သမီးကိုယ်တိုင်က အမေကြီးကို လာပစ်သွားတဲ့ ဖြစ်ရပ်

သမီးကိုယ်တိုင်က အမေကြီးကို လာပစ်သွားတဲ့ ဖြစ်ရပ်

ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ မျက်လုံးမကောင်းတော့တဲ့ အမေကြီးကို လူမဆန်စွာ သုဿန်ဟောင်းမှာ သမီးနဲ့ သားမက်ဖြစ်သူက လာရောက်စွန့်ပစ်သွားတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

ဒီလို ကြောက်စရာကောင်းတဲ့ ကိုဗစ်ကာလကြီးမှာ ဘယ်သူမှအပြင်မထွက်ကြပဲ အကုန်လုံး stay home ကာ အိမ်မှာပဲ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတာပါ။ ဒါ့အပြင် ဆောင်းတွင်းကလည်း ဖြစ်နေတဲ့အတွက် ညဘက်တွေဆိုလည်း အရမ်းကို ချမ်းစိမ့်နေပါတယ်။

ဒီလိုအချိန်မှာမှ ဘယ်လိုစိတ်မျိုးနဲ့ ကိုယ့်ကို မွေးထုတ်ပေးခဲ့တဲ့ မိခင် အမေကြီးကို သုဿန်မှာ ပစ်ရက်ကြလည်းဆိုတာ အံ့သြလို့မဆုံးပါဘူး။ အမေကြီးကို မြင်တွေ့ကြတဲ့ သူတွေက ဖုန်းဆက်အကြောင်းကြားကာ ရှိန်းမကားရဲ့

သုဿန်ဟောင်း လမ်းဘေးမှာ အမေကြီးကို လာပစ်သွားခဲ့ကြတာပါ။ ဒီလိုဆောင်းတွင်းကြီးမှာ အမေကြီးကို အထုတ်၂ထုတ်နဲ့ ပန်ကာလေးတစ်လုံးနဲ့ လာပစ်သွားခဲ့တာပါ။ လာပစ်သွားခဲ့တဲ့ သူတွေကလည်း

သမီးနဲ့ သားမက်လို့ သိရှိရပါတယ်။ အခုဆိုရင် ချမ်းအေးတဲ့ ဆောင်းတွင်းမှာ မျက်စိကမကောင်း ညဘက်အိပ်စက်ဖို့အတွက် ခက်ခဲနေပါတယ်။ ကိုဗစ်ရောဂါက သန္ဓေပြောင်းကာ ရောဂါအခြေနေက ပြင်းထန်နေခဲ့ပြီး ကူးစက်ရလွယ်ကူနေတဲ့အချိန်မှာမှ ကိုယ်ခံအားမကောင်းတဲ့ အမေကြီးကို လာပစ်သွားခဲ့ကြပါတယ်။

ဒီလို လူသူအရောက်ပေါက်နည်းတဲ့ သုဿန်မှာမှ လာပစ်သွားခဲ့ကြရသလား သမီးနဲ့သားမက်ဆိုတဲ့သူတွေရေ သားမက်ကတော့ ထားပါတော့ သူစိမ်းမို့လို့ သမီးကတော့ မလုပ်သင့်တဲ့ပါ။ မိဘတွေမှီခိုအားထားတာက သမီးတွေပါ။ ဒါပေမယ့် ဒီလုပ်ရက်ကတော့ လုံးဝကို လူမဆန်တာပါဗျာ။

မင်းတို့က တိရိစ္ဆာန်စိတ်မွေးပြီး ခွေးလောက်တောင်အသိမရှိကြပေမယ့် ငါတို့လို ပရဟိတသမားတွေကတော့ ကိုယ်ချင်းစာပြီး စာနာသနားတတ်တယ်။ ငါတို့က ကုသိုလ်လိုချင်လို့ ပရဟိတ လုပ်နေကြတာ။ မင်းတို့ကြမှကွာ လုပ်ရက်လိုက်ကြတာ။

အမေကြီးကို သွားမေးကြည့်လိုက်တော့ သားသမီး ၅ယောက်ရှိပြီး သမီး ၂ ယောက် သား ၃ယောက်ပါ။ ငါတို့ကတော့ မင်းတို့လို မနေနိုင် မပစ်ထားရက်လို့ ခေါ်ထားတယ်ဟေ့ အိုးဘိုကျန်းမာရေးနှင့် Ooe Bo Rescue

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Credit