Sports

ပုံစံကောင်းတွေပြသပြီး ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်းသက်သေပြခဲ့တဲ့ ဒန်နီရယ်ဂျိန်း

ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းက လိဒ်ယူနိုက်တက်အသင်းကို 6ဂိုး2ဂိုးဆိုတဲ့ ရလဒ်ဖြင့် အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာ အနိုင်ရရှိခဲ့ပါတယ် ပွဲထွက်လူစာရင်းမှာ အချိန်တော်တော်များများ ဝေးကွာခဲ့တဲ့ ကစားသမား တစ်ယောက်ပါ၀င်ခဲ့ပါတယ်။

ထိုကစားသမားကတော့ မနှစ်က ပေါင်15သန်းဖြင့်ရောက်ရှိခဲ့တဲ့ ဒန်နီရယ်ဂျိန်း ဘဲဖြစ်ပါတယ်။ ဂျိန်းကတော့ သူ့နေရာ ဂရင်းဝုဒ် မာတာ တို့ရှိတဲ့အ‌တွက် တတိယ နေရာ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဂျိန်းက ထိုပွဲစဉ်မှာ အသင်းအတွက် အနိုင်ရလဒ်ကို အကျိုးပြုခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ် ထို့ပြင် သွင်းဂိုး တစ်ဂိုးလည်း သွင်းယူခဲ့ပါသေးတယ်ထိုပွဲစဉ်အပြီးမှာ ဒန်နီရယ်ဂျိန်းက “ပထမအစ တစ်မိနစ်ကတည်းက သူတို့တွေကောင်းကောင်းကစားကြလိမ့်မယ်လို့ ကျွန်တော်တို့သိထားခဲ့ပါတယ် ဒါ့ကြောင့် ကျွန်တော်တို့ ပိုပြီးကြိုးစားကစားခဲ့တယ် ပြီးတော့ ဒီနေ့ပွဲမှာ ကျွန်တော်တို့လုပ်ပြနိုင်ခဲ့ပါတယ်။

ဒါကို ကျွန်တော်တို့ဂိုးသွင်းခဲ့တာတွေကိုကြည့်ပြီး ကျွန်တော်တို့ရဲ့စွမ်းဆောင်ချက်ကို ခင်ဗျားတို့မြင်တွေ့နိုင်ပါတယ် အစောပိုင်းကတည်းက ကျွန်တော်တို့ (၃)ဂိုးပြတ်နိုင်ခဲ့တယ် ပြီးတော့ ပထမပိုင်းမပြီးခင်ကတည်းက နောက်တစ်ဂိုးထပ်သွင်းပြီး (၄)ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့တယ်။

အဲ့နောက်မှာတော့ ပထမပိုင်းမပြီးခင်လေးမှာ သူတို့ဂိုးသွင်းနိုင်ခဲ့ပြီး ဒီဂိုးက သူတို့ကို နည်းနည်းစိတ်အား တက်စေခဲ့ပါတယ် ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့က စားပုံကို ပထမပိုင်းကလိုပဲ ကစားဖို့အတွက် လုပ်ခဲ့ပါတယ် ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် အရမ်းကိုကျေနပ်မိပြီး ထရိန်နင်တွေမှာ လေ့ကျင့်ခဲ့သလိုမျိုး ကျွန်တော်တို့လုပ်ပြနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့သက်တောင့်သက်သာနဲ့ ဦးဆောင်နိုင်ခဲ့တယ် ဒီနေ့ပွဲက ခက်ခဲမယ်ဆိုတာကို ကျွန်တော်တို့သိခဲ့ပြီး ကျွန်တော်တို့အားလုံး ကောင်းမွန်စွာကစားနိုင်ခဲ့တယ်လို့ ထင်မြင်မိပါတယ်။” ဆိုပြီး ပြောခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER