Sports

ဖြစ်နိုင်ရင် ဘရူနိုနဲ့ ဘောလုံးအတူတူကန်ချင်တယ်လို့ ပြောခဲ့တဲ့ သရဲနီတပ်သားဟောင်းကြီး

ဖြစ်နိုင်ရင် ဘရူနိုနဲ့ ဘောလုံးအတူတူကန်ချင်တယ်လို့ ပြောခဲ့တဲ့ သရဲနီတပ်သားဟောင်းကြီး

ယူနိုက်တက်ရယ့် ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ပေါလ်စခိုးကတော့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ရယ့် ယူနိုက်တက်အပေါ် အကျိုးသက်ရောက်ပုံကို ချီးမွှမ်း သုံးသပ်ခဲ့ပါတယ်။

ထို့အပြင် ဘရူနိုရယ့် နောက်ဘက်အခြမ်းမှာ ပေါစခိုးက ကစားချင်တဲ့အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။ ပေါလ်စခိုးက ” ဖာနန်ဒက်ဟာ ကျွန်တော့်ထက် ပိုကောင်းတဲ့ကစား သမားပါ။

ကျွန်တော့်ကစားပုံနဲ့လည်း ကွဲ ပြားနေပါသေးတယ်။ ကျွန်တော့်ထက် ဂိုးတွေဂိုးတွေပိုသွင်းတယ် ဒါနဲ့ ဂိုးရရှိဖို့အတွက် ကျွန်တော့်ထက်တောင် ပိုပြီးဖန်တီးပေး နိုင်တဲ့ ကစားသမားမျိုးပါ ဖြစ်နိုင်ရင် သူနဲ့နောက်ဘက် ခြမ်းကနေ ​နေရာယူပြီး သူနဲ့အတူကျွန်တော်ကစားချင်ပါတယ်။

သူဟာ လုံးဝကို ကောင်းတဲ့ကစားသမားတစ်ဦး ဖြစ်သလို ပွဲ အခြေအနေကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ကစား သမားပါ ကျွန်တော်ထင်တာကိုပြောပြရရင် ဖာနန်ဒက် ယူနိုက်တက် ဆီရောက်လာပြီးနောက်ပိုင်း ဂိုးရဖို့အတွက်သိပ်ပြီး စိတ်ပူစရာတွေမရှိတော့ပါဘူး။

ယူနိုက်တက်မှာရှိကြတဲ့ ကစားသမားတိုင်းဟာလည်း ဖန်တီးမှုတွေလုပ်နိုင်ကြတယ် အခုဆို ရင် ယူနိုက်တက်ဟာဆိုရင် ဖာနန်ဒက်ရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် တစ်ပွဲကို အနည်းဆုံး နှစ်ဂိုး၊ သုံးဂိုးတောင်သွင်းယူနိုင်ပြီးဖြစ်တယ် “ဆိုပြီး ပြောခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER