International News Knowledge

သားလေးမျက်နှာမငယ်အောင် ကိုယ်တိုင်ပြုလုပ်ထားတဲ့ လွယ်အိတ်လေးနဲ့ ကျောင်းတက်စေခဲ့တဲ့ ဖခင်တစ်ဦး

သားလေးမျက်နှာမငယ်အောင် ကိုယ်တိုင်ပြုလုပ်ထားတဲ့ လွယ်အိတ်လေးနဲ့ ကျောင်းတက်စေခဲ့တဲ့ ဖခင်တစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုတင်ဆက်မယ့် အကြောင်းလေးကတော့ ကမ္ဘောဒီးယား နိုင်ငံက လူအများစုမှ မိမိတို့ရဲ့ သားသမီးတွေကို ကျောင်းမပို့နိုင်တဲ့ နိုင်ငံတွေထဲမှ တစ်ခုအပါအဝင်ဆိုလည်းမမှားပါဘူး။

မိဘတွေဟာ သူတို့သားသမီးတွေကို ပညာလက် ဆောင် တစ်ခုပေးနိုင်ဖို့ တတ်နိုင်သမျှ ရုန်းကန် ပံ့ပိုးခဲကြရပါတယ်။ ကမ္ဘောဒီးယား နိုင်ငံရဲ့ ကျောင်းသုံး ပစ္စည်းတွေက သာမန် လူတန်းစားတွေအတွက် ဈေးကြီးနေတာမို့ အသုံးငွေလျော့ချနိုင်ဖို့ ဆင်းရဲ နွမ်းပါးတဲ့လယ်သမား ဖခင်တစ်ဦးက သားဖြစ်သူအတွက် (handmade) ကျောပိုးအိတ်လေး ပြုလုပ်လာခဲ့ပါတယ်။

အတန်းပိုင် ဆရာမဖြစ်တဲ့ Sophous Suon ဟာ အပြာရောင် ဇာတိအိတ်ကို လွယ်ထားတဲ့ အသက် (၅) နှစ်အရွယ် Keng အမည်ရှိတဲ့ ၎င်း လယ် သမားရဲ့သားကို သတိထားမိလာခဲ့ပါတယ်။ ၎င်း ကျောပိုး အိတ်လေးက ကြွတ်ကြွတ်ကြိုးနဲ့ကျစ်ထားတာပဲဖြစ်ပါတယ်။

အနက်ရောင်ကြိုးတွေကို နောက်ကျောမှာ ချိတ်ထားပြီး အိတ်ရဲ့ရှေ့ဖက်က ဖွင့်ပိတ်လုပ်နိုင်အောင်လည်း တပ်ဆင်ထားပါသေးတယ်။

Suonဟာ ကျောပိုးအိတ် နောက်ကွယ်က တီထွင်သူကို လေးစားမိခဲ့ကာ ၎င်း အိတ်ကို ဓာတ်ပုံရိုက်ပြီး social မှာ လူတွေက ဒီကျော ပိုးအိတ်ကို သဘော ကျခဲ့ပါတယ်။ အဖေ့ရဲ့ ချစ်ခြင်းမေတ္တာဘဲ ငါ ဒီအိတ်ကို ကြိုက်တယ် လို့ မျှဝေလာခဲ့ပါတယ်။

သူမက ကျောပိုးအိတ်တစ်လုံးက သူတို့မှာ (၇) ဒေါ် လာ (၉,၀၀၀) ကျော် အထိရှိပြီး ၎င်းက လူအများစုအတွက် မဆိုစလောက်လေး ဆိုပေမဲ့ Keng နဲ့ သူ့မိသားစုကဲ့သို့သော သာမန်လူတွေအတွက်ကတော့ ၎င်းက အစားအစာ နဲ့ အခြားပစ္စည်းများကို ရှင်သန်ရန်အတွက်ဘဲ ငွေဖြုန်းလိမ့်မယ်လို့ ပြောပြလာခဲ့ပါတယ်။

ဓာတ်ပုံ ပျံ့နှံ့သွားခဲ့ပြီး မကြာတော့ Suonဟာ ကလေးကို ထောက်ပံ့ပေးမယ့် သူစိမ်းတွေထံမှ မက်ဆေ့ခ်ျများစွာ လက်ခံရရှိလာခဲ့ပါတယ်။ Suon ဟာ နိုင်ငံ ခြားသားအချို့က သူ့ကိုအိတ်ပို့ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကျောင်းအုပ်ကလည်း သူတို့ပို့ပေးလို့ရမယ့် လိပ်စာကို ပြန်ပို့ပေးလိုက်ပြီလို့ မျှဝေလာခဲ့ပါသေးတယ်။ ကျော ပိုးအိတ်ကို ကြည့်ရင်တော့ လယ် သမားရဲ့ သားလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဟာ ကြီး မားလွန်းတာကို ခံစားမိကြမယ်လို့ထင်ပါတယ်။

အဆုံးထိဖတ်ရူ့ အားပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးတင်လျက်ပါ။

Credit