International News

လင်ငယ်နဲ့အတူ ဟိုတယ် သွားဖို့ လင်ကြီးမောင်းတဲ့ တက္ကဆီကိုမှ ငှားမိတဲ့ အမျိုးသမီး

ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ တကယ်ကိုမှ ထူးဆန်းပြီးတိုက်ဆိုင်တဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒီဖြစ်ရပ်လေးကတော့ လင်ငယ်နဲ့ဖောက်ပြန်နေစဥ် လင်ကြီးရဲ့ တက္ကစီကိုမှ ငှားစီးမိတဲ့ အမျိုးသမီးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ယခုပြဿနာကတော့ ယီမိုင်အမည်ရှိတဲ့ ကိုလံဘီယာနိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ တစ်လင်တစ်မယားစနစ်ကို မကျင့်သုံးပဲ သစ္စာမရှိ အိမ်ထောင်ရေးဖောက်ပြန်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးဟာ သူ့ရဲ့လင်ငယ်နဲ့ အတူတူချိန်းတွေ့နေကြစဉ် ငှားစီးတဲ့တက္ကဆီဟာ သူမရဲ့ လင်ကြီး မောင်းတဲ့ တက္ကဆီ ဖြစ်နေတာကြောင့် ဒီပြဿနာဟာ အရမ်းကိုမှ ရှုပ်ထွေးခဲ့ရကြောင်း ကိုလံဘီယာနိုင်ငံရဲ့နာမညျကွီး သတငျးစာ တဈစောငျဖွဈတဲ့ El Espectador မှ ဖောျပွထားပွီး ဒီသတငျးဟာလညးျ အရမျးကိုမှ လူပွောမြား ဝဖေနျခံနရေတာပဲ ဖွဈပါတယျ။

အဆိုပါ နာမည်ကြီးနေခဲ့တဲ့ သူမတို့ရဲ့သတင်းဟာ မိမိတို့နေထိုင်ရာ လောကမှာ ထူးထူးဆန်းဆန်းနဲ့ တိုက်ဆိုင်မှုတွေ ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုတာ ဒီဖြစ်ရပ်လေးက သက်သေပြနေတာပဲ ဖြစ်ပါတယ်။

အဆိုပါ လင်ငယ်ဖြစ်သူနဲ့ ဖာက်ပြန်နေသူ အမျိုးသမီးဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်တည်းက ဖောက်ပြန်နေတာဖြစ်ကြောင်း သိရပါတယ်။ EI Espectador သတင်းမှာ ဖော်ပြချက်အရ လင်ကြီးရဲ့နာမည်ကိုတော့သတင်းစာက မဖော်ပြထားခဲ့ပါဘူး။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က Santa Marta မြို့မှာ အဆိုပါအမျိုးသမီးနဲ့ လင်ငယ်ဟာ ချိန်းတွေ့ခဲ့ကြပြီး ဟိုတယ်ကိုသွားဖို့အတွက် Uber တက်ဆီကို ငှားရမ်းပြီး ဘွတ်ကင်လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဆိုပါ Uber Taxi အပလီကေးရှင်းကနေ ဘွတ်ကင်လုပ်စဉ် ကားမောင်းသူ အမည်နေရာမှာ လီယိုနာဒိုလို့ ဖော်ပြထားတာကြောင့် ဖောက်ပြန်သူအမျိုးသမီးနဲ့ လင်ငယ် ၂ယောက်စလုံး စိုးရိမ်စိတ်မရှိပဲ ငှားခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် Uber Taxi ရဲ့ စာရင်းသွင်း မှတ်ပုံတင်ထားတဲ့ ကားမောင်းသမား လီယိုနာဒိုဆိုသူက လင်ကြီးရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး လင်ကြီးဟာ သူငယ်ချင်းရဲ့ကားကို ခဏငှားပြီး အချိန်ပိုင်းကားမောင်းပြီး ဇနီးဖြစ်သူကို ဒီထက်ပိုပြီး လုပ်ကိုင်ရှာဖွေပေးချင်တာကြောင့် အပိုဝင်ငွေ ရှာနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ဖောက်ပြန်နေတဲ့အမျိုးသမီးနဲ့ လင်ငယ်ဟာ ကားပေါ်စရောက်ရောက်ချင်းမှာပဲ လင်ကြီးက အရမ်းကို အံအားသင့်သွားပြီး သူ့အပေါ်လုပ်ရက်လိုက်လေခြင်းဆိုပြီး ဒေါသထွက်ကာ ရုန်းရင်းဆန်ခတ်တွေလည်း ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒီဖြစ်ရပ်ကြောင့် Uber Taxi မှ တာဝန်ရှိသူတွေဟာ လင်ကြီးကို ကားငှားပေးတဲ့ သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်း လီယိုနာဒိုကို စည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူခဲ့ကာ အိမ်ထောင်ရေးဖောက်ပြန်သူတွေအနေဖြင့်

တက္ကဆီကို ဘွတ်ကင်လုပ်မည်ဆိုလျှင် Uber Taxi အပလီကေးရှင်းတွေက သွားမည့်နေရာနဲ့ အချိန်စတာတွေကို မှတ်ထားတာကြောင့် ဟိုးအရင်တုန်းကလို လိမ်ညာဖို့ဆိုတာ လုံးဝကို မလွယ်တော့ဘူးဆိုတာ သိထားဖို့ သတိပေးပြောကြားခဲ့ပါသေးတယ်။

ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီဖြစ်ရပ်လေးကိုဖတ်ရှု့ပြီး ဘယ်သူကမှန်ပြီး ဘယ်သူကမှားတယ်ဆိုတာ မှတ်ချက်လေးတွေ ရေးသားပေးခဲ့ကြပါဦးနော်။ပရိသတ်ကြီးအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။
Writer : HULK