Sports

ဝုဗ်အသင်းက ပေါ်တူဂီအသင်းဖော်‌တွေနဲ့ ရင်ဆိုင်ရမယ့် ဘရူနိုဖာနန်ဒက်

ယူနိုက်တက်အသင်းဟာ ယနေ့ည မနက်ဖြန်မနက် 2နာရီခွဲမှာ ဝုဗ်နဲ့ ယှဉ်ဆိုင်ကစား ရမှာဘဲဖြစ် ပါတယ် ဝုဗ်အသင်းမှာ ဂိုးသမားကအစ ပေါ်တူဂီသား‌ တွေ နေရာရထားတာဖြစ်ပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်ဟာ သူ့ရယ့် ပေါ်တူဂီအသင်းဖော်တွေနဲ့ ယှဉ်ဆိုင်ရမှာဘဲဖြစ်ပါတယ် ယူနိုက်တက်အတွက် ပထမဆုံးပွဲစဉ်မှာလည်း ဝုဗ်နဲ့ ဘရူနိုဟာ ကစားခဲ့ရတာပါ။

ဘရူနိုက သူ့ရယ့် ပေါ်တူဂီသားတွေနဲ့ တွေ့ရမှာဖြစ်သော်လည်း ယူနိုက်တက်အနိုင်ရဖို့ ကြိုးစားသွားဖို့က အဓိကဆိုပြီး ပြောကြားခဲ့ပါတယ် ဘရူနိုက ” ဝုဗ်နဲ့ကစားရမယ့် ပွဲစဥ်ဟာကျွန်တော့် အတွက် အထူးကောင်းမွန်တဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်လာလိမ့် မယ်ဗျ။

အကြောင်းကတော့ သူတို့နဲ့ကစားခဲ့ဖူးတဲ့အချိန် တုန်းက ကျွန်တော့်ရဲ့ ယူနိုက်တက်ပထမဆုံးပွဲစဥ်ဖြစ်ခဲ့ လို့ပါ ရည်မှန်းထားတာတော့ အနိုင်ရဖို့က တူညီနေဆဲ ပဲ ဖြစ်တယ် တကယ်တမ်းတော့ ဝုဗ်နဲ့ကစားရတာက နိုင်ငံပွဲစဥ်က ကျွန်တော့်အသင်းဖော်တွေနဲ့ ပြန်ကစားရတာနဲ့အတူတူပဲ။

ပေါ်တူဂီမှာကစားတုန်းကတော့ ဒါမျိုးတွေရင်ဆိုင်ခဲ့ဖူး တယ်ဗျ သူတို့နဲ့ပြန်တွေ့ရတာက အမြဲတမ်းကောင်းပါ တယ် ဝုဗ်အသင်းမှာကျွန်တော့်သူငယ်ချင်းတွေအများ ကြီးရှိပါတယ် ဒါပေမယ့် သူတို့ကို အနိုင်ကစားဖို့ပဲ ကျွန်တော် ကြိုးစားပါတယ် “ဆိုပြီး ပြောကြားခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER