Local News

မကြာခင် Music Video ထွက်ရှိတော့မယ် ပုရိသတွေရဲ့ အသည်းကျော် မလေး Hillary Soe

မကြာခင် Music Video ထွက်ရှိတော့မယ် ပုရိသတွေရဲ့ အသည်းကျော် မလေး Hillary Soe

မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်မလေး ပုရိသတွေရဲ့ အသည်းကျော်မလေး Hillary Soe နဲ့ နေရဲတို့ ရဲ့ Music video လေးထွက်ရှိတော့မယ့် အကြောင်းလေးပဲ ဖြစ်ပါတယ်။

ပရိသတ်တို့သိကြတဲ့ မင်းသမီးချောလေး သဇင်ထူးမြင့်နဲ့ နေရဲတို့နှစ်ယောက် ကတော့ ဟာသသရုပ်ဆောင် ဦးခင်လှိုင်ရဲ့ သားသမီးတွေပဲ ဖြစ်ပါတယ်နော်။

အခုဆိုရင် နေရဲကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ အနုပညာလောကထဲမှာ သရုပ်ဆောင်တစ်ယောက် အဖြစ် ရပ်တည်နေပေမယ့် အဆိုပိုင်းကိုလည်း ဝါသနာပါတဲ့ နေရဲကတော့

အဖေဖြစ်သူ ဦးခင်လှိုင်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တဲ့ ချိုးရုပ်ဇာတ်ကားကြီးမှာလည်း ဇာတ်ဝင်သီချင်းကို နေရဲသီဆို ပေးခဲ့ပါတယ်။ ဒါ့အပြင် မိန်းကလေး ပရိသတ်တွေမက ယောကျာ်းလေး ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အခိုင်အမာရရှိထားသူပါ။

လက်ရှိမှာတော့ နေရဲ က သူ့ရဲ့ရှူတင်ရိုက်ကွင်းပုံရိပ်တွေကို” Today MV Shooting ချစ်စရာ ညီမလေး Hillary Soe နဲ့ ချစ်စရာ အကိုတွေနဲ့ ”ဆိုတဲ့စာလေးနဲ့ ရိုက်ကွင်းပုံရိပ်တွေကို ပရိသတ်ထံ ချပြလာခဲ့တာပါ။

ပုရိသယောကျာ်းလေးတွေရဲ့ အသည်းကျော် ဆရာဝန်မလောင်းလေး Hillary Soe နဲ့ အတူတူ ရိုက်ကူးထားတဲ့ Music video လေးထွက်လာရင် နေရဲ ကိုအားပေးဖို့အသင့်ပဲလား ခင်ဗျာ။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။
Source: Nay Ye
Credit//