မိဘနှစ်ပါးလုံးကိုမြုပ်ထားတဲ့ သင်္ချိုင်းမြေပုံကိုနေ့တိုင်းသွားပီး အမေအဖေနာမည်ခေါ်နေတယ်ဆိုတဲ့ ကလေး

မိဘနှစ်ပါးလုံးကိုမြုပ်ထားတဲ့ သင်္ချိုင်းမြေပုံကိုနေ့တိုင်းသွားပီး အမေအဖေနာမည်ခေါ်နေတဲ့ ကလေး

လူတိုင်းကတော့ တစ်ချိန်ချိန်တစ်နေ့နေ့မှာ ကိုယ်ချစ်ရသူတွေနဲ့ ကြုံဆုံ ၊ ကွဲကွာ ၊ ထားရစ် ခဲ့ရမှာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း 2နှစ်သားအရွယ် မလေးရှားနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ ကားအက်ဆီးဒင့်ကြောင့် မိဘနှစ်ပါးလုံးကို တစ်ကြိမ်ထဲမှာပဲဆုံးရှုံးသွားခဲ့ရပါတယ် ။ မိခင်ကို အတော်လေးလွမ်းဆွတ်နေခဲ့တဲ့ သားငယ်လေးဟာ မိဘနှစ်ပါးလုံးကိုမြုပ်နှံထားတဲ့ သဲမြေပုံလေးအကြား သဲမြေတွေနဲ့ဆော့ကစားနေခဲ့တာကို မခံစားနိုင်လို့ ကလေးငယ်ရဲ့အဖြစ်ကို အဒေါ်ဖြစ်သူက Facebook စာမျက်နှာပေါ်မှာ ဝေမျှသွားပေးခဲ့ပါတယ် ။

အဒေါ်ဖြစ်သူ ရေးသားထားခဲ့တာကတော့ ” ကလေးငယ်က အမေနဲ့စကားပြောချင်တယ်ဆိုလို့ သူ့ရဲ့မိဘနှစ်ပါးကို မြုပ်နှံထားတဲ့ နေရာကိုခေါ်လာပေးခဲ့တာပါ ။ သူ့ရဲ့ အမေကဒီနေရာမှာရှိနေတယ်ဆိုပြီးပြောပြလိုက်ချိန်မှာတော့ ကလေးငယ်က ‘မေမေ ၊ မေမေ ‘ ဆိုပြီးအော်ခေါ်နေခဲ့တာပါ ။ကလေးငယ်က အိမ်ခေါ်ပြန်လို့လည်းမရတော့ပါဘူး ။ အိမ်မှာသဲတွေလုံးဝမဆော့တဲ့ကလေးက ဒီမှာကျသဲမြေတွေနဲ့ဆော့ကစားနေခဲ့တာပါ ။ သူ့မိဘတွေကို အတော်လေးသတိရနေပုံပါပဲ ၊ အိမ်ပြန်ဖို့လည်း ငြင်းနေခဲ့တယ်

နောက်တစ်ကြိမ်မှပြန်လာလည်ရအောင် Arfan ဆိုပြီး ပြောခဲ့ရတယ် ” ဆိုပြီး ကလေးငယ်ရဲ့ ရင်နင့်ဖွယ်အဖြစ်ကို ရေးသားထားခဲ့တာပါ ။သားလေးဟာ အခုချိန်မှာတော့ အဘွားဖြစ်သူနဲ့အတူနေထိုင်လျက်ရှိပြီး မိဘနှစ်ပါးရှိရာနေရာသို့ အမြဲသွားရောက်လည်ပတ်လေ့ရှိကြောင်းလည်း သိရှိရပါတယ် ။

ဒါကြောင့်မို့ အခုလိုတန်ဖိုးရှိလွန်းလှတဲ့အချိန်လေးမှာ ကိုယ်ချစ်ရသူတွေကို အချိန်ပေးပြီး တန်ဖိုးရှိတဲ့ အချိန်မျိုးတွေ ၊ အမှတ်တရမျိုးတွေဖန်တီးပြီး အကောင်းဆုံးရှေ့ဆက်လျှောက်လှမ်းကြဖို့ ပြောဆိုလိုက်ရပါတယ် ။

Credit