International News Knowledge

ဆွေမျိုးတွေမြင်မှာ ကြောက်လို့ မျက်နှာဖုံးစွပ်ပြီး ထီဆုကြေးထုတ်ခဲ့သူ

ဆွေမျိုးတွေမြင်မှာကြောက်လို့ မျက်နှာဖုံးစွပ်ပြီး ထီဆုကြေးထုတ်ခဲ့သူ

ထီဆုကြီးကို ပေါက်ခဲ့တဲ့ အမျိုးသား တစ်ယောက် ကတော့ ဆွေမျိုးတွေမြင်မှာ စိုးရိမ်တဲ့ အတွက်ကြောင့် မျက်နှာဖုံး စွပ်ပြီးတော့ ဆုကြေးငွေ လက်ခံ ရယူခဲ့ တယ်လို့ သိရတာ ဖြစ်ပါတယ်နော်။

အေကမ်းဘဲလ် (A Campbell) လို့ အမည် ရသော ဂျမေကာ နိုင်ငံသားကတော့ ပြီးခဲ့တဲ့ နှစ်တုန်းက နိုဝင်ဘာလ မှာ ဂျမေကာဒေါ်လာ ၁၅၈.၄ သန်း (အမေရိကန် ဒေါ်လာ ၁.၁၇ သန်း)

တန် ထီဆုကြီးကို ဆွတ်ခူးခဲ့ တာဘဲ ဖြစ်ပါတယ်နော်။ဒါပေမဲ့လည်း သူကတော့ ဆုကြေးငွေ ထုတ်ယူဖို့ အတွက် ကို (၅၄) ရက်ကြာ စောင့်ဆိုင်းခဲ့တယ်လို့ သိရပါတယ်နော်။

ထီဆုကြေးငွေကို လာရောက် ထုတ်ယူချိန်မှာတော့ အေကမ်းဘဲလ်ကတော့ ၁၉၉၆ ခုနှစ်ထွက်သော Scream ဇာတ်ကားထဲကလိုမျိုး မျက်နှာဖုံးဝတ်ဆင်လာခဲ့ပြီးတော့

သူ့ရဲ့ဓာတ်ပုံတွေကတော့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့တာဘဲ ဖြစ်ပါတယ်နော်။Credit

Unicode…





