Sports

ယူနိုက်တက်အတွက် ဆုဖလားကိုင်မြောက်ဖို့ ကြိုးစားသွားမယ်ပြောခဲ့တဲ့ နောက်ခံလူ တွမ်ဇမ်ဘီ

ယူနိုက်တက်အသင်းဟာ ကာရာဘောင်ကပ် ကွာတားဖိုင်နယ်မှာ အဲဗာတန်အသင်းကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ် ယူနိုက်တက်ဟာအသင်းလူစာရင်းမှာ ဘစ်ဆာကာ ဒဏ်ရာရတဲ့ အတွက် တွမ်ဇမ်ဘီဟာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

တွမ်ဇမ်ဘီဟာ ကာရာဘောင်ကပ်မှာ မန်စီးတီးနှင့် ဆီမီးဖိုင်နယ်မှာတွေ့ဖို့ရှိပြီး ယူနိုက်တက်တို့ ကြော်ဖြတ်နိုင်မယ်လို့ ယုံကြည်ကြောင်းကို ပြောဆိုခဲ့ပါတယ် ထို့အပြင် အသင်းအတွက် ဖလားတစ်ခုခုရယူဖို့ ကြိုးစားသွားမယ့် မကြောင်းကို ပြောခဲ့ပါတယ်။

တွမ်ဇမ်ဘီက ကိုယ့်ရဲ့အသင်း ဆီမီးဖိုင်နယ်အဆင့်ကိုရောက်ရှိတာ သတင်းကောင်းတစ်ခုပါ အကြောင်းကတော့ ကျွန်တော် တို့တွေသာမန်စီးတီးအသင်းကိုအနိုင်ကစားနိုင်ရင် ဗိုလ်လုပွဲကိုတက်ရောက်ပြီး ဆုဖလားကိုင်မြောက်နိုင်ဖို့ အခွင့်အရေးတွေရှိလာလိမ့်မယ်။

ဗိုလ်လုပွဲကိုရောက်ရှိတဲ့ အချိန်ခင်ဗျာဆီမှာ အမှန်တကယ်ကိုယုံကြည်မှုတွေရှိနေ လိမ့်မယ် မကြာသေခင်းတုန်းက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပွဲစဥ်မှာ ခက်ခဲမှုတစ်ချို့တွေတော့ရှိခဲ့ပါတယ် သူတို့က ဘောလုံးကိုကောင်းကောင်းကစားနိုင်ကြတယ်။

ကျွန်တော်တို့အနေနဲ့သူတို့ကို အနိုင်ကစားမယ်လို့မျှော် လင့်ထားရင် အဲ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်သွားရပါမယ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ကျွန်တော်တို့မှာစိတ် ပျက်စရာတွေနဲ့ ကြုံခဲ့ရတယ် ဒါနဲ့ ကျွန်တော်တို့အသင်း သားတွေက တစ်ချို့သောဆုဖလားတွေကို ကိုင်မြောက် ချင်ပါတယ်။

ကျွန်တော်တို့ ဆုဖလားတွေကို မကိုင်မြောက်ရတာ (3)ရာသီတောင်ရှိခဲ့ပြီးဖြစ်တယ် ဒါကြောင့်မို့ ဒီနှစ်ဘောလုံးရာသီမှာတော့ အသင်းအတွက်ဆုဖလားတစ်ခုခုကို အောင်မြင်ချင်ပါတယ် ကျွန်တော်တို့က ဆုဖလားတွေကို ကိုင်မြောက်ချင်တယ်။

ဒါနဲ့ ဆုဖလားတွေ ကိုင်မြောက်ဖို့ကျွန်တော်တို့အနားဆီ အခွင့်အရေးတွေလာပေမယ့် ကျွန်တော်တို့က ဒီအခွင့် အရေးတွေကို အရ မယူနိုင်ခဲ့ဘူး အခု ​ဆုဖလားတွေ ကိုင်မြောက်သွားဖို့ ကျွန်တော်တို့ကြိုးစားရမယ် ကျွန်တာ်တို့ ကိုယ့်အပေါ် ယုံကြည်မှုရှိကြပါတယ်။

အထူး သဖြင့် အဲဗာတန် နဲ့ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးကစား နိုင်ခဲ့တယ် ဒါနဲ့ ကျွန်တော်တို့ရဲ့နိုင်ပွဲအရှိန်ကို ဒီပွဲမှာပြန်ပြီးပြသနိုင်ခဲ့သေးတယ်ကျွန်တော်တို့ မိနစ်(90)စလုံးကို အကောင်းဆုံးကစားခဲ့တယ် အရေးကြီးတာက နောက်တစ်ဆင့်ကိုတက်လှမ်းဖို့ပဲ ရှေ့တန်းနေရာတွေ အထိ ကျွန်တော့်ဘက်က ကူညီခွင့်ရလို့ကောင်းပါတယ်။

ကလေးဘဝမှာ ဘယ်သူမဆို ဘောလုံးကစားရင်ရှေ့တန်းကနေပဲ ကစားချင်ကြပါတယ် ဒီနေ့ပွဲမှာတစ်ချက်ချက် ရှေ့တက်ပြီး ကစားပေမယ့် ​နေရာလွတ်တွေက မရှိ သလောက်နည်းပါးခဲ့တယ် ကျွန်တော်အခုဒဏ်ရာကနေ လုံးဝကိုသက်သာလာပြီး ဖြစ်တယ် အခုလက်ရှိ ကျွန်တော့်အတွက်အရေးကြီးဆုံးအာရုံစိုက်ရမှာ​က တည်ငြိမ်မှုတွေရှိနေဖို့ပဲ ဖြစ်တယ်။

ခရစ္စမတ်ကာလမှာဆိုတော့ ဘောလုံးပွဲတွေအများကြီးပဲ ရှိကြတယ် အရေးကြီးတာ က ကြံ့ခိုင်မှုပြည့်အောင်နေ ဖို့နဲ့ ကစားတဲ့အခါ အသင့်ဖြစ်နေဖို့ပဲ ဖြစ်တယ် ပွဲစဥ်တစ်ပွဲကစားရဖို့က အခုလက်ရှိမှာ မြန်ပေမယ့် ကျွန်တော်တို့ ဘက်က အကောင်းဆုံးကစားဖို့ပဲလိုအပ်ပါတယ် အထူး သဖြင့်ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ရ ကတည်းက အသင်းသားတွေရဲ့စိတ်ဓာတ်ဟာအရင်က ထက်ပိုပြီးမာကျောလာခဲ့တယ်။

အတိတ်က ကိစ္စကို အတိတ်မှာပဲထားပြီးလက်ရှိလာမယ့် ပွဲတွေအတွက် အကောင်းဆုံးပြင်ဆင်သွားမှာပါအသင်းသားတိုင်း လေ့ကျင့်ခန်းအစီအစဥ်မှာ ပြင်း ပြင်းထန်ထန်လေ့ကျင့် ကြပါတယ် တစ်ချို့ကစား သမားတွေက အများကြီး ပါဝင်ကစားခွင့်မရကြဘူး ဒါပေမယ့် ကျွန်တော်တို့ အလုပ်ကိုအကောင်းဆုံးဖြစ်နေဖို့ အမြဲတမ်းကြိုးစားမှာ ပါ ဆိုပြီး ပြောကြားခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode












TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER