International News

အကြောသေနေတဲ့ချစ်သူကို အကြင်နာတွေမပျက် လက်ထပ်ခဲ့တဲ့ မိန်းမချောလေး







Unicode

အကြောသေနေတဲ့ချစ်သူကို အကြင်နာတွေမပျက် လက်ထပ်ခဲ့တဲ့ မိန်းမချောလေး

အချစ်စစ်ကို ပိုင်ဆိုင်ထားတဲ့ သူတွေမှာ လက်တွဲဖော်က ဘယ်လောက်ပဲ နိမ့်ပါးနေပါစေ ရဲရဲဝင့်ဝင့် လက်တွဲရဲတဲ့ သတ္တမျိုးကို ပိုင်ဆိုင်ထားကြပါတယ်။ ဆရာဝန်ကြီး၊ စစ်ဗိုလ်ကြီး၊ အင်ဂျင်နီယာကြီးဖြစ်နေမှရယ် မဟုတ်ပါဘူး။ ချစ်သူရဲ့ ဘာဖြစ်ဖြစ်ဆိုတဲ့ အခြေနေကို ကျေကျေနပ်နပ် လက်ခံပေးကြပါတယ်။

အခုလည်း မိန်းမလှလေး Angela နဲ့ ခုတင်ပေါ်မှာသာ ပက်လက်လှဲနေရတဲ့ Christian တို့ရဲ့ လက်ထပ်ပွဲဟာ ဖိလစ်ပိုင် ပြည်သူတွေကြားမှာ ကောင်းချီးသြဘာသံတွေ ပွက်လောညံစေခဲ့တဲ့ လက်ထပ်ပွဲပါ။ Christian ဟာ Angela နဲ့ မတွေ့ဆုံခင်ကတည်းက အကြောသေဒုက္ခိတ သမားလေး ဖြစ်ပါတယ်။

Angela ဟာ ခင်ပွန်းလောင်းက Christian ကို တွေ့တွေ့ချင်းမှာပဲ သနားချစ်နဲ့ မေတ္တာဇာတ်လမ်း စခဲ့သူပါ။ နောက်ဆုံးမှာ တွယ်ရာမဲ့နေတဲ့ Christian ရဲ့ ဘဝထဲကို လုံးလုံးလျှားလျှားဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကြောင်းကတော့ သူမက Christian ကို ထာဝရ အကြွင်းမဲ့ ချစ်ခြင်းနဲ့ ချစ်လို့ပါဘဲ။

သူတို့ရဲ့ လက်ထပ်ပွဲဟာ သိမ်ငယ်မှု မရှိခဲ့ပါဘူး။ သတို့သား သတို့သမီးတို့ရဲ့ ဆွေမျိုးတွေ အားလုံးလာရောက် ချီးမြင့်ခဲ့ကြ ပါတယ်။ တစ်ချို့က ချစ်သူနှစ်ဦးရဲ့ခိုင်မာတဲ့ သံယောဇဉ်ကို မြင်ရတော့ ဝမ်းသာမျက်ရည် လည်ကြပါတယ်။ သူတို့ရဲ့ Facebook မှာလည်း သူတို့ပြောထားတဲ့ အမှတ်တရစကားတွေကို လူတွေက အလွန်သဘောကျနေကြပါတယ်။

Christian က ” Angela ရေ … မင်းငါ့ကို မထားခဲ့ပါနဲ့ ဘာဖြစ်ဖြစ် မထားခဲ့ဖို့ တောင်းပန်ပါတယ် .. မင်းထားခဲ့ရင် ငါ နောက်က လိုက်လာနိုင်မှာ မဟုတ်ဘူးလေ .. ဘာဖြစ်ဖြစ် ငါ့ဘေးမှာ နေပေးပါ .. ငါတို့ချင်း နားလည်မှု လွဲတဲ့အခါ ငါ့ကို ထွက်သွားမှာလား မမေးပါနဲ့ .. ငါ ထွက်မသွားပါဘူး .. ငါမှ မရပ်နိုင်ဘဲ “လို့ ပြောခဲ့ပါတယ်။

Angela က ” ဘုရားသခင်ဆီမှာ ကျွန်မ တောင်းတဲ့ဆုက တစ်ဆုပဲရှိပါတယ် .. ဒါကတော့ ကျွန်မကို တကယ်ချစ်တဲ့သူနဲ့ ဆုံပါရစေပေါ့ .. သူ့ကို ကျွန်မ မရှာဖွေပါဘူး .. ဆုံမှတ်တစ်နေရာကနေ စောင့်နေခဲ့တာပါ .. အဲဒီနေ့ တကယ်ရောက်လာ ခဲ့ပါပြီ… သူ့ကို ကျွန်မ လက်လွတ်မခံပါဘူး “လို့ ပြောခဲ့ပါတယ်။

Credit-CELE DAILY