သလောက်တော့ ပေးချင်ပါတယ် .. ကျမအထင်ကတော့ လူတိုင်းမှာ နေစရာလေးတစ်ခုတော့ ရှိသင့်တယ်လို့ ယူဆပါတယ် “လို့ ပြောခဲ့ပါတယ်။

Fort ရဲ့ လိုအင်ဆန္ဒတွေကို မိဘတွေက ဖြည့်ဆည်းပေးခဲ့ပြီး၊ သူမ ဆောက်နိုင်သမျှ အိမ်လေးတွေကို ဆက်လက်ဆောက်လုပ် စေပါတယ်။ အိမ်တစ်လုံးကို ဒေါ်လာ 300 လောက်အထိ ကျသင့်ပြီး၊ ပရိဘောဂစတိုးဆိုင်တွေကလည်း Fort ကို Discount တွေ ပေးလို့ ထင်ထားတာထက် ပိုထိရောက်ပါတယ်။

Fort က ” သူတို့ကို သိပ်ကို ဆိုးဝါးလှတဲ့ ရာသီဥတုတိုင်းမှာ စိုစိုစွတ်စွတ်နဲ့ နေရတာကို မမြင်ချင်ပါဘူး … သူတို့ကို နွေးနွေးထွေးထွေး နေစေချင်ပါတယ် … ဒါက ကျမ ဆန္ဒပါဘဲ “လို့ ပြောခဲ့ပါတယ်။ Fort ဟာ လက်ရှိအချိန်မှာ အိမ်ငယ်လေးတွေကို ဆက်လက်ဆောက်လုပ်နေဆဲ ဖြစ်ပြီး၊ ဆက်လက်လှူဒါန်းဖို့လည်း ပြင်ဆင်နေပါတယ်။

Credit-CELE DAILY