Sports

အနိုင်သုံးမှတ်အတွက် အပြိုင်ကြဲမယ့် ယူနိုက်တက်နဲ့ ဝုဗ်တို့ရယ့် ပွဲကြိုသုံးသပ်ချက်

ကျွန်တော်တို့ ယူနိုက်တက်အသင်းဟာ ဝုဗ်အသင်းကို ဒီဇင်ဘာလ 30ရက်နေ့ အင်္ဂါနေ့ည ဗုဒ္ဓဟူးနေ့ မနက် 2 နာရီခွဲတွင် အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာဘဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဒ်ပွဲစဉ် 16 အဖြစ် ယှဉ်ပြိုင်ကစား ရမှာ ဖြစ်သော်လည်း ယူနိုက်တက်ဟာ တစ်ပွဲလျော့ အနေ အထားနဲ့ ရမှတ် 27 မှတ်ဖြင့် အဆင့် 4 မှာ ရပ်တည်လျှက်ရှိပါတယ်။

ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့မယ့် ဝုဗ်အသင်းကတော့ ရမှတ် 21 မှတ်ဖြင့် အဆင့် 11 မှာ ရပ်တည်နေပါတယ်  ယူနိုက်တက်ဟာ လက်စတာကို သရေ ကျခဲ့ တာကြောင့် အဆင့် 2 နဲ့လွှဲချော်ထားတာကြောင့် ဝုဗ်နဲ့ ပွဲမှာ ပိုမိုအားစိုက် ကြိုးပမ်းရမှာပါ။

ယူနိုက်တက်တို့ရယ့် အဝေကွင်း နိုင်ပွဲဆက်‌နေတာကို လက်စတာတို့က ရပ်တန့်စေခဲ့ပါတယ် ဒဏ်ရာ ရရှိတဲ့ သားရဲဟာ ကြောက်စရာကောင်းသကဲ့သို့ ယူနိုက်တက်တို့လည်း ဝုဗ်ကို အသားကုန် အမုန်းတီးဖို့ အကြောင်းဖန်လာတာပါ။

ဝုဗ်အနေနဲ့ ကြည့်မယ်ဆိုလျှင်လည်း စပါးအသင်းကို သရေခံကန်လာတာကိုက ချီးကျူးစရာပါ အသင်းကြီးဆိုလျှင် ခြေစွာလေ့ရှိတဲ့ ဝုဗ်ကလည်း ယူနိုက်တက်တို့ လျှော့မတွက်သင့်ပါ ယူနိုက်တက် တိုက်စစ်သမားတစ်ယောက်ဖြစ်တဲ့ ရက်ဖို့ဒ်ကတော့ လက်စတာနဲ့ ပွဲက သွင်းဂိုးဟာ သူ့ရယ့် ပရီးမီးယားလိဒ်သွင်းဂိုး 50 ပြည့်ခဲ့ပြီဘဲဖြစ်ပါတယ်။

ဘရူနိုကလည်း ရော်နယ်ဒို အလွန် တစ်ရာသီထဲ ပရီးမီးယားလိဒ် သွင်းဂိုး 10ဂိုး အထိရှိလာတဲ့ ပေါ်တူဂီ ကစားသမားဖြစ်လာခဲ့ပါတယ် ပုံစံကောင်းတွေ စံချိန်ကောင်းတွေပြသလျှက်ရှိတဲ့ ယူနိုက်တက်တို့ ဝုဗ်အသင်းကို အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာ ဘယ်လိုယှဉ်ပြိုင်သွားမယ်ဆိုတာ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER