Sports

လက်စတာတိုက်စစ်မှုး ဗာဒီကို ထိန်းချုပ်ဖို့ အေးဆေးဘဲလို့ ကြိမ်းဝါးခဲ့တဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်

ကျွန်တော်တို့ ယူနိုက်တက်အသင်းဟာ စနေနေ့ည ၇နာရီ အစောဆုံးပွဲစဉ်အဖြစ် လက်စတာအသင်းကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဘဲဖြစ်ပါတယ်။

ဒီပွဲမတိုင်မီ ယူနိုက်တက်အသင်းခေါင်းဆောင်ကြီးကတော့ ပြိုင်ပွဲအပေါ် ချဥ်းကပ်နည်းအပြင် အသင်းဖော်ဟောင်း ဗာဒီကို ထိန်းချုပ်ဖို့ အကောင်းဆုံးကြိုး စားသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဆိုသွားခဲ့ပါတယ် မက်ဂွိုင်းယားက ယုံကြည်မှုအပြည့်နဲ့ စကားတိုက်ပွဲနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။

” သူတို့ဒီရာသီကိုလည်း အရင်ရာသီလိုပဲ အကောင်းဆုံးလုပ်ပြနေကြပါတယ် နည်းပြ ၊ ကစားသမား အား လုံးကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်တာကြောင့် တွေ့ဆုံမှုတိုင်းက ခက်ခဲလေ့ရှိပါတယ် ။

ဒါပေမယ့် ပြိုင်ပွဲကို အနိုင်ကစားဖို့ ယုံကြည်မှုအပြည့်နဲ့ ကျတော်တို့ ချည်းကပ်သွားမှာပါ သူတို့ထဲမှာဆို လက်စတာ တိုက်စစ်မှူး ဗာဒီ ဟာ တကယ့်စပါယ်ရှယ်ကစားသမားပါ ။

သွင်းဂိုးတွေနဲ့သက်သေပြတတ်တဲ့သူနဲ့ လက်စတာ မှာတုန်းကလည်း ထရိန်နင် မှာ ခဏတိုင်း ရင်ဆိုင်ခဲ့ဖူးတာကြောင့် သူ့ကို ထိန်းချုပ်ဖို့ ကျတော့မှာ ပြဿနာမရှိပါဘူး…”လို့ ပြောသွားခဲ့ပါတယ် ။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER