Local News
သူ့ရဲ့သီချင်းလေးနဲ့ ချစ်စရာကောင်းအောင် Tik Tok ရိုက်ထားတဲ့ နိုင်ငံခြားသူလေးရဲ့ ကြွေချင်လောက်စရာဗီဒီယိုကိုချပြလာတဲ့ ထက်ယံ (ရုပ်သံဖိုင်)
ယူနီကုဒ်ဖြင့် ဖတ်ရန်
မိတ္ထီလာသားအဆိုတော်လေး ထက်ယံကတော့ ဒီဖက်ခေတ်လူငယ်တိုင်း ကြိုက်နှစ်သက်အား ပေးကြတဲ့အဆိုတော်တစ်ယောက်ပါပဲ။ ထက်ယံကတော့သီချင်းရေးကောင်းသလိုသီချင်းဆိုလည်းကောင်းတာကြောင့်ပရိသတ်တွေရဲ့အားပေးမှု
အများအပြားပိုင်ဆိုင်ထားပြီး သူ့ရဲ့ သီချင်းတွေလည်း လူငယ်တွေကြားမှာ ဘယ်တော့မှရိုးမသွားတဲ့ သီချင်းတွေအဖြစ် ရှိနေတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ထက်ယံက အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်တစ် ယောက်အဖြစ်
ဇာတ်လမ်းတွဲတစ်ခုမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ မကြာသေးခင်လပိုင်းကမှ “ချစ်လိုက်” Music Series ကို ပရိသတ်တွေဆီချပြခဲ့တဲ့ ထက်ယံက သီချင်းတိုင်းကလည်း ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်သလို MV ကလည်း
အရမ်းကို စွဲဆောင် မှုရှိတာ တွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ ထက်ယံက သူနဲ့ X-box တို့ သီဆိုထားကြတဲ့ “မင်း ထက် နိဗ္ဗာန်ကိုမလိုချင်” သီချင်းလေးနဲ့ ချစ်စရာကောင်းအောင် Tik Tok ရိုက်ထားတဲ့ နိုင်ငံခြား သူ လေးရဲ့ ဗီဒီယိုကို
အခုလိုပဲ ချပြလာခဲ့တာကို တွေ့ရပါတယ်။ ထက်ယံကတော့ သူ့ရဲ့ သီချင်းလေးက အနောက်တိုင်းနိုင်ငံထိပါ ပေါက်ရောက်နေတာကြောင့် တော်တော်လေး ဝမ်းသာနေမှာသေချာပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့
နိုင်ငံခြားသူလေးကိုကြည့်ပြီး ကြွေဆင်းသွားကြပြီ ထင်ပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်