Sports

ယူနိုက်တက်နှင့် အဲဗာတန်တို့ရယ့် ခါ‌ရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ကျွန်တော်တို့ ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ 24 ရက်နေ့ ကြာသာပတေးနေ့မနက် ဗုဒ္ဓဟူးည 2 နာရီခွဲအချိန်မှာ အဲဗာတန်အသင်း နဲ့ ခါရာဘောင်ဖလားပြိုင်ပွဲ ကွားတားဖိုင်နယ်ယှဉ်ပြိုင်ကြမှာဘဲ‌ဖြစ်ပါတယ်။

ဒီညမှာတော့ စတုတ်အသင်းနဲ့ စပါးပွဲစဉ်လည်းရှိပါတယ်။ နို၀င်ဘာ7ရက်နေ့က ပရီးမီးယားလိဒ်ပွဲစဉ်မှာ အဲဗာတန်အသင်း အိမ်ကွင်းမှာ ယူနိုက်တက်တို့ 3ဂိုး1ဂိုးဖြင့် အနိုင်ရထားတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရယ့် လူစာရင်းမှာတော့ တော်မီနေးနဲ့ ဘစ်ဆာကာ‌တို့ကတော့ ဒဏ်ရာရရှိတဲ့ အတွက် လွှဲချော်မယ့် အနေအထားမှာ ရှိပါတယ် အဲဗာတန်ကတော့ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဒ်ပရီးမီးယားလိဒ်ပွဲစဥ် တွေမှာ အာဆင်နယ် လက်စတာ ချယ်လ်ဆီးတို့ကို အနိုင်ယူထားတာဖြစ်တဲ့ အတွက် ခြေစွမ်းပိုင်းကတော့ ကောင်းမွန်လျက်ရှိပါတယ်။

ယူနိုက်တက်ကလည်း လိဒ်အသင်းကိုဂိုးပြတ်နိုင်ပြီး ခြေစွမ်းကောင်း‌မွန်တဲ့ အခြေအနေမှာ ရှိပါတယ် ယူနိုက်တက်တို့ကတော့ 26ရက်နေ့မှာ လက်စတာနဲ့ ပွဲစဉ်ရှိတဲ့အတွက် ပွဲကြပ်အနေအထားမှာ ရှိနေပါတယ် ချန်ပီရံလိဒ်ကထွက်ရပြီးနောက်ပိုင်း တခြားပွဲတွေမှာ အား စိုက်ဖို့ လိုလာတဲ့အတွက် အလေးထားကစားသွားဖို့လည်း လိုအပ်နေပါတယ်။

အဲဗာတန်အသင်းကလည်း ‌ပရီးမီးယားလိဒ်မှာ ယူနိုက်တက်ကို ရှုံးနိမ့်ထားတဲ့ အတွက် ဒီပွဲစဉ်ဟာ အပြိုင်အဆိုင် ပြင်းထန်အုံးမယ့် ပွံစဉ်ဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER