Sports

အဆင့်နှစ်နေရာအတွက် လက်စတာကို တိုက်ပွဲ၀င်ကြရမယ့် ယူနိုက်တက်

ကျွန်တော်တို့ရယ့် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဒ်ပွဲစဉ် ၁၅အဖြစ် ဒီဇင်ဘာလ ၂၆ရက် ည ၇ နာရီအချိန်မှာ လက်စတာအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဘဲဖြစ်ပါတယ်။

နှစ်သင်းလုံးရယ့် ခြေစွမ်းတွေဟာ ကောင်းမွန်ပြီး ကြည့်ကောင်းမယ့် ပွဲတစ်ပွဲပါ လက်စတာက ရမှတ်၂၇မှတ် ဖြင့် အဆင့်၂မှာ ရပ်တည်နေပြီး ယူနိုက်တက်ကတော့ အဆင့်၃နေရာမှာ ရမှတ်၂၆မှတ်ဖြင့် တစ်မှတ်သာကွာခြားပါတယ်။

နှစ်သင်းလုံးရယ့် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲပါ မနှစ်က ရာသီမှာ ယူနိုက်တက်တို့က လက်စ‌တာကို နှစ်ကြော့လုံးအနိုင်ရထားတဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားပါတယ် လက်စတာက ပြီးခဲ့တဲ့ပွဲစဉ်မှာ စပါးအသင်းကို ၂ဂိုး သုညဖြင့် အနိုင်ရရှိထားပါတယ်။

ယူနိုက်တက်ကတော့ စိတ်ဓာတ်အမြင့်ဆုံးအခြေအနေမှာရှိပြီး လိဒ်ကို ဂိုးပြတ်နိုင်ထားပြီး အဲဗာတန်ကို ခြေစွမ်းအသာဖြင့် ခါရာဘောင်မှာ အနိုင်ရရှိခဲ့ပါတယ်လက်စတာရယ့် အဓိက တိုက်စစ်မှုး ဗာဒီကတော့ ဒဏ်ရာပြသနာကြောင့် ပါ၀င်ဖို့ မပါ၀င်ဖို့ စောင်ကြည့်ရမယ့်အခြေအနေပါ။

ယူနိုက်တက်တို့ကလည်း နောက်ခံလူ ဘစ်ဆာကာ နဲ့ ကွင်းလယ်လူ တော်မီနေးတို့ ဒဏ်ရာပြဿနာနဲ့ပါ ယူနိုက်တက်ရယ့် အဝေးကွင်းစံချိန်ကောင်းတွေကတော့ မေ့ထားလို့မရပါဘူး ယူနိုက်တက်တို့အတွက်ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပြီး အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER