Sports

နောက်ကျဂိုးနဲ့ ဝုဗ်ကို အနိုင်ရပြီး အဆင့်နှစ်ကို ရောက်ရှိခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ညက အို့ထရတ်ဖို့ဒ်ု ကွင်းကြီးမှာ ယှဉ်ပြိုင်သွားတဲ့ ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်မှုး ရက်ဖို့ဒ်ရယ့် နောက်ကျဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ် ယူနိုက်တက်နည်းပြဆိုးရှားလ်‌ကတော့ ကွင်းလယ်မှာ မာတစ်၊ ဘရူနို၊ ပေါ့ဘာ အတွဲကို အသုံးပြုပြီး ဂိုးသမား ဒီဂီယာ နောက်တန်းမှာ ဘိုင်လီ၊ တဲလက်စ်၊ မက်ဂွိုင်းယား၊ ဘစ်ဆာကာ နှင့် ရှေ့တန်းမှာ ကာဗာနီ၊ ရက်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ကို ပွဲထွက်စေခဲ့ပါတယ်။

ပွဲအစကတည်းက နှစ်ဘက်အသင်းလုံးရယ့် ခံစစ်ဟာ ထိန်းကစားခဲ့တာကိုတွေ့ရပါတယ် တိုက်စစ်မှာလည်း ရက်ဖို့ဒ်ရယ့် အလိမ်အခေါက်တွေက အသုံးမ၀င်ခဲ့ပါဘူး။ ကာဗာနီ နဲ့ ဂရင်းဝုဒ်တို့က ရရှိတဲ့ အခွင်းအရေးတွေကို အဆုံးမသတ်နိုင်ခဲ့ပါဘူး ဝုဗ်အသင်းကလည်း နီတိုရယ့် ကန်ချက်တွေ ဂိုးသမားဒီဂီယာ လက်မှာ ကျရှုံးခဲ့ရတာတွေချည်းပါ။

ဝုဗ်အသင်းက အပြေးအား တိုးအားနဲ့ တန်ပြန်တိုက်စစ်ကို ပုံဖော်နိုင်တဲ့ ထရာအိုရီ တစ်ယောက်လည်း ဘိုင်လီကို မကြော်ခဲ့ပါဘူး တောင်ပံကနေ ယူနိုက်တက် ကစားသမားတဲလက်စ်ရယ့် ဖြတ်တင်ဘောတွေ တော်တော်များများက ဝုဗ်နောက်တန်းက ဖြတ်ထုတ်မှုတွေကြောင့် အခွင့်အရေးတွေ ဆုံးရှူံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တဲလက်စ်အစား လုခ်ရှော၀င်ခဲ့ပြီး ဂရင်းဝုဒ်နေရာကို မာရှယ်၀င်ကစားစေခဲ့ပါတယ်လူစားပြောင်းလဲမှုတွေ လုပ်စေခဲ့ပါတယ် မာရှယ်လည်း အခွင့်အရေးတွေ ကောင်းစွာအသုံးမချနိုင်ခဲ့ပါဘူး ဒိုင်လူကြီးရယ့် ဆုံးဖြတ်ချက်တစ်ချို့က လည်း ယူနိုက်တက်ကို နစ်နာမှုတွေ များခဲ့ပါတယ်ာ ပွဲချိန်ပြည့်လို့ အချိန်ပိုမှာ ဘရူနိုရယ့် ဖြတ်တင်ဘောကတစ်ဆင့် ရက်ဖို့ဒ်က သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ ယူနိုက်တက်ကို ရမှတ်30နှင့် တစ်ပွဲလျော့အနေအထားမှာ အဆင့် 2 မှာ ရပ်တည်နိုင်ခဲ့ပါ တယ် ဝုဗ်ကတော့ အဆင့် 12 မှာ ရပ်တည်နေပါတယ်။ ယူနိုက်တက်ဟာ အဆင့် 1 က လီဗာပူးလ် နဲ့ 2မှတ်အကွာမှာ ဖိအားပေးထားပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER