Knowledge

ကိုယ့်ထက် အသက်ကြီးတဲ့မမတွေကိုမှ အမျိုးသားတွေတမ်းတမ်းစွဲဖြစ်နေရတဲ့ အချက်များ

လူအမ်ားစုက ခ်စ္သူစံုတြဲတစ္တြဲမွာ အမ်ိဳးသားဟာ အမ်ိဳးသမီးထက္ အသက္ပိုၾကီးသင့္တယ္လို႔ ေယဘူယ်အေနနဲ႔ ေျပာၾကပါတယ္။ အရင္တုန္းက အမ်ိဳးသမီးေတြအဖို႔ ကိုယ့္ထက္ငယ္ရြယ္တဲ့ အမ်ိဳးသားနဲ႔ ခ်စ္ၾကိဳက္ေနတာကို လူမႈပတ္၀န္းက်င္က သိပ္လက္ခံေလ့မရွိပါဘူး။ ဒါေပမယ့္ အခုေခတ္မွာဆိုရင္ေတာ့ လူေတြဟာ အသိအျမင္လည္း ပြင့္လင္းၿပီး သေဘာထားေတြလည္း ေျပာင္းလာတာေၾကာင့္ ခ်စ္မႈေရးရာမွာ အသက္အရြယ္ဟာ ပဓာနမက်ဘူးဆိုတာ ျမင္လာၾကပါၿပီ။ အမ်ိဳးသားေတာ္ေတ္ာမ်ားမ်ားဟာ ကိုယ့္ထက္ အသက္ၾကီးတဲ့အမ်ိဳးသမီးေတြကို ႏွစ္သက္ေလ့ရွိပါတယ္တဲ့။ ဘာေၾကာင့့္ သူတို႔ေတြဟာ ငယ္ရြယ္ႏုပ်ိဳတဲ့ မိန္းမငယ္ေလးေတြထက္ မမေတြရဲ႕ ခ်စ္ျခင္းကို မတြန္းလွန္ႏုိင္ရတဲ့ အေၾကာင္းရင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

မမေတြက အာရံုမေထြျပားဘူး

အမ်ိဳးသားေတြဟာ အေတြးရွင္းတဲ့ အမ်ိဳးသမီးေတြကို ႏွစ္သက္ၾကပါတယ္။ ကိုယ္ဘာလိုခ်င္တယ္ဆိုတာကို ကိုယ္တိုင္သိတဲ့ အမ်ိဳးသမီး၊ ကိုယ္ရည္ရြယ္ထားတဲ့ ပန္းတိုင္အတြက္ စဥ္ဆက္မျပတ္ၾကိဳးစားေနတဲ့ အမ်ိဳးသမီးမ်ိဳးကို သူတို႔ေတြက ေလးစားၾကပါတယ္။ မိန္းမငယ္ငယ္ေလးေတြက ခ်စ္မႈေရးရာမွာ ဒရာမာေတြ ခ်ိဳးျပေနတဲ့အခ်ိန္ မမေတြကေတာ့ ဘ၀တိုးတက္ဖို႔ရယ္၊ သူတို႔ခ်စ္တဲ့သူေတြဘ၀ တိုးတက္ဖို႔ရယ္ေလာက္ပဲ စိတ္ကူးထဲရွိတာပါ။ သူတို႔နဲ႔ေတြ႔ဆံုရတဲ့အခါ ကိုယ္ဆိုလိုခ်င္တာကို ကြယ္၀ွက္စရာမလိုပဲ ေျပာႏိုင္တာေၾကာင့္လည္း အမ်ိဳးသားေတြက ကိုယ့္ထက္ အသက္ပိုၾကီးတဲ့ မမေတြကို ႏွစ္သက္ၾကပါတယ္။

ဘ၀အေၾကာင္း သိတယ္

အသက္ၾကီးလာတဲ့အခါ ဘ၀အေတြ႔အၾကံဳေတြ ပိုဆံုလာပါတယ္။ ဒါေၾကာင့္ အမ်ိဳးသားေတြအေနနဲ႔ ကိုယ့္ထက္အသက္ၾကီးတဲ့ အမ်ိဳးသမီးတစ္ေယာက္ဆီမွာ သင္ယူဖို႔ အေၾကာင္းအရာမ်ားစြာ ရွိလာပါတယ္။ သူမဟာ အေၾကာင္းအရာမ်ိဳးစံုအေပၚမွာ မတူညီတဲ့ ရႈေထာင့္မ်ားစြာဆီကေန ေတြးေခၚတတ္ဖို႔ လမ္းေၾကာင္းျပႏိုင္တာေၾကာင့္ အမ်ိဳးသားတစ္ေယာက္ကို ရင့္က်က္ေအာင္ ပ့ံပိုးေပးႏိုင္ပါတယ္။ ဒီလိုအမ်ိဳးသမီးေတြဟာ တစ္ခါတစ္ေလ အမ်ိဳးသားတစ္ေယာက္က သူ႔ကိုယ္သူေတာင္ မျမင္ႏိုင္တဲ့ အားသာခ်က္ေတြကုိ ျမင္ေတြ႔ေအာင္ ကူညီေပးႏိုင္ပါတယ္။

မတူညီတဲ့ ရႈေထာင့္ေတြဘက္က ေတြးေခၚတတ္တယ္

မမတစ္ေယာက္နဲ႔ ခ်စ္ၾကိဳက္ခြင့္ရတာဟာ အမ်ိဳးသားတစ္ေယာက္အတြက္ စိတ္ပိုင္းဆိုင္ရာ ၾကီးထြားသန္စြမ္းမႈကို ေပးပါတယ္။ လူတစ္ေယာက္နဲ႔ ခ်စ္ၾကိဳက္မိတဲ့အခါ လူေတြဟာ လူ႔စိတ္သေဘာ သဘာ၀ကို ပိုသိလာတဲ့အျပင္ ကိုယ့္ကိုကိုယ္လည္း ပိုသိျမင္လာေစပါတယ္။ ဒါေပမယ့္ မမေတြကေတာ့ ကိုယ့္ခံစားခ်က္ေတြကို အနက္ရိႈင္းဆံုးေနရာအထိ ေရာက္ေအာင္ ထြင္းေဖာက္ျမင္ႏိုင္ပါတယ္။ ကိုယ့္ရဲ႕ စိတ္ထဲမွာ ျဖစ္ေနတဲ့ အရာကို ဖိအားေပးမခံရပဲ ပြင့္ပြင့္လင္းလင္း ေျပာျပႏိုင္လို႔လည္း မမေတြဟာ တစ္ပန္းသာေနပါတယ္။

ကိုယ္ပိုင္ယံုၾကည္ခ်က္ရွိၿပီး အမွီခိုကင္းတယ္

ငယ္ရြယ္ႏုနယ္ၿပီး မရင့္က်က္ေသးတဲ့ မိန္းမပ်ိဳေလးေတြက လူတကာရဲ႕ အာရံုစိုက္ခံရမႈကို ေတာင့္တေနတဲ့အခ်ိန္ မမတို႔ကေတာ့ ကိုယ့္ရရွိထားတဲ့ သြင္ျပင္သ႑ာန္ေပၚမွာ သက္္ေတာင့္သက္သာ ျဖစ္ေနတတ္ပါတယ္။ ကိုယ့္ရဲ႕ စိတ္ခ်မ္းသာမႈကို သူတစ္ပါးရဲ႕ အျမင္ေတြ၊ ေ၀ဖန္ခ်က္ေတြနဲ႔လည္း သူတို႔က မလဲပါဘူး။ ဘ၀အေတြ႔အၾကံဳလည္း ထိုက္သင့္သေလာက္ ရွိၿပီး ကိုယ့္ကိုကိုယ္လည္း ယံုၾကည္မႈသရဖူေဆာင္းထားတဲ့ မမေတြဟာ အမ်ိဳးသားေတြကို သံလိုက္ဓာတ္လိုမ်ိဳး ဆြဲေဆာင္ေစတတ္ပါတယ္။

စိတ္ပိုင္းဆိုင္ရာ ရင့္က်က္မႈွရိွတယ္

မမေတြဟာ သူတို႔ဘ၀တစ္ေလွ်ာက္လံုးမွာ အဆိုးေရာ အေကာင္းပါ ေတြ႔ၾကံဳျဖတ္သန္းခဲ့ရၿပီး ျဖစ္ပါတယ္။ သူတို႔ရဲ႕ တစ္ပါးသူအေပၚမွာ တံု႔ျပန္လိုက္တဲ့ အျပဳအမူဟာ အစြန္းေရာက္လြန္းေနသလားဆိုတာကို ေ၀ဖန္ပိုင္းျခားႏိုင္တဲ့အျပင္ စိတ္ခံစားမႈေတြနဲ႔ အျပဳအမူေတြကိုပါ ထိန္းခ်ဳပ္ႏိုင္ေနပါၿပီ။ ဒီလိုေျပာလို႔ မမေတြနဲ႔ rs တစ္ခု တည္ေဆာက္ရတာ ပ်င္းစရာေကာင္းသလားဆိုေတာ့လည္း မဟုတ္ျပန္ပါဘူး။ ဘယ္ေနရာမွာေတာ့ အလိုလိုက္သင့္တယ္၊ လူကို ေပ်ာ္ေအာင္ ဘယ္လိုထားသင့္လဲဆိုတာ သူတို႔ေတြ ေကာင္းေကာင္း သေဘာေပါက္ပါတယ္။ တစ္ခါတစ္ေလ လိုအပ္ရင္ ကိုယ့္ခ်စ္သူအေပၚမွာ ကေလးဆိုးၾကီးလို မူယာမာယာနဲ႔ ဆိုးႏြဲ႔ျပတတ္တာလည္း မမေတြပါပဲ။ သူတို႔ေတြနဲ႔ စကားေျပာဆက္ဆံရတာ ပြင့္လင္းတဲ့အျပင္ အထအနေကာက္မလြယ္တာေၾကာင့္လည္း အမ်ိဳးသားေတြဟာ မမေတြဆို ေတာ္ရံုလက္မလႊတ္ႏိုင္ၾကတာျဖစ္ေၾကာင္း သိရွိရပါတယ္။

Credit-CELE DAILY

Unicode

ကိုယ့်ထက် အသက်ကြီးတဲ့မမတွေကိုမှ အမျိုးသားတွေတမ်းတမ်းစွဲဖြစ်နေရတဲ့ အချက်များ

လူအများစုက ချစ်သူစုံတွဲတစ်တွဲမှာ အမျိုးသားဟာ အမျိုးသမီးထက် အသက်ပိုကြီးသင့်တယ်လို့ ယေဘူယျအနေနဲ့ ပြောကြပါတယ်။ အရင်တုန်းက အမျိုးသမီးတွေအဖို့ ကိုယ့်ထက်ငယ်ရွယ်တဲ့ အမျိုးသားနဲ့ ချစ်ကြိုက်နေတာကို လူမှုပတ်ဝန်းကျင်က သိပ်လက်ခံလေ့မရှိပါဘူး။ ဒါပေမယ့် အခုခေတ်မှာဆိုရင်တော့ လူတွေဟာ အသိအမြင်လည်း ပွင့်လင်းပြီး သဘောထားတွေလည်း ပြောင်းလာတာကြောင့် ချစ်မှုရေးရာမှာ အသက်အရွယ်ဟာ ပဓာနမကျဘူးဆိုတာ မြင်လာကြပါပြီ။ အမျိုးသားတော်တေ်ာများများဟာ ကိုယ့်ထက် အသက်ကြီးတဲ့အမျိုးသမီးတွေကို နှစ်သက်လေ့ရှိပါတယ်တဲ့။ ဘာကြောင့် သူတို့တွေဟာ ငယ်ရွယ်နုပျိုတဲ့ မိန်းမငယ်လေးတွေထက် မမတွေရဲ့ ချစ်ခြင်းကို မတွန်းလှန်နိုင်ရတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

မမတွေက အာရုံမထွေပြားဘူး

အမျိုးသားတွေဟာ အတွေးရှင်းတဲ့ အမျိုးသမီးတွေကို နှစ်သက်ကြပါတယ်။ ကိုယ်ဘာလိုချင်တယ်ဆိုတာကို ကိုယ်တိုင်သိတဲ့ အမျိုးသမီး၊ ကိုယ်ရည်ရွယ်ထားတဲ့ ပန်းတိုင်အတွက် စဉ်ဆက်မပြတ်ကြိုးစားနေတဲ့ အမျိုးသမီးမျိုးကို သူတို့တွေက လေးစားကြပါတယ်။ မိန်းမငယ်ငယ်လေးတွေက ချစ်မှုရေးရာမှာ ဒရာမာတွေ ချိုးပြနေတဲ့အချိန် မမတွေကတော့ ဘဝတိုးတက်ဖို့ရယ်၊ သူတို့ချစ်တဲ့သူတွေဘ၀ တိုးတက်ဖို့ရယ်လောက်ပဲ စိတ်ကူးထဲရှိတာပါ။ သူတို့နဲ့တွေ့ဆုံရတဲ့အခါ ကိုယ်ဆိုလိုချင်တာကို ကွယ်ဝှက်စရာမလိုပဲ ပြောနိုင်တာကြောင့်လည်း အမျိုးသားတွေက ကိုယ့်ထက် အသက်ပိုကြီးတဲ့ မမတွေကို နှစ်သက်ကြပါတယ်။

ဘဝအကြောင်း သိတယ်

အသက်ကြီးလာတဲ့အခါ ဘဝအတွေ့အကြုံတွေ ပိုဆုံလာပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ကိုယ့်ထက်အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ဆီမှာ သင်ယူဖို့ အကြောင်းအရာများစွာ ရှိလာပါတယ်။ သူမဟာ အကြောင်းအရာမျိုးစုံအပေါ်မှာ မတူညီတဲ့ ရှုထောင့်များစွာဆီကနေ တွေးခေါ်တတ်ဖို့ လမ်းကြောင်းပြနိုင်တာကြောင့် အမျိုးသားတစ်ယောက်ကို ရင့်ကျက်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဒီလိုအမျိုးသမီးတွေဟာ တစ်ခါတစ်လေ အမျိုးသားတစ်ယောက်က သူ့ကိုယ်သူတောင် မမြင်နိုင်တဲ့ အားသာချက်တွေကို မြင်တွေ့အောင် ကူညီပေးနိုင်ပါတယ်။

မတူညီတဲ့ ရှုထောင့်တွေဘက်က တွေးခေါ်တတ်တယ်

မမတစ်ယောက်နဲ့ ချစ်ကြိုက်ခွင့်ရတာဟာ အမျိုးသားတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာ ကြီးထွားသန်စွမ်းမှုကို ပေးပါတယ်။ လူတစ်ယောက်နဲ့ ချစ်ကြိုက်မိတဲ့အခါ လူတွေဟာ လူ့စိတ်သဘော သဘာဝကို ပိုသိလာတဲ့အပြင် ကိုယ့်ကိုကိုယ်လည်း ပိုသိမြင်လာစေပါတယ်။ ဒါပေမယ့် မမတွေကတော့ ကိုယ့်ခံစားချက်တွေကို အနက်ရှိုင်းဆုံးနေရာအထိ ရောက်အောင် ထွင်းဖောက်မြင်နိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ အရာကို ဖိအားပေးမခံရပဲ ပွင့်ပွင့်လင်းလင်း ပြောပြနိုင်လို့လည်း မမတွေဟာ တစ်ပန်းသာနေပါတယ်။

ကိုယ်ပိုင်ယုံကြည်ချက်ရှိပြီး အမှီခိုကင်းတယ်

ငယ်ရွယ်နုနယ်ပြီး မရင့်ကျက်သေးတဲ့ မိန်းမပျိုလေးတွေက လူတကာရဲ့ အာရုံစိုက်ခံရမှုကို တောင့်တနေတဲ့အချိန် မမတို့ကတော့ ကိုယ့်ရရှိထားတဲ့ သွင်ပြင်သဏ္ဍာန်ပေါ်မှာ သက်တောင့်သက်သာ ဖြစ်နေတတ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို သူတစ်ပါးရဲ့ အမြင်တွေ၊ ဝေဖန်ချက်တွေနဲ့လည်း သူတို့က မလဲပါဘူး။ ဘဝအတွေ့အကြုံလည်း ထိုက်သင့်သလောက် ရှိပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုသရဖူဆောင်းထားတဲ့ မမတွေဟာ အမျိုးသားတွေကို သံလိုက်ဓာတ်လိုမျိုး ဆွဲဆောင်စေတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုှရှိတယ်

မမတွေဟာ သူတို့ဘဝတစ်လျှောက်လုံးမှာ အဆိုးရော အကောင်းပါ တွေ့ကြုံဖြတ်သန်းခဲ့ရပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ တစ်ပါးသူအပေါ်မှာ တုံ့ပြန်လိုက်တဲ့ အပြုအမူဟာ အစွန်းရောက်လွန်းနေသလားဆိုတာကို ဝေဖန်ပိုင်းခြားနိုင်တဲ့အပြင် စိတ်ခံစားမှုတွေနဲ့ အပြုအမူတွေကိုပါ ထိန်းချုပ်နိုင်နေပါပြီ။ ဒီလိုပြောလို့ မမတွေနဲ့ rs တစ်ခု တည်ဆောက်ရတာ ပျင်းစရာကောင်းသလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ဘယ်နေရာမှာတော့ အလိုလိုက်သင့်တယ်၊ လူကို ပျော်အောင် ဘယ်လိုထားသင့်လဲဆိုတာ သူတို့တွေ ကောင်းကောင်း သဘောပေါက်ပါတယ်။ တစ်ခါတစ်လေ လိုအပ်ရင် ကိုယ့်ချစ်သူအပေါ်မှာ ကလေးဆိုးကြီးလို မူယာမာယာနဲ့ ဆိုးနွဲ့ပြတတ်တာလည်း မမတွေပါပဲ။ သူတို့တွေနဲ့ စကားပြောဆက်ဆံရတာ ပွင့်လင်းတဲ့အပြင် အထအနကောက်မလွယ်တာကြောင့်လည်း အမျိုးသားတွေဟာ မမတွေဆို တော်ရုံလက်မလွှတ်နိုင်ကြတာဖြစ်ကြောင်း သိရှိရပါတယ်။

Credit – CELE DAILY