Sports

နှစ်သစ်မှာ နိုင်ပွဲနဲ့ စတင်ခဲ့တဲ့ ယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ရယ့် ပွဲပြီးသုံးသပ်ချက်

ကျွန်တော်တို့ယူနိုက်တက်အသင်းကတော့ 2021ခုနှစ်ရယ့် ပထမဆုံးပွဲအဖြစ် အက်စတွန်ဗီလာအသင်းကို အို့ထရတ်ဖိုဒ်ကွင်းကြီးမှာ လက်ခံယှဉ်ပြိုင်ခဲ့ပြီး 2ဂိုး1 ဂိုးဆိုတဲ့ ရလဒ်ဖြင့် နှစ်သစ်ကို စတင်ခဲ့ပါတယ် ယူနိုက်တက်ဟာ ထိုနိုင်ပွဲနဲ့အတူ လီဗာပူးလ်နဲ့ ရမှတ်တူ အ နေအထားမှာ ရှိနေပါပြီ ထိုနိုင်ပွဲကိုဖော်ဆောင်ပေးခဲ့သူတေက ယူနိုက်တက်ကစားသမားတွေ အားလုံးပါ။

အဓိက ချီးမွှမ်းချင်တာကတော့ ဂိုးသမား ဒီဂီယာနဲ့ နောက်ခံလူ ဘိုင်လီတို့ဘဲဖြစ်ပါတယ် တိုက်စစ်အား သန်တဲ့ အသင်းနှစ်သင်းတွေ့ဆုံချိန်မှာ နောက်တန်းတွေရယ့် ဖြတ်ထုတ်မှုတွေ ဂိုးသမားတွေရယ့် ကာကွယ်မှုတွေက အရေးပါခဲ့ပါတယ် ယူနိုက်တက်ကစား သမားတွေက ဂိုးကန်သွင့်တွေ အခွင့်အရေးတွေရရှိခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းရယ့် ဂိုးသမား မာတီနက်စ်ဟာ အထူးကောင်းမွန်ခဲ့တဲ့အတွက် ထင်သ လောက်‌ဂိုးတွေမရရှိခဲ့ပါဘူး။

ဘစ်ဆာကာရယ့် ဖြတ်တင်ဘောဟာ အသက်၀င်ခဲ့ပြီး မာရှယ်က အဆုံးသတ်ပြီး ဦးဆောင်ဂိုးရရှိခဲ့ပါတယ် ဗီလာတို့ဘက်က ခြေပဂိုးကိုတော့ ထရာအိုရီက သွင်းယူခဲ့ပါတယ် ယူနိုက်တက်အတွက် အနိုင်ဂိုးကိုတော့ ပေါ့ဘာရယ့် ပါးနပ်မှုက ပင်နယ်တီရရှိခဲ့ပြီး ဘရူနိုက သွင်းယူခဲ့ပါတယ်။

ဂရင်းလစ်ရှ်တို့ရယ့် ကွင်းလယ်ကလည်း အထူးကောင်းမွန်ခဲ့ပြီး အခွင့်အရေးတွေရရှိပေမယ့် ယူနိုက်တက်နောက်တန်းက မက်ဂွိုင်းယား ဘိုင်လီတို့ ခံတပ်ကို မဖြိုနိုင်ခဲ့ပါဘူး အက်စတွန်ဗီလာကတော့ ယခုပွဲစဉ်ကြောင့် အဆင့်6မှာရပ်တည်နေပြီး ယူနိုက်တက်ကတော့ အဆင့်2မှာ တစ်ပွဲလျော့နဲ့ ရပ်တည်လျက်ရှိပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER