Knowledge

နီပေါ နိုင်ငံက လိုဏ်ဂူပေါင်း ၁ သောင်းကျော် ရှိရာ ဗုဒ္ဓဘာသာဒေသ ကြည့်ရှုနိုင်ရန် မျှဝယ်လိုက်ပါတယ်

နီပေါ နိုင်ငံက လိုဏ်ဂူပေါင်း ၁ သောင်းကျော် ရှိရာ ဗုဒ္ဓဘာသာဒေသ

တိဘက် ကုန်းပြင်မြင့်နဲ့ နယ်မြေချင်း စပ်ဆက် တည်ရှိနေတဲ့ ယခုနီပေါ နိုင်ငံထဲက Mustang ဒေသဟာ ကျန်ခဲ့တဲ့ ကာလတွေ တုန်းကတော့ Himalaya ဒေသကနိုင်ငံငယ် တစ်ခုအနေနဲ သီး ခြား တည်ရှိ ခဲ့ဖူးပါတယ်။ ယင်းကာလ တုန်းက Mustang ဟာလွတ်လပ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံ

အနေနဲ့ တည်ရှိ နေတာဖြစ်ပြီး (၁၈) ရာစုအကုန်လောက် မှာတော့ နီပေါ လူမျိုးတွေရဲ့ တိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံခဲ့ ရပါတယ်။ နီပေါက လိုဏ် ဂူပေါင်း ၁ သောင်းကျော်ရှိရာ ဗုဒ္ဓဘာသာဒေသဒါပေမဲ့ Mustang မှာရှိတဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေ မှု အဆောက်အအုံနဲ့ ဓလေ့စရိုက်တွေ ကတော့

ဆက်လက် တည် ရှိနေခဲ့ ပါတယ်။ ယင်းနောက် ပိုင်း Mustang ဟာဒေသန္တရ အုပ်ချုပ်ရေး စနစ်နဲ့ အုပ်ချုပ် ခဲ့ပြီး နီပေါနိုင်ငံ ကနေ ပြန်လည်ခွဲထွ က်ခဲ့ပြန် ပါတယ်။ (၁၉၅၀) ရောက်တဲ့ အခါမှာတော့ နီပေါနိုင်ငံနဲ့ ပြန်လည် ပေါင်းစည်း ခဲ့ပါတ ယ်။ Mustang ဒေသဟာ ရှေးဟောင်း ယဉ်ကျေး

မှုလေ့လာ ရေးနယ်ပယ် တစ်ခု ဖြစ်တဲ့ အတွက် ကမ္ဘာ အရပ်ရပ်က ပညာရှင်တွေက လာရောက် လေ့လာ ဖို့ကြိုးစားခဲ့ ပါတယ်။ ဒါပေမဲ့ ယင်းကာလတုန်းက Mustangဟာ တောရိုင်း သက်သက် ဖြစ်နေတဲ့ အချက်နဲ့ ဒေသရဲ့လုံခြုံရေးအခြေ အ နေ ကြောင့် နီပေါအစိုးရက (၁၉၉၂)ခုနှစ် အထိ

Mustang ဒေသကို ကန့်သတ် နယ်မြေဖြစ် ကြေ ငြာ ခဲ့ပါတယ်။ Mustang ဒေသရဲ့ရှေးအမွေ အ နှစ်တွေ ကိုတော့ နီပေါ အစိုးရရဲ့ မေတ္တာရပ် ခံချ က် အရ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီ ထိန်းသိမ်းပေး ခဲ့ပါတယ်။ Mustang ဒေသရဲ့ ယဉ်ကျေးမှု အမွေအ နှစ်တွေဟာ ဗုဒ္ဓဘာသာနဲ့

များစွာ နှီးနွယ်ပြီး တိဘက်ရိုးရာ ဓလေ့နဲ့ အလား သဏ္ဍာန် တူညီနေ တာကို မြင်တွေ့ ရပါတယ်ယ ဉ်ကျေးမှု ပုံသဏ္ဍန် သာမက သဘာဝရှုခင်းတွေ ထိပါ တိဘက် နဲ့ဆင်တူ နေပါတယ်။ Mustang ဟာ တိဘက် နိုင်ငံလိုပဲ တောင်ကုန်း တောင် တ န်း လျိုမြောင်၊ ချိုင့်ဝှမ်းတွေ ပေါများစွာ တည်ရှိ

ပြီး အလွန်အအေး ပြင်းထန်တဲ့ အရပ်ဒေသ ဖြစ်ပါတယ်။ Mustang ဒေသရဲ့ ထင်ရှားတဲ့ အမှတ် အသား ကတော့ Kali Gandaki မြစ်ကြီးက ဝန်း ရံ ထားတဲ့ မြင့်မားတဲ့ တောင်စောင်း တစ်လျှော က် တည်ရှိ နေတဲ့ အရေအတွက်(၁၀၀၀၀) နီးပါး ရှိတဲ့ ရှေးဟောင်းလိုဏ်ဂူ တွေပဲ ဖြစ်ပါတယ်။

ရှေးခေတ် ကျောက်ဆစ် လက်ရာကို အသုံးပြုပြီး ပုံစံကျကျထွင်းဖောက်ထားတဲ့ အဲဒီလိုဏ်ဂူ တွေ ထဲကအချို့ဆိုရင် မြေပြင်ကနေ (၁၅၀)ပေအမြင့်လောက်ကိုရှိပြီး ငှက်များရဲ့ နားနေတဲ့ အသိုက်နေရာ အဖြစ်တောင် တည်ရှိနေတာပါ။ ထူးဆန်းတာက ခေက်အဆက်ဆက် ဒီကျောက် လိုဏ်ဂူ

များစွာကို မည်သူတွေက တည်ဆောက် ခဲ့တယ်ဆိုတာ မသိကြပါဘူး ဆိုတဲ့ အချက် ပဲဖြစ်ပါတ ယ်။ သဘာဝ အတိုင်း ဖြစ်ပေါ်လာ တာမဟုတ်ပဲ တခုနဲ့တစ်ခု အစီစဉ်တကျ တည်ဆောက် ထားတဲ့ ကျောက်လိုဏ်ဂှု အချို့ဆိုရင် ကျွမ်းကျင်တဲ့တောင်တက် သမားတွေတောင် ရောက်ဖို့ခက်ခဲ

တဲ့ အမြင့်ပေတွေမှာ တည်ရှိနေ ပါတယ် လိုဏ်ဂူ အချို့ရဲ့ အတွင်းမှာလဲ မြတ်ဗုဒ္ဓရဲ့ ဖြစ်စဉ်တွေကို လက်ရာ မြောက်အောင် ပုံဖော်ထားတာကို လည်း မြင်တွေ့ရပါတယ်။ ဒါပြင် လိုဏ်ဂှု အချို့မှာတော့ လူသား တွေနေထိုင်ခဲ့တဲ့ အထောက် ထားတွေကို မြင်တွေ့ရပါတယ်။ ယင်းခေတ်အခါက လူအသုံး

အဆောင် ပစ္စည်းတွေ ဖြစ်တဲ့ မီးလင်းဖို စပါးစေ့ ပစ္စည်း သိမ်းတဲ့ ပုံး၊အိပ်ရာအ ဖြစ်အသုံးပြုခဲ့တဲ့ အရာတွေကို လိုဏ်ဂူအတွင်း အစီစဉ်တစ်ကျ ရှိနေတာမို့ လူသားတွေနေထိုင် ခဲ့တယ် ဆိုတဲ့အချ က်ဟာ ပေါ်လွင် နေပါတယ်။ ဒါပြင် လူအလောင်းမြုပ်နှံရာ နေရာအဖြစ်လည်း ဒီလိုဏ်ဂူတွေကို

သုံးစွဲ ထားတာကို တွေ့ရ ပါတယ်။ အဲဒီ ဓလေ့ကိုတော့ Sky burial လို့ခေါ်ပြီး ယနေ့ချိန်ထိ ဟိမဝ န္တာ တောင်တန်း ဒေသက ရွာချို့မှာ ကျင့်သုံး နေ ဆဲလည်း ဖြစ်ပါတယ်။ Mustang ဒေသ မှာတွေ့ရှိရတဲ့ ဂူသချိုင်းတွေ ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀၀)ကျော်ခန့်ကတည်းက ရှိနေခဲ့ တာ

ဖြစ် ပါတယ်။ အဲဒီကာလက ကတည်းက ထားရှိ ခဲ့တဲ့ ရုပ်အလာင်း အရိုးစု ဒါဇင်ပေါင်း များစွာကိုတွေ့ရှိခဲ့ကြလို့ ဖြစ်ပါတယ်။ ရုပ်အလောင်း တွေကို သစ်သားနဲ့ ပြုလုပ် ထားတဲ့ ကုတင် ပေါ်မှာ ထားရှိတာ ဖြစ်ပြီးကြေးနီနဲ့ ဖန်သားကို ပြုလုပ်ထားတဲ့ ပုတီးစေ့တွေနဲ့ တန်ဆာဆင် ထားလေ့ရှိ

တယ် လို့သိရ ပါတယ်။ ဒီဒေသကို ဗုဒ္ဓဘာသာ မရောက်ရှိမီ (၃) ရာစုကနေ (၈) ရာစု ကာလကတ ည်းက ပင်ဒေသခံတွေဟာ Mustang တောင်ကို ဂူသချိုင်း အဖြစ် သတ်မှတ်ထားခဲ့ ပုံပေါ်ပါတယ် ။ ဒေသခံတွေ ဟာ ကွယ်လွန် ပြီးသွားတဲ့ သူတွေရဲ့ ရုပ်အလောင်းကို Mustang တောင် ရဲ့ လိုဏ်

ဂူတွေ အတွင်း လာရောက် ထားရှိ ခဲ့ပြီး ယင်းရုပ်အလောင်းတွေဟာ ဘတ်တီးရီး ယားပိုး မွှားတွေနဲ့ လဒတငှက်တွေရဲ့ လာရောက် စားသောက် ကြ တာတဲ့ အနေထားကို ပညာရှင်တွေက တွေရှိခဲ့ ပါတယ်။ သမိုင်း သုတေသီတွေ ကတော့ Mustang မှာ ရှိတဲ့ လိုဏ်ဂူတွေဟာ ခေတ် (၃) ခေတ်ထိတိုင်

အောင် အသုံးပြုခြင်း ခံခဲ့ရတယ်လို့ ယုံကြည် ပါတယ်။ လေ့လာတွေ့ရှိချက် တွေအရ တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀၀) လောက်က Mustang အ ရပ်မှာ နေထိုင်တဲ့ မျိုးနွယ်စု တွေက ဒီလိုဏ်ဂူတွေကို ဂူဗိမာန် အဖြစ် စတင် အသုံးပြုခဲ့ ကြပါတယ်။ နောက်ထပ် နှစ်ပေါင်း (၂၀၀၀) လောက်

ကြာတဲ့ အချိန်မှာတော့ ဒီလိုဏ်ဂူတွေဟာ ဒေသပေါင်းစုံ ကနေစစ်ဘေး ဒဏ်ကြောင့် ဖြစ်စေ၊ သ ဘာဝဘေး ဒဏ်ကြောင့် ဖြစ်စေ ပြောင်းရွေလာတဲ့ ဒုက္ခသည် တွေအတွက် ယာယီနေထိုင်ရာ နေ ရာတွေ ဖြစ်ခဲ့ ပါတယ်။ နောက်ပိုင်း ကာလ အေဒီ ၁၄၀၀ ခုနှစ်ရောက် လာချိန်မှာ တော့ Mustang

ကလိုဏ်ဂှု တွေဟာ တရားဘာဝနာ စီးဖြန်းအား ထုတ်ရာ ပုဂ္ဂိုလ်တွေရဲ့ ဂူအောင်းပြီး တရားထိုင် ရာနေရာ တွေ ဖြစ်လာ ခဲ့ပါတယ်။ အချို့လိုဏ် ခေါင်းဂူတွေဟာ ဘုန်းတော်ကြီး ကျောင်းတွေ အ ဖြစ်အသွင်ပြောင်း သွားခဲ့ပြီး ယနေ့ထက် တိုင်တ ည်ရှိနေတဲ့ Luri Gompa ၊ the Chungsi Cave၊

Nyiphuk Cave စတဲ့ လိုဏ်ခေါင်း အတွင်းတည် ရှိနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တွေဟာ အ ကောင်းဆုံး သာဓက တွေဖြစ်တယ်လို့ ဆိုကြ ပါတယ်။ သူတော် ကောင်းတွေနဲ့ ထွက်ရပ်လမ်း ပု ဂ္ဂိုလ်တွေ ပျော်စံရာ နေရာဖြစ်တယ် လို့လည်း နီပေါနိင်ငံမှာ ထင်ရှားပါတယ် Luri Gompa ဘုန်း

တော်ကြီး ကျောင်းကတော့ Mustang ဒေသမှာ အထင်ရှား ဆုံးသော နေရာဖြစ်ပါတယ် အဲဒီဘုန်း တော်ကြီး ကျောင်းဟာ အစွန်ဆုံး လိုဏ်ဂူ တွင်း မှာတည် ထားတာဖြစ်ပြီး မြေပြင်ကမီတာ (၁၀၀) ဝန်းကျင်လောက် အမြင့် ရှိပါ တယ်။ ဘုန်းတော်ကြီး ကျောင်းအတွင်း မှာတော့ တိုင်တွေ အဖြစ်

သဲကျောက် တွေနဲ့ ဖွဲ့စည်း ထားတဲ့ တိုင်တွေကို တွေ့မြင် ရမှာဖြစ်တယ်။ ဒီဘုန်းတော်ကြီး ကျော င်း ကို လာရောက်ရတဲ့ တောင်ကြား လမ်းဟာ အ လွန်ကျဉ်းမြောင်းပြီး အောက်ခြေမှာ မက်စောက်တဲ့ တောင်စောင်းတွေ ကို ရင်အေးစရာ မြ င်တွေမြင် ရမှာပါ။ ဒီလမ်းကနေပဲ Mustang ရဲ့ ရှေး

ဟောင်း သချိုင်းနေရာ (၂)ခုကို သွားရောက် နိုင်ပါ တယ်။ လိုဏ်ဂူရဲ့ အပြင်ပိုင်းကို ကျရောက်တဲ့ သချိုင်းမှာ တော့စေတီငယ် တစ်ဆူကို သာတွေ့မြင်ရမှာဖြစ်ပြီး လိုဏ်ဂူရဲ့ အတွင်းပိုင်း သချိုင်းမှာ တော့ Mustang ရဲ့လက်ရာ မြောက်ဆုံးသော သမိုင်းဝင်အမွေ နှစ်တွေဖြစ်တဲ့ အိန္ဒိယ သူတော်

စင် ဆာဒူးကြီး တွေရဲ့ရုပ်ပုံတွေ၊ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဆေးရေးပန်းချီ တွေကို မြင်တွေ့ရပါတယ်။ ဒေသခံတွေ အဆိုအရတော့ ပုံနဲ့ရေးဆွဲ ထားတဲ့ သူတော်စင် တွေဟာ Mustang ဒေသမှာ အမှန် တကယ် ရှိနေပြီး ယနေ့တိုင်သွားလာ လှုပ် ရှားနေဆဲ ဖြစ်တယ်လို့ ဆိုကြ ပါတယ်။ သူတော်

စင်ကြီးတွေဟာ ဥတုသုံးပါးစလုံး နံငယ်သာလုံတဲ့ အဝတ်ကို ဝတ်ဆင်ပြီး အသက် ရာချီ ရှိနေကြသူတွေ ဖြစ်တယ်လို့ ယုံကြည်နေ ကြပါတယ်။သူတို့တွေဟာ သမထ ကျင့်စဉ်တွေကို ပွားများ အားထု တ် လျက်ရှိပြီး နောက်ပွင့်တော်မူမဲ့ အရိမေတ္တယျ ဘုရားရှင်ကို စောင့်ဆိုင်း နေသူတွေ ဖြစ်တယ်လို့

လည်း ယုံကြည် နေကြ ဆဲပါ။ ကမ္ဘာပေါ်မှာ ရှိခဲ့တယ်လို့ ယူဆတဲ့ စိတ်နယ်လွန် ဖြစ်ရပ်တွေနဲ့ သ ဘာဝလွန်ဖြစ်ရပ်တွေရဲ့ အဖြေဟာ Mustang ဒေသမှာသာ တည်ရှိနေပြီး အထူးသဖြင့် ယင်းပ ညာရပ်တွေရဲ့ ဒိုင်ချက်ဟာ Luri Gompa ဘုန်း

တော်ကြီးကျောင်း ဝန်းကျင်မှာပဲ ဖြစ်တယ်လို့ လောကီ ပညာရှင် ချို့က ယူဆလျက် ရှိပါတယ်။ နောက်ပိုင်း လေ့လာ တွေ့ရှိချက် တွေအရတော့ Mustang မှာရှိတဲ့ ရှေးခေတ် နံရံဆေးပန်းချီတွေနဲ့ ပန်းချီကားတွေဟာ (၁၄)ရာစု (သို့)ယင်းကလာ

ရဲ့ အစောပိုင်း ကာလတွေမှာ ရေးဆွဲခဲ့ တာဖြစ် ကြောင်း သမိုင်းပညာ ရှင်တွေက ဖော်ပြခဲ့ကြ ပါတယ်။ ဒီဒေသကို ၁၉၉၆ ခုနှစ်မှာ UNESCO ရဲ့ ကမ္ဘာ့ အမွေနှစ် နေရာတစ်ခု အဖြစ် ထည့် သွ င်း သတ်မှတ် ခဲ့ပါတယ်။ ခရက်ဒစ် တာတေ

(Unicode version)



























