Sports

နောက်ကျသွင်းဂိုးတွေနဲ့ အဲဗာတန်ကို အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်တို့ရယ့် ပွဲပြီးသုံးသပ်ချက်

ကျွန်တော်တို့ ယူနိုက်တက်အသင်းဟာ ညက ယှဉ် ပြိုင်သွားတဲ့ ခါရာဘောင်ကပ် ကွာတားဖိုင်နယ် အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ နောက်ကျသွင်းဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီဘဲဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အင်္ဂလန်ကလပ်အသင်းများအားပြိုင်ပွဲစုံ အဝေးကွင်း ၁၃ ပွဲဆက်အနိုင်ရခြင်းဖြစ်ပြီး အသင်းသမိုင်းတလျှောက်ပထမဦးဆုံးလည်းဖြစ်ခဲ့ပါတယ်။ ယခုပွဲစဉ်အစပိုင်းမှာ ယူနိုက်တက်တို့ ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးတွေ မရရှိခဲ့ပေ။

ဂရင်းဝုဒ်ရယ့် ခေါင်းတိုက်ချက်တွေ ကာဗာနီ နှစ်ကြိမ်ဆက်တိုက် ကန်သွင်းမှုကို အဲဗာတန် ဂိုးသမားလက်စွမ်းပြမှုတွေက ယူနိုက်တက်အတွက် ဂိုးရဖို့ ဝေးကွာခဲ့ပါတယ်။

အဲဗာတန်ရယ့် တန်ပြန်တိုက်စစ်တွေကို ယူနိုက်တက်ခံစစ်က မာကြောကျစ်လစ်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမိနစ် 60အကြော်မှာ ရက်ဖို့ဒ်နဲ့ မာရှယ်တို့ လူစား၀င်ခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်ပိုမိုမြန်လာပြီး ပြိုင်ဘက်ကို ဒုက္ခပေးလာနိုင်ပါတယ်။ အဲဗာတန်အသင်းကတော့ ရစ်ချာလီဆန်ထွက်ပြီးနောက်ပိုင်း တိုက်စစ်က အသက်မဲ့ခဲ့ပါတယ်။

ပွဲချိန်88 မိနစ်အရောက်မှာတော့ မာရှယ်ရယ့်ပေးပို့မှုကနေ ကာဗာနီသွင်းယူခဲ့ပြီး ယူနိုက်တက်တို့ အဖွင့်ဂိုးရရှိခဲ့ပါတယ် အဲဗာတန်တို့ တစ်ချိန်လုံးထိန်းလာပြီးမှ ပွဲပြီးခါနီသွင်းဂိုးကြောင့် တပ်ပျက်ခဲ့ရပြီး ရက်ဖို့ဒ်ရယ့် ဖန်တီးပေးမှုမှ မာရှယ် က အနိုင်ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။

ခံစစ်ရယ်ကျစ်လစ်မှု၊ ကွင်းလယ်အားကောင်းမှု၊ ကာဗာနီနဲ့ မာရှယ်တို့ရယ့် သွင်းဂိုးတေနဲ့အတူ ဆီမီးဖိုင်နယ်သို့ တက်လှမ်းခဲ့ရတာဘဲဖြစ်ပါတယ်။ ဇန်နဝါရီလ 4ရက်နေ့ မန်စီးတီးနဲ့ ဆီးမီးဖိုင်နယ် ယှဉ်ပြိုင်ရမှာဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode








TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER