International News Knowledge

အိမ်ထောင်မပြုပဲ ကလေးပဲလိုချင်လို့ အငှားကိုယ်ဝန်နဲ့ ကလေးယူခဲ့တဲ့ အမျိုးသား

အိမ္ေထာင္က်ၿပီး ဇနီးေမာင္ႏွံအမ်ားစုဟာ မိသားစုေလးတစ္ခု ဖန္တီးႏိုင္ဖို႔ အခ်ိန္ယူရပါတယ္။ ေငြေရးေၾကးေရး အဆင္မေျပလို႔ ကေလးမယူေသးတာ၊ ခ်ိဳ႕ယြင္းခ်က္ရွိလို႔ သားသမီးမရႏိုင္တာ စတဲ့ ျပႆနာေတြက ကေလးရဖို႔ ၾကန႔္ၾကာေစတဲ့ အေၾကာင္းေတြပါ။ ဒါေပမယ့္ ကေနဒါႏိုင္ငံသား ေနသန္ခ်န္ဆိုသူ အမ်ိဳးသားတစ္ဦးကေတာ့ ဖခင္တစ္ေယာက္ျဖစ္ခ်င္တာေၾကာင့္ ကေလးရဖို႔အေရး (၈) ႏွစ္တိုင္ ႀကိဳးစားအားထုတ္ခဲ့ပါတယ္။

အသက္(၃၃) ႏွစ္ရွိၿပီျဖစ္တဲ့ ခ်န္က “ကြၽန္ေတာ္က အခုထက္ထိ လူလြတ္တစ္ေယာက္ပါ။ ကြၽန္ေတာ့္အတြက္ သင့္ေတာ္တဲ့ အမ်ိဳးသမီးလည္း မေတြ႕ေသးပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္က မိသားစုဘဝေလး ဖန္တီးခ်င္တယ္။ ကေလးလိုခ်င္တယ္။ သူမ်ားေတြလို အသက္ႀကီးမွ ကေလးခ်ီရတာမ်ိဳး မျဖစ္ခ်င္ပါဘူး။” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

ဒီေလာက္ေတာင္ ကေလးလိုခ်င္မွျဖင့္ ကေလးေမြးစားလိုက္ၿပီးေရာလို႔ ထင္ေကာင္းထင္မိၾကမွာပါ။ ဒါေပမယ့္ ခ်န္ကေတာ့ သူ႔အေနနဲ႔ ကေလးေမြးစားဖို႔ ေအဂ်င္စီေတြ အမ်ားႀကီးကို ေလွ်ာက္လႊာတင္ၿပီး ျဖစ္ေပမယ့္ မေအာင္ျမင္ဘူးလို႔ ဆိုပါတယ္။ အထူးသျဖင့္ ကေလးမိဘေတြက သူတို႔သားသမီးကို လူပ်ိဳလူလြတ္တစ္ေယာက္က ေမြးစားမွာကို လက္မခံခ်င္ဘူးလို႔ ေျပာျပပါတယ္။

ခ်န္အေနနဲ႔ ေနာက္ဆုံးမွာ ေ႐ြးစရာနည္းလမ္းမရွိေတာ့တာေၾကာင့္ အငွားကိုယ္ဝန္နဲ႔ ကေလးေမြးခိုင္းဖို႔သာ စိတ္ကူးေပၚခဲ့ပါတယ္။ ကေလးမရႏိုင္တဲ့ စုံတြဲေတြၾကားမွာ ကိုယ္ဝန္ကိုယ္စားေဆာင္တဲ့ကိစၥက တြင္က်ယ္လာတာေၾကာင့္ ခ်န္က ဒီနည္းလမ္းကိုပဲ အသုံးျပဳဖို႔စိတ္ကူးရခဲ့ပါတယ္။ သူ႔အေၾကာင္းၾကားရတဲ့ သူေတြကေတာ့ “ရည္းစားတစ္ေယာက္ ေလာက္ထားလိုက္ပါလား။ ဘာလို႔ လက္ထပ္ၿပီးတဲ့အထိ မေစာင့္ႏိုင္ရတာလဲ။” စသျဖင့္ ကေလးယူဖို႔ ေဝဖန္ၾကေပမယ့္ ခ်န္ဟာ လက္မေလ်ာ့ခဲ့ပါဘူး။

အငွားကိုယ္ဝန္နဲ႔ ပတ္သက္လို႔ ခ်န္ဟာ အေႏွာင့္အယွက္အမ်ိဳးမ်ိဳးနဲ႔ ႀကဳံၿပီးကာမွ အခုလို ကေလးရခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ အငွားကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြဟာ ကေလးပ်က္က်တာ၊ ကေလးေသတာစတဲ့ ျပႆနာေတြကို ေတြ႕ႀကဳံခဲ့ရပါေသးတယ္။ ႏွစ္ေပါင္းမ်ားစြာ ေစာင့္အၿပီး ေဒၚလာ (၂၅၀,၀၀၀) ေလာက္ အငွားကိုယ္ဝန္ေတြအတြက္ ကုန္က်ၿပီးေနာက္မွာေတာ့ သမီးေလးတစ္ေယာက္ကို ရယူႏိုင္ခဲ့ပါၿပီ။ ခ်န္က “အခုေတာ့ ကြၽန္ေတာ့္မွာ သမီးေလးရွိၿပီ။

မိသားစုေလးရၿပီ။ သူမ်ားကေလးေတြက မိစုံဖစုံရွိေပမယ့္ ကြၽန္ေတာ္က တစ္ေယာက္တည္းသမားဆိုေတာ့ သမီးေလးကို ႏွစ္ေယာက္စာ ပိုၿပီး ေစာင့္ေရွာက္ရမယ္။” လို႔လည္း ေျပာျပသြားပါတယ္။ ခ်န္ကေတာ့ သူ႔အျဖစ္ဟာ မိန္းမမယူခ်င္ပဲ ကေလးပဲလိုခ်င္တဲ့ အမ်ိဳးသားေတြအဖို႔ေတာ့ စိတ္အားတက္ဖြယ္ရာ ျဖစ္လိမ့္မယ္လို႔ ဆိုသြားပါေသးတယ္။

Unicode

အိမ်ထောင်မပြုပဲ ကလေးပဲလိုချင်လို့ အငှားကိုယ်ဝန်နဲ့ ကလေးယူခဲ့တဲ့ အမျိုးသား

အိမ်ထောင်ကျပြီး ဇနီးမောင်နှံအများစုဟာ မိသားစုလေးတစ်ခု ဖန်တီးနိုင်ဖို့ အချိန်ယူရပါတယ်။ ငွေရေးကြေးရေး အဆင်မပြေလို့ ကလေးမယူသေးတာ၊ ချို့ယွင်းချက်ရှိလို့ သားသမီးမရနိုင်တာ စတဲ့ ပြဿနာတွေက ကလေးရဖို့ ကြန့်ကြာစေတဲ့ အကြောင်းတွေပါ။ ဒါပေမယ့် ကနေဒါနိုင်ငံသား နေသန်ချန်ဆိုသူ အမျိုးသားတစ်ဦးကတော့ ဖခင်တစ်ယောက်ဖြစ်ချင်တာကြောင့် ကလေးရဖို့အရေး (၈) နှစ်တိုင် ကြိုးစားအားထုတ်ခဲ့ပါတယ်။

အသက်(၃၃) နှစ်ရှိပြီဖြစ်တဲ့ ချန်က “ကျွန်တော်က အခုထက်ထိ လူလွတ်တစ်ယောက်ပါ။ ကျွန်တော့်အတွက် သင့်တော်တဲ့ အမျိုးသမီးလည်း မတွေ့သေးပါဘူး။ ဒါပေမယ့် ကျွန်တော်က မိသားစုဘဝလေး ဖန်တီးချင်တယ်။ ကလေးလိုချင်တယ်။ သူများတွေလို အသက်ကြီးမှ ကလေးချီရတာမျိုး မဖြစ်ချင်ပါဘူး။” ဆိုပြီး ပြောပြခဲ့ပါတယ်။

ဒီလောက်တောင် ကလေးလိုချင်မှဖြင့် ကလေးမွေးစားလိုက်ပြီးရောလို့ ထင်ကောင်းထင်မိကြမှာပါ။ ဒါပေမယ့် ချန်ကတော့ သူ့အနေနဲ့ ကလေးမွေးစားဖို့ အေဂျင်စီတွေ အများကြီးကို လျှောက်လွှာတင်ပြီး ဖြစ်ပေမယ့် မအောင်မြင်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ကလေးမိဘတွေက သူတို့သားသမီးကို လူပျိုလူလွတ်တစ်ယောက်က မွေးစားမှာကို လက်မခံချင်ဘူးလို့ ပြောပြပါတယ်။

ချန်အနေနဲ့ နောက်ဆုံးမှာ ရွေးစရာနည်းလမ်းမရှိတော့တာကြောင့် အငှားကိုယ်ဝန်နဲ့ ကလေးမွေးခိုင်းဖို့သာ စိတ်ကူးပေါ်ခဲ့ပါတယ်။ ကလေးမရနိုင်တဲ့ စုံတွဲတွေကြားမှာ ကိုယ်ဝန်ကိုယ်စားဆောင်တဲ့ကိစ္စက တွင်ကျယ်လာတာကြောင့် ချန်က ဒီနည်းလမ်းကိုပဲ အသုံးပြုဖို့စိတ်ကူးရခဲ့ပါတယ်။ သူ့အကြောင်းကြားရတဲ့ သူတွေကတော့ “ရည်းစားတစ်ယောက် လောက်ထားလိုက်ပါလား။ ဘာလို့ လက်ထပ်ပြီးတဲ့အထိ မစောင့်နိုင်ရတာလဲ။” စသဖြင့် ကလေးယူဖို့ ဝေဖန်ကြပေမယ့် ချန်ဟာ လက်မလျော့ခဲ့ပါဘူး။

အငှားကိုယ်ဝန်နဲ့ ပတ်သက်လို့ ချန်ဟာ အနှောင့်အယှက်အမျိုးမျိုးနဲ့ ကြုံပြီးကာမှ အခုလို ကလေးရခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အငှားကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကလေးပျက်ကျတာ၊ ကလေးသေတာစတဲ့ ပြဿနာတွေကို တွေ့ကြုံခဲ့ရပါသေးတယ်။ နှစ်ပေါင်းများစွာ စောင့်အပြီး ဒေါ်လာ (၂၅၀,၀၀၀) လောက် အငှားကိုယ်ဝန်တွေအတွက် ကုန်ကျပြီးနောက်မှာတော့ သမီးလေးတစ်ယောက်ကို ရယူနိုင်ခဲ့ပါပြီ။ ချန်က “အခုတော့ ကျွန်တော့်မှာ သမီးလေးရှိပြီ။

မိသားစုလေးရပြီ။ သူများကလေးတွေက မိစုံဖစုံရှိပေမယ့် ကျွန်တော်က တစ်ယောက်တည်းသမားဆိုတော့ သမီးလေးကို နှစ်ယောက်စာ ပိုပြီး စောင့်ရှောက်ရမယ်။” လို့လည်း ပြောပြသွားပါတယ်။ ချန်ကတော့ သူ့အဖြစ်ဟာ မိန်းမမယူချင်ပဲ ကလေးပဲလိုချင်တဲ့ အမျိုးသားတွေအဖို့တော့ စိတ်အားတက်ဖွယ်ရာ ဖြစ်လိမ့်မယ်လို့ ဆိုသွားပါသေးတယ်။

Credit-CELE DAILY