International News Knowledge
အမှိုက်သရိုက်တွေနဲ့ လူတိုင်းနှစ်သက်မြတ်နိုးတဲ့ဖက်ရှင်ဒီဇိုင်းမျိုး ပုံဖော်ပြခဲ့သူ
1
2
3
4
5
Mia (Mckzone Daily)
Source : siakapkeli
Unicode
ထိုင်ဝမ်နိုင်ငံရှိ အသက် ၃၆နှစ်အရွယ် Wang Li-ling အမည်ရှိတဲ့အမျိုးသမီးဒီဇိုင်နာတစ်ဦးဟာ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ဝါယာကြိုးအဟောင်းများ၊မူလီစုတ်များနှင့် သေးငယ်တဲ့သတ္တုပြားများကို သူမရဲ့ဖက်ရှင်ဒီဇိုင်းမှာ အပိုပစ္စည်းအဖြစ်ထည့်သုံးရန်အတွက် ထိုင်ဝမ်နိုင်ငံရဲ့အကြီးဆုံးလျှပ်စစ်ထုတ်လုပ်တဲ့နေရာမှ ကောက်ယူခဲ့ပါတယ်။
Wang ဟာ ဂါဝန်များ နှင့် အခြားအဝတ်အထည်များကို ဝါယာကြိုးများနှင့် အခြားပစ္စည်းများဖြင့် ပြန်လည်အသုံးပြုချုပ်လုပ်ခဲ့ပါတယ်။သူမရဲ့ဝတ်စုံတွေက Taipei နိုင်ငံရှိ သောကြာနေ့ကကျင်းပတဲ့ ဖက်ရှင်ပြပွဲကို တက်ရောက်ခဲ့တဲ့ ဧည့်သည်များစွာကို အံ့အားသင့်သွားစေခဲ့ပြီး ” အသုံးပြုပြီးပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့ စိတ်ကူးစိတ်သန်းသစ်တွေရှိနေတဲ့ ထိုင်ဝမ်ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ကို ကျွန်တော် အခုမှပထမဆုံးအကြိမ်မြင်ဖူးတာပါ ” လို့ ဖက်ရှင်လုပ်ငန်းရဲ့ဩဇာလွှမ်းမိုးမှုရှိသူ Andrew Chen က ပြပွဲမှာ ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ရှိ ဒီဇိုင်းနာပညာရှင်တွေက ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အကျိုးသက်ရောက်ရန်စတင်နေပြီဖြစ်ပါတယ်။COVID -19 ကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်မှုရဲ့သက်သေအဖြစ် ထိုင်ဝမ်ရှိ Taipei Fashion Week ပြပွဲကို အောက်တိုဘာလမှာ တိုက်ရိုက်ထုတ်လွှတ်မှု သို့မဟုတ် ကမ္ဘာတဝှမ်းလှုပ်ရှားမှုတို့ကို onlineမှ ပြောင်းရွှေ့ခြင်းများဖြင့် အဆိုပါဖက်ရှင်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
Mia (Mckzone Daily)