Sports

အသက်79နှစ်ပြည့်မြောက်ပြီဖြစ်တဲ့ ယူနိုက်တက် ဂန္တ၀င်နည်းပြကြီး ဖာဂူဆန်

မန်ချက်စတာယူနိုက်တက် ဆိုတဲ့အကြောင်းကိုပြောလိုက်တာနဲ့ ဘောလုံးပရိတ်သတ်တွေအကုန်လုံးရယ့် အသိမှာ ဆာအဲလက်ဖာဂူဆန် ဆိုတဲ့ နည်းပြကြီး က မပါမဖြစ်ပါ ယနေ့ ဒီဇင်ဘာ31ရက်နေ့မှာ အသက် 79 နှစ် ပြည့်မြောက်ခဲ့ပြီဘဲဖြစ်ပါတယ် လူတိုင်းလည်းသိသလို ယူနိုက်တက်ပရိတ်သတ်တွေရယ့် ရင်ထဲမှာ အမြဲတမ်းရှိနေသူပါ။

ယူနိုက်တက်ပရိတ်သတ်တွေရယ့် အချစ်က သူ့ဆီမှာဘဲ ရှိပါတယ် ယူနိုက်တက်အတွက် သူ့ရယ့် ပေးဆပ်ခဲ့တာတွေ အမြော်အမြင်ကြီးမှု တွေ ဆုံးဖြတ်ချက်တွေက အရေးပါခဲ့ပါတယ် သူ့နဲ့အတူ အောင်မြင်ခဲ့တဲ့ ယူနိုက်တက် ကို မေ့ထားလို့မရပါဘူး ယခုချိန်ထိ ယူနိုက်တက် ပွဲစဉ်တိုင်း အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာ မြင်နေရတာ စိတ်ချမ်းသာစရာပါ။

ယူနိုက်တက်ကို ကိုင်တွယ် ခဲ့စဉ် ပွဲပေါင်း 1500မှာ နိုင်ပွဲ 895 ပွဲ သရေ 338ပွဲ ရှုံးပွဲ 267ပွဲ ထိရှိခဲ့ပါတယ် ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဒ်ကို 13ကြိမ်ထိ ဖလားဆွတ်ခူးခဲ့ပြီး ချန်ပီရံလိဒ် 2ကြိမ်၊ ကွန်မြူနတီ ဒိုင်း 10ကြိမ်၊ FAဖလား 5ကြိမ်၊ ခါရာဘောင်ကပ် 4ကြိမ်၊ ဥရောပ စူပါဖလား 1ကြိမ်၊ ကမ္ဘာ့ကလပ်ချန်ပီရံ

1ကြိမ်၊ အင်တာနေရှင်နယ်ဖလား 1ကြိမ်၊ ဥရောပ Cup winner cup 1ကြိမ် ဆုတွေ ရယူပေးခဲ့သူပါ။ ယူနိုက်တက်ရယ့် ဂန္တ၀င်နည်းပြကြီး ဖာဂူဆန်တစ်ယောက် 79နှစ်ပြည့် မွေးနေ့မှစ၍ ကျန်းမာသက်ရှည်ပါစေ ဆုတောင်းရင်း။….

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER