International News

သူစိမ်းက အစာလာကျွေးတော့ ဝမ်းသာမျက်ရည်ကျသွားခဲ့တဲ့ လမ်းဘေးခွေးလေး(ရုပ်သံ)

အမ်ိဳးသမီးတစ္ဦးဟာ တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း Shanxi ျပည္နယ္ Jinzhong လမ္းေပၚရွိ ေလလြင့္ေနတဲ့ေခြးေလးတစ္ေကာင္အား သူမ ဝက္အူေခ်ာင္းအခ်ိဳ႕ကို လက္ကမ္းေပးလိုက္ေတာ့ ေခြးေလးဟာ မ်က္ရည္စမ်ားျဖင့္ ေရွ႕ေျခေထာက္ကိုေထာင္ၿပီးအစာေတာင္းေနခဲ့တဲ့ ႏွလုံးေၾကကြဲဖြယ္ဗီဒီယိုတစ္ခုကို မွ်ေဝခဲ့ပါတယ္။” ကြၽန္မနဲ႔ ကြၽန္မသူငယ္ခ်င္းေတြက ပန္းၿခံတစ္ခုဆီလမ္းေလွ်ာက္သြားေနတုန္း လမ္းေပၚမွာေလလြင့္ေနတဲ့ အဲ့ဒီေခြးေလးကို ေတြ႕ခဲ့တယ္၊ ကြၽန္မတို႔ သူ႔ကို အစာေကြၽးေတာ့ သူ ခ်က္ခ်င္း ငိုခ်ေတာ့တာပဲ ၊ ကြၽန္မ ေခြးေလးကိုကားေပၚတင္ဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း သူက ကြၽန္မလက္ထဲကေန ခုန္ထြက္သြားခဲ့တယ္ ၿပီးက်႕ လမ္းေပၚေလွ်ာက္သြားေနခဲ့တယ္” လို႔ အဆိုပါအမ်ိဳးသမီးက ေျပာျပခဲ့ပါတယ္။

အဆိုပါ အမ်ိဳးသမီးက ေခြးေလး ေခြးေတြလိုက္ဖမ္းတဲ့လူေတြလက္ထံေရာက္သြားမွာကို စိုးရိမ္တာေၾကာင့္ ပန္းၿခံသို႔ ဒုတိယအႀကိမ္ျပန္သြားၿပီး ေခြးေလးကို ဂ႐ုတစိုက္ အစာေကြၽးေနခဲ့ပါတယ္။”မေန႔က ကြၽန္မ သူ႔ကို ျပန္သြားရွာခဲ့ေပမဲ့ သူ႔ကို မေတြ႕ခဲ့ဘူး ၊ ေနာက္ရက္မွဘဲ လမ္းေပၚက သန႔္ရွင္းေရးသမားကို ေမးၾကည့္လိုက္မယ္” လို႔ ဆိုရင္း ဗီဒီယိုကို မွ်ေဝခဲ့ပါတယ္။အဆိုပါ ဗီဒီယိုဟာ Online မွာမွ်ေဝၿပီးေနာက္ လူအမ်ားဆီကေန အံ့ဩဖို႔ေကာင္းတဲ့တုံ႔ျပန္မႈမ်ားစြာရရွိခဲ့ၿပီး ” ေခြးေလးကို အလစ္သုတ္သမားေတြမဖမ္းမိေစဖို႔ ေမွ်ာ္လင့္တယ္ “၊ “ဒီေခြးမွာ ႏူးညံတဲ့မ်က္လုံးအစုံရွိတယ္ ၊ ေက်းဇူးျပဳၿပီး သူထိခိုက္ဒဏ္ရာမရပါေစနဲ႔ ” စတဲ့ ေခြးေလးအတြက္ စိတ္ပူစြာ မွတ္ခ်က္မ်ားစြာလည္းေပးခဲ့ၾကပါေသးတယ္။

1

2

Mia (Mckzone Daily)

Source : ladbible

Unicode

အမျိုးသမီးတစ်ဦးဟာ တရုတ်နိုင်ငံမြောက်ပိုင်း Shanxi ပြည်နယ် Jinzhong လမ်းပေါ်ရှိ လေလွင့်နေတဲ့ခွေးလေးတစ်ကောင်အား သူမ ဝက်အူချောင်းအချို့ကို လက်ကမ်းပေးလိုက်တော့ ခွေးလေးဟာ မျက်ရည်စများဖြင့် ရှေ့ခြေထောက်ကိုထောင်ပြီးအစာတောင်းနေခဲ့တဲ့ နှလုံးကြေကွဲဖွယ်ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။” ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတွေက ပန်းခြံတစ်ခုဆီလမ်းလျှောက်သွားနေတုန်း လမ်းပေါ်မှာလေလွင့်နေတဲ့ အဲ့ဒီခွေးလေးကို တွေ့ခဲ့တယ်၊ ကျွန်မတို့ သူ့ကို အစာကျွေးတော့ သူ ချက်ချင်း ငိုချတော့တာပဲ ၊ ကျွန်မ ခွေးလေးကိုကားပေါ်တင်ဖို့ကြိုးစားခဲ့ပေမဲ့လည်း သူက ကျွန်မလက်ထဲကနေ ခုန်ထွက်သွားခဲ့တယ် ပြီးကျ့ လမ်းပေါ်လျှောက်သွားနေခဲ့တယ်” လို့ အဆိုပါအမျိုးသမီးက ပြောပြခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးက ခွေးလေး ခွေးတွေလိုက်ဖမ်းတဲ့လူတွေလက်ထံရောက်သွားမှာကို စိုးရိမ်တာကြောင့် ပန်းခြံသို့ ဒုတိယအကြိမ်ပြန်သွားပြီး ခွေးလေးကို ဂရုတစိုက် အစာကျွေးနေခဲ့ပါတယ်။”မနေ့က ကျွန်မ သူ့ကို ပြန်သွားရှာခဲ့ပေမဲ့ သူ့ကို မတွေ့ခဲ့ဘူး ၊ နောက်ရက်မှဘဲ လမ်းပေါ်က သန့်ရှင်းရေးသမားကို မေးကြည့်လိုက်မယ်” လို့ ဆိုရင်း ဗီဒီယိုကို မျှဝေခဲ့ပါတယ်။အဆိုပါ ဗီဒီယိုဟာ Online မှာမျှဝေပြီးနောက် လူအများဆီကနေ အံ့ဩဖို့ကောင်းတဲ့တုံ့ပြန်မှုများစွာရရှိခဲ့ပြီး ” ခွေးလေးကို အလစ်သုတ်သမားတွေမဖမ်းမိစေဖို့ မျှော်လင့်တယ် “၊ “ဒီခွေးမှာ နူးညံတဲ့မျက်လုံးအစုံရှိတယ် ၊ ကျေးဇူးပြုပြီး သူထိခိုက်ဒဏ်ရာမရပါစေနဲ့ ” စတဲ့ ခွေးလေးအတွက် စိတ်ပူစွာ မှတ်ချက်များစွာလည်းပေးခဲ့ကြပါသေးတယ်။

Mia (Mckzone Daily)