Sports

ယူနိုက်တက်ကို လွှမ်းမိုးနိုင်တဲ့ နောက်ထက်ကစားသမားတစ်ယောက် အကြောင်းကို ပြောပြခဲ့တဲ့ နည်းပြဆိုးရှားလ်

ယူနိုက်တက်အသင်းဟာ အဲဗာတန်ကို အဝေးကွင်းမှာ ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ခါရာဘောင်ကပ် ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ် ထိုပွဲစဉ်အပြီး ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးရှားလ် တစ်ယောက်ကတော့ အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှုးကာဗာနီကို ချီးမွှမ်းခန်း ဖွင့်ခဲ့ပါတယ်။

တိုက်စစ်မှူး ကာဗာနီဟာ အဖွင့်ဂိုး အပြင် ထိုပွဲစဉ်အတွက် Man of the match ပါရရှိခဲ့ပါတယ်။ နည်းပြဆိုးရှားလ်က ကာဗာနီဟာ ဝါရင့် ကစားသမားပီပီ ပြိုင်ပွဲအတွင်းကော အ၀တ်လှဲခန်းထဲမှာပါ ကစား သမားတွေအပေါ် လွှမ်းမိုးနိုင်သူ အဖြစ် ချီးကျူးခဲ့ပါသေးတယ်။

နည်းပြကြီး ဆိုးလ်ရှားက ကာဗာနီက အထနှေး တယ်လို့ ကျနော်ကတော့မထင်ဘူး သူ တကယ့်ကောင်းမွန်စွာ လုပ်ဆောင်ထားပါတယ် သူ အရည် အချင်းရှိတဲ့ ကစားသမားတယောက်ဖြစ်ခဲ့ပါတယ်။

သူဒဏ်ရာရရှိခဲ့တယ်ဆိုတာ ထင်ရှားနေတာပဲလေဒဏ်ရာ ရတဲ့သူတယောက်က နောက်ကျပြီးမှ ၀င်လာရတာပဲမဟုတ်လား။ သူ့ရဲ့ အ၀တ်လဲခန်းထဲက လွှမ်း မိုးနိုင်မှု၊ လေ့ကျင့်ရေးက အလေ့အကျင့်နဲ့ ပြိုင်ပွဲအတွင်းက သဘောထားတွေ အားလုံးအတွက် ကျတော် တကယ့်ကို ကျေနပ်ရပါတယ်။

သူ ဘယ်လောက်ကောင်းသလဲဆိုတာ ခင်ဗျားတို့လည်း မြင်နိုင်တာပဲလေ ကျတော်တို့အတွက် အရမ်းအရေးပါတဲ့ဂိုးသွင်းယူပေးသလို အတွ့အကြုံတွေကိုလည်း မျှဝေပေးပါတယ် သူ ဒီထက်ပို ကောင်းလာဦးမှာပါ။ ဘာလို့လည်းဆိုရင် သူက အပြင်မှာ (၇)လလောက်နေခဲ့ရသေးတယ်လေ။

ကျနော်တို့ သူ့အတွက် စိတ်ရှည်ရပါမယ် ဒါပေမယ့် အသင်းအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိခဲ့တယ်လို့တော့ သေချာပါတယ်  ဟု ဆိုလ်းရှားက ပြောကြားသွားခဲ့ပါတယ် အသက်၃၃နှစ်ရှိပြီဖြစ်တဲ့ တိုက် စစ်မှုးကာဗာနီဟာ ယူနိုက်တက်အတွက် ၁၂ပွဲကစားပြီး သွင်းဂိုး ၄ဂိုး အထိသွင်းယူထားပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER