Local News

နားလေးနေတဲ့ အသက် ၉၀ ကျော် အမေကြီးကိုမှ လာပစ်ထားသွားရက်တယ်ဗျာ

နားလေးနေတဲ့ အသက် ၉၀ ကျော် အမေကြီးကိုမှ လာပစ်ထားသွားရက်တယ်ဗျာ

ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ အရမ်းကိုမှ စိတ်မကောင်းဖြစ်ရတဲ့ အသက် ၉၀ ကျော် အမေကြီးကို လာပစ်သွားတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ သားသမီးတွေဟာ အရင်ကလို မဟုတ်တော့ဘူး။ တကယ်ကို ကြောက်ဖို့ကောင်းလာပါပြီ။

ဒီလို လူတိုင်းကကြောက်ရတဲ့ ရောဂါအချိန်ကြီး ကိုဗစ်ကာလမှာ ဆောင်းတွင်းကြီးလည်းဖြစ် ညဘက်ဆို ချမ်းစိမ့်နေရတဲ့အထဲ အမေကြီးကို ဘယ်လိုစိတ်နဲ့များ လာပစ်သွားတယ်ဆိုတာ စဥ်းစားလို့ကို မရဘူး။ အမေကြီးခမျာ အသက်ကကြီးပြီ။ ကိုယ်ခံအားက နည်းနည်း နဲ့ လုပ်ကိုင် စားသောက်ဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့ အခြေနေကြီးမှ

ဒီလိုလုပ်တာဟာ ဘယ်လိုစိတ်နဲ့လည်းဆိုတာ သိချင်မိတယ်။ အလုပ်အကိုင် အဆင်မပြေရင်လည်း ရှိတာနဲ့ ခြိုးခြံချွေတာပြီး အသားဟင်း မစားရရင်တောင် ထမင်းနပ်မှန်နေပြီး မိသားစု သိုက်သိုက် ဝန်းဝန်းလေးနဲ့ဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် နွေးထွေးမှုရှိဦးမယ်။ အခုဟာကတော့ လွန်လွန်းအားကြီးပါတယ်။

ယခုပြထားတဲ့ ပုံရိပ်ထဲက အမေကြီးက အသက်၉၀ ကျော်ပါပြီ။ ဒီအမေကြီးကို မန္တလေးမြို့ ကမ်းနားလမ်းမှာ လာပစ်သွားခဲ့တာပါ။ ကူညီဖို့ သွားရောက် မေးမြန်းလိုက်တဲ့အခါ မြင်တွေ့တဲ့ သူတွေက အမေကြီးကို ညကုန်စိမ်းစျေးရဲ့ မြောက်ဖက်လမ်းလယ်ကျွန်းမှာ သုံးဘီးနဲ့ လာပစ်သွားတယ်လို့ သိရပါတယ်။

သို့သော် ပိုပြီးစိတ်မကောင်းဖြစ်ရတာဟာ အမေကြီးက နားမကြားရလို့ ဘာမှမေးမရပါဘူး။ အမေကြီးဟာ အခုဆိုရင် ညဘက်တွေ အိပ်ရဖို့က လုံးဝအဆင်မပြေပဲ တကယ်ကို အခက်တွေ့နေရတာပါ။ ဒါကြောင့် အလင်းစေတမန် အသင်းကို အကူညီတောင်းဖို့ ချိတ်ဆက်ထားပါတယ်။

Credit:စိုင်းနေမျိုး မောင်မောင်