Knowledge Local News
ဝန်ထမ်းတွေရဲ့ဘဝကိုစာနာပြီး ဝန်ထမ်း(၃၀)ကျော်အတွက်တစ်ယောက်ကိုသိန်းဆယ်ချီပြီး ထောက်ပံ့လှူဒါန်းပေးခဲ့တဲ့အလုပ်ရှင် (ရုပ်သံဖိုင်)
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဒီနေ့တပည့်တွေကိုမုန့်ဖိုးတယောက် ၁၀ သိန်းပေးလိုက်ပါပီ၊ အားလုံးအတွက်စုစုပေါင်း သိန်း ၃၀၀ ဝန်းကျင်ပါ၊ ကိုယ်လည်းအဆင်ပြေလို့ ချမ်းသာလို့တော့မဟုက်ပါဘူး၊ ဒါပေမယ့်သူတို့အတွက်တော့လိုအပ်တာများအတွက်ထောက်ပံ့မှုတစ်ခု
ဖြစ်ကြပါစေ၊ ဘာပဲပြောပြောဒီလိုပေးရတဲ့ဘဝကို ကျေနပ်ပါတယ် ယူသောလက်မဖြစ်ချင် ပေးသောလက်ပဲ ဖြစ်ပါရစေပေါ့၊ လွန်ခဲ့တဲ့ ၁၂ နှစ်ကကိုယ်ကတလမှ ၁၂၀၀၀၀ ပဲရခဲ့တဲ့ဝန်ထမ်းတယောက်ကနေ ဒီလိုနေရာလေးတခုဖြစ်လာဖို့
တပည့်တွေက ကိုယ့်ရဲ့ရဲဖော်ရဲဘက်တွေပါပဲ၊ ဝန်ထမ်းဘဝနေ လုပ်ငန်းရှင်ဖြစ်လာတဲ့အတွက်ဝန်ထမ်းဘဝရဲ့အခက်ကိုလဲသိတယ်လုပ်ငန်းရှင် တယောက်ရဲ့ အခက်အခဲတွေကိုလဲ သိပါတယ်၊ ဒီနှစ်ခုကြားဘဝထဲမှာအဆင်ပြေပြေ
နေနိုင်ဖို့အတွက်အမြဲကြိုးစားနေတယ်။ နောင်နှစ်တွေမှာလဲအမြဲပေးနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ ဘယ်အရာမှတော့ ကြိုပြောလို့မရတဲ့အတွက် မဆုက်မနစ်သော ဇွဲ လုံ့လ ဝီရိယ ကြိုးစားကြပါစို့၊ အားလုံးပျော်ရွှင်ပါကြပါစေတပည့်တို့
ဝန်ထမ်း ၃၀ ကျော်ရဲ့နောက်ကမှီခိုနေတဲ့ မိသားစု ၃၀ ကျော်လည်း ပျော်ရွှင်ကြပါစေ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်