(၁၉)နှစ်ကြာအောင် ပေါင်းသင်းပြီးမှ ဇနီးဖြစ်သူဟာ မိန်းမအစစ်မဟုတ်ကြောင်း သိလိုက်ရသူ

Jan လို႔ေခၚတဲ့ ဘယ္လ္ဂ်ီယံအမ်ိဳးသားတစ္ဦးဟာ Monica ဆိုတဲ့အင္ဒိုနီးရွားအမ်ိဳးသမီးတစ္ဦးနဲ႔(၁၉၉၃)ခုႏွစ္က လက္ထပ္ခဲ့ပါတယ္။ဘယ္လ္ဂ်ီယံ လူ၀င္မႈႀကီးၾကပ္ေရးအာဏာပိုင္ေတြေၾကာင့္ သူတို႔ႏွစ္ဦးလက္ထပ္ေရးမွာ အခက္အခဲေတြရွိခဲ့ေပမယ့္လည္း အဲ့ဒီၾကားထဲက ရေအာင္လက္ထပ္ခဲ့တာပါ။ဒါေပမယ့္လည္း သူတို႔ႏွစ္ဦးအၾကား ယံုၾကည္မႈၿပိဳကြဲေစမယ့္ ျဖစ္ရပ္တစ္ခုေပၚေပါက္လာခဲ့ပါတယ္။အဲ့ဒါကေတာ့ Jan လက္ထပ္ထားတဲ့ အမ်ိဳးသမီးဟာ မိန္းမအစစ္မဟုတ္ဘူးဆိုတဲ့ (၁၉)ႏွစ္ၾကာမွေပၚေပါက္ခ့ဲတဲ့ အမွန္တရားေၾကာင့္ပါ။

ကိုယ္ထိလက္ေရာက္ ေစာ္ကားက်ဴးလြန္ခံလိုက္ရသလို ခံစားရတယ္။ကၽြန္ေတာ့္သူ႔ကို ဘယ္လ္ဂ်ီယံကို လြယ္လြယ္ ကူကူ ေခၚလာခဲ့ရတာမဟုတ္ဘူး။သူမနဲ႔ပတ္သက္ၿပီးတရားရံုးရဲ႕ ႏႈိက္ႏႈိက္ခၽြတ္စစ္ေဆးမႈေတြကို ခံခဲ့ရတယ္။ဒါေပ မယ့္ ေနာက္ဆံုးေတာ့ လက္ခံေပးခဲ့ပါတယ္။သူမဟာ တကယ့္ကိုစြဲေဆာင္မႈရွိတဲ့ မိန္းမတစ္ေယာက္။ အလံုးစံုမိန္း မပဲ။ေယာက္်ားဆိုတဲ့ ပံုစံလကၡဏာမ်ိဳး လံုး၀ကိုမရွိခဲ့တဲ့သူပါ။သူမက မိန္းမအစစ္မဟုတ္တဲ့အေၾကာင္းကို အိပ္ယာေပၚ မွာေတာင္မွ ကၽြန္ေတာ္သတိမထားမိခဲ့ဘူးလို႔ Jan ကေျပာပါတယ္။

Monica တစ္ေယာက္ အခ်ိန္ျပည့္အလုပ္ရလာၿပီးတဲ့ေနာက္ပိုင္းမွာပဲ သူတို႔ႏွစ္ဦးရဲ႕ လက္ထပ္ျခင္းဟာ စၿပီးၿပိဳကြဲလာခဲ့ပါ တယ္။သူမဟာ Jan ရဲ႕ကေလးေတြအတြက္ အစ္မႀကီးတစ္ေယာက္လို ျဖစ္လာခဲ့ၿပီး၊သူမနဲ႔ပတ္သက္တဲ့ ထူးျခားမႈေတြကို သတိထားမိေလာက္တ့ဲအထိ အရမ္းရင္းႏွီးတဲ့ ဆက္ဆံေရးျဖစ္ခဲ့ပါတယ္။

“Monica ကစၿပီးေျပာင္းလဲလာတယ္။ သားအႀကီးေကာင္က သူ႔ကို ႏိုက္ကလပ္မွာ မၾကာခဏေတြ႔မိတယ္ေျပာတယ္။ အျမင္ရိုင္းတဲ့ အတိုအျပတ္ေတြကို သူ၀တ္လာတယ္။ဒါေၾကာင့္ပဲ ဒီကိစၥဘူးေပၚသလိုေပၚခဲ့ရတာပါ။ သူငယ္ခ်င္းတစ္ေယာက္ က ကၽြန္ေတာ့္ကို လာေျပာတယ္ Monica က လိင္ေျပာင္းထားတဲ့သူတဲ့။ကၽြန္ေတာ္မယံုႏိုင္ခဲ့ဘူး။သားကလည္းဒီေကာလ ဟလအေၾကာင္းကို ကၽြန္ေတာ့္ကိုေျပာျပတယ္။သူ႔ကိုနံရံဆြဲကပ္လိုက္ၿပီး မင္းကေယာက်္းမဟုတ္လား ငါအမွန္တရားကို သိတယ္ လို႔ ေျပာလိုက္တယ္။အဲ့ဒီမွာပဲ သူက သူဟာေယာက္်ားအျဖစ္ ေမြးဖြားခဲ့သူျဖစ္ၿပီး၊လိင္ေျပာင္း ခြဲစိတ္ထားတဲ့သူျဖစ္ တဲ့အေၾကာင္း၊အခုလက္ရွိမွာေတာ့ မိန္းမတစ္ေယာက္ျဖစ္တာေၾကာင့္ အတိတ္ေတြကို ျပန္ေျပာဖို႔မလိုဘူးလို႔ျပန္ေျဖခဲ့တယ္။ ကၽြန္ေတ္ာ့ကမၻာႀကီး ၿပိဳပ်က္သြားတာပဲ။အ့ဲဒီေန႔က အႀကီးအက်ယ္ ေပါက္ကြဲခဲ့တယ္။ရဲေတြ ေရာက္လာရတဲ့အထိပဲ လို႔ ”Jan က ဖြင့္ဟခဲ့ပါတယ္။

Jan မွာ အရင္အိမ္ေထာင္နဲ႔ကေလးႏွစ္ေယာက္ရွိပါတယ္။ဒါေၾကာင့္လည္း အသက္(၆၄)ႏွစ္အရြယ္ Jan နဲ႔ အသက္(၄၈)ႏွစ္အရြယ္ဇနီးျဖစ္သူ Monica တုိ႔ဟာ ကေလးထပ္မယူဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။အခုဆိုရင္ေတာ့ Jan ဟာစိတ္က်န္းမာေရးကုသမႈခံယူေနရၿပီး၊လက္ထပ္ခဲ့တာကို ဘယ္လ္ဂ်ီယံတရားရံုးကေန ပယ္ဖ်က္ဖို႔ ႀကိဳးစားခဲ့ပါ တယ္။ဒါေပမယ့္လည္း ဒီကိစၥကို တရားရံုးက ျငင္းဆိုခဲ့ၿပီး၊Monica ကိုသူမရဲ႕ ဇာတိကိုျပန္ပို႔မယ့္ ကိစၥကိုလည္း ခြင့္မျပဳခဲ့ဘူးလို႔သိရပါတယ္။

Unicode

(၁၉)နှစ်ကြာအောင် ပေါင်းသင်းပြီးမှ ဇနီးဖြစ်သူဟာ မိန်းမအစစ်မဟုတ်ကြောင်း သိလိုက်ရသူ

Jan လို့ခေါ်တဲ့ ဘယ်လ်ဂျီယံအမျိုးသားတစ်ဦးဟာ Monica ဆိုတဲ့အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးနဲ့(၁၉၉၃)ခုနှစ်က လက်ထပ်ခဲ့ပါတယ်။ဘယ်လ်ဂျီယံ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေကြောင့် သူတို့နှစ်ဦးလက်ထပ်ရေးမှာ အခက်အခဲတွေရှိခဲ့ပေမယ့်လည်း အဲ့ဒီကြားထဲက ရအောင်လက်ထပ်ခဲ့တာပါ။ဒါပေမယ့်လည်း သူတို့နှစ်ဦးအကြား ယုံကြည်မှုပြိုကွဲစေမယ့် ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့ Jan လက်ထပ်ထားတဲ့ အမျိုးသမီးဟာ မိန်းမအစစ်မဟုတ်ဘူးဆိုတဲ့ (၁၉)နှစ်ကြာမှပေါ်ပေါက်ခဲ့တဲ့ အမှန်တရားကြောင့်ပါ။

ကိုယ်ထိလက်ရောက် စော်ကားကျူးလွန်ခံလိုက်ရသလို ခံစားရတယ်။ကျွန်တော့်သူ့ကို ဘယ်လ်ဂျီယံကို လွယ်လွယ် ကူကူ ခေါ်လာခဲ့ရတာမဟုတ်ဘူး။သူမနဲ့ပတ်သက်ပြီးတရားရုံးရဲ့ နှိုက်နှိုက်ချွတ်စစ်ဆေးမှုတွေကို ခံခဲ့ရတယ်။ဒါပေ မယ့် နောက်ဆုံးတော့ လက်ခံပေးခဲ့ပါတယ်။သူမဟာ တကယ့်ကိုစွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်။ အလုံးစုံမိန်း မပဲ။ယောက်ျားဆိုတဲ့ ပုံစံလက္ခဏာမျိုး လုံးဝကိုမရှိခဲ့တဲ့သူပါ။သူမက မိန်းမအစစ်မဟုတ်တဲ့အကြောင်းကို အိပ်ယာပေါ် မှာတောင်မှ ကျွန်တော်သတိမထားမိခဲ့ဘူးလို့ Jan ကပြောပါတယ်။

Monica တစ်ယောက် အချိန်ပြည့်အလုပ်ရလာပြီးတဲ့နောက်ပိုင်းမှာပဲ သူတို့နှစ်ဦးရဲ့ လက်ထပ်ခြင်းဟာ စပြီးပြိုကွဲလာခဲ့ပါ တယ်။သူမဟာ Jan ရဲ့ကလေးတွေအတွက် အစ်မကြီးတစ်ယောက်လို ဖြစ်လာခဲ့ပြီး၊သူမနဲ့ပတ်သက်တဲ့ ထူးခြားမှုတွေကို သတိထားမိလောက်တဲ့အထိ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးဖြစ်ခဲ့ပါတယ်။

“Monica ကစပြီးပြောင်းလဲလာတယ်။ သားအကြီးကောင်က သူ့ကို နိုက်ကလပ်မှာ မကြာခဏတွေ့မိတယ်ပြောတယ်။ အမြင်ရိုင်းတဲ့ အတိုအပြတ်တွေကို သူဝတ်လာတယ်။ဒါကြောင့်ပဲ ဒီကိစ္စဘူးပေါ်သလိုပေါ်ခဲ့ရတာပါ။ သူငယ်ချင်းတစ်ယောက် က ကျွန်တော့်ကို လာပြောတယ် Monica က လိင်ပြောင်းထားတဲ့သူတဲ့။ကျွန်တော်မယုံနိုင်ခဲ့ဘူး။သားကလည်းဒီကောလ ဟလအကြောင်းကို ကျွန်တော့်ကိုပြောပြတယ်။သူ့ကိုနံရံဆွဲကပ်လိုက်ပြီး မင်းကယောကျ်းမဟုတ်လား ငါအမှန်တရားကို သိတယ် လို့ ပြောလိုက်တယ်။အဲ့ဒီမှာပဲ သူက သူဟာယောက်ျားအဖြစ် မွေးဖွားခဲ့သူဖြစ်ပြီး၊လိင်ပြောင်း ခွဲစိတ်ထားတဲ့သူဖြစ် တဲ့အကြောင်း၊အခုလက်ရှိမှာတော့ မိန်းမတစ်ယောက်ဖြစ်တာကြောင့် အတိတ်တွေကို ပြန်ပြောဖို့မလိုဘူးလို့ပြန်ဖြေခဲ့တယ်။ ကျွန်တေ်ာ့ကမ္ဘာကြီး ပြိုပျက်သွားတာပဲ။အဲ့ဒီနေ့က အကြီးအကျယ် ပေါက်ကွဲခဲ့တယ်။ရဲတွေ ရောက်လာရတဲ့အထိပဲ လို့ ”Jan က ဖွင့်ဟခဲ့ပါတယ်။

Jan မှာ အရင်အိမ်ထောင်နဲ့ကလေးနှစ်ယောက်ရှိပါတယ်။ဒါကြောင့်လည်း အသက်(၆၄)နှစ်အရွယ် Jan နဲ့ အသက်(၄၈)နှစ်အရွယ်ဇနီးဖြစ်သူ Monica တို့ဟာ ကလေးထပ်မယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အခုဆိုရင်တော့ Jan ဟာစိတ်ကျန်းမာရေးကုသမှုခံယူနေရပြီး၊လက်ထပ်ခဲ့တာကို ဘယ်လ်ဂျီယံတရားရုံးကနေ ပယ်ဖျက်ဖို့ ကြိုးစားခဲ့ပါ တယ်။ဒါပေမယ့်လည်း ဒီကိစ္စကို တရားရုံးက ငြင်းဆိုခဲ့ပြီး၊Monica ကိုသူမရဲ့ ဇာတိကိုပြန်ပို့မယ့် ကိစ္စကိုလည်း ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။

Credit-CELE DAILY