International News

Gamer တို့ရဲ့အိပ်ယာထချိန်ကနေ အိပ်ပျော်သွားချိန်ထိ အကုန်တာဝန်ယူပေးမယ့် အိပ်ယာကုတင်ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ကုမ္ပဏီ



1

2

3

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ဂျပန်နိုင်ငံရှိ Bauhuette အမည်ရှိတဲ့ပရိဘောဂကုမ္ပဏီတစ်ခုက အိပ်ရာထချိန်မှစပြီး အိပ်ပျော်သွားတဲ့အချိန်ထိ မရှိမဖြစ်လိုအပ်တဲ့ဂိမ်းပစ္စည်းများအားထောက်ပံ့ပေးသလို ဂိမ်းအား စိန်ပြေနပြေကစားခွင့်ပေးမယ့်အိပ်ယာကုတင်ကို မကြာသေးခင်က စတင်မိတ်ဆက်ပေးခဲ့ပါတယ်။အိပ်ယာပေါ်မှာအခြေခံထားတဲ့ မော်နီတာဖန်သားပြင်နှစ်ခု၊ သင်ရဲ့ CPU အတွက် အဆင့်ပါတဲ့ဗီရိုများအပြင် အစားအစာ၊ မုန့်ပဲသရေစာများ နှင့် သောက်စရာများ ထည့်နိုင်တဲ့စင် နှင့် သင့်အတွက် သေးငယ်တဲ့မျက်နှာပြင်လိုအပ်လာတဲ့အခါတိုင်း သင့်ရဲ့ဦးခေါင်းထက်မျက်နှာပြင်မြင့်တက်လာနိုင်မယ့် ကိရိယာပါ တပ်ဆင်ပေးထားပါတယ်။အဆိုပါကုမ္ပဏီကသင် ရေချိုးချိန်မှသာ ထသွားဖို့လိုအပ်တဲ့တစ်ခုတည်းသော ဂိမ်းအိပ်ယာ ဒီဇိုင်းကို ဖန်တီးပြုလုပ်ထားပါတယ်။

ဒီ Gaming-bed ရဲ့ဈေးနှုန်းက ယန်း ၁၂၆,၃၀၀ (၁၇ သိန်း ဝန်းကျင်) ရှိပြီး gamer တွေအားလုံးအတွက် အထူးအဆင်ပြေပြီး အလိုအပ်ဆုံးအရာဖြစ်စေပါတယ်။ကုမ္ပဏီရဲ့ website မှာ ဖော်ပြထားတဲ့အတိုင်း Gaming-bed က မွေ့ရာမှ သင့်စားပွဲခုံဆီသို့ သွားရန်လိုတဲ့အခက်အခဲများကို ဖြေရှင်းပေးပါတယ်။ဘယ်လောက်တောင် အဆင်ပြေလိုက်မလဲဗျာ။သူတို့ရဲ့ ဖန်တီးမှုအတွေးအခေါ်၊တီထွင်မှုများနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံက ကျွန်တော်တို့ကို ဘယ်တော့မှ ရိုးအီသွားစေမှာ မဟုတ်ပါဘူး။ဒါကကော gamer စာဖတ်သူတို့ရဲ့အိမ်မက်အိပ်ယာ ဟုတ်မဟုတ်ကိုလည်း မှတ်ချက်ပေးခဲ့ကြပါအုံးဗျာ။

Mia (Mckzone Daily)