Sports

ယူနိုက်တက်ကို ရောင်းချပြီးတဲ့ ကစားသမား ဒီယာလိုကို ပြန်လည် အငှားချစေလို့တဲ့ အတ္တလန်တာ

အတ္တလန်တာ နည်းပြ ဂတ်စ်ပါရနီ က ယူနိုက်တက်ကို ရောင်းချပြီးတဲ့ အာမက် ဒီယာလိုကို ရာသီကုန်အထိ ပြန်လည် ငှားရမ်းလိုချင်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ် အတ္တလန်တာအသင်းကစားသမား ပါပူးဂိုမက် ထွက်ခွာဖို့‌ သေချာနေတဲ့ အတွက် ဒီယာလို ကို ဆက် လက်ထိန်းသိမ်း ထားချင်နေကြပါတယ်။

ဒီယာလို ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ယူနိုက်တက်နဲ့ စာချုပ် ချုပ်ပြီးသား ဖြစ်ပါတယ် ပီဇာကိစ္စ ပါမစ်ကိစ္စတွေကြောင့် ဇန်နဝါရီလ မှ ယူနိုက်တက်ကို ရောက်ရှိလာမှာဖြစ်ပါတယ် တိုးတက်ဖို့ အ ညွှန့်တလူလူရှိနေတဲ့ အီတလီသား လူငယ်လေး ကို အို့ထရတ်ဖို့ဒ်မှာ အားလုံးကမြင်ချင် နေကြပါပြီ။

ယူနိုက်တက်နည်းပြ ဆိုးရှားလ်ကလည်း မကြာခင်ရောက်ရှိတော့မယ်လို့ အတည်ပြုခဲ့ပါတယ် အတ္တလန်တာ နည်းပြက ” ဒါက ရှင်းပါတယ် ဒီယာလိုက အခုဆိုရင် ယူနိုက်တက် ကစားသမားဖြစ်နေပါပြီ ဒါပေမယ့် သူ့ကို လအနည်းငယ်လောက် အသင်းမှာ ရှိစေချင်သေးတယ် ဒီ18နှစ်ဘဲ ရှိသေးတဲ့ ကစားသမားလေးကို ကျွန်တော် ကြိုက်ပါတယ်။

သူ့ကို ဇွန်လကုန်အထိ အသင်းမှာ ဆက်လက်နေစေချင်တယ်” ဆိုပြီး Sky Sportsကို ပြောကြားခဲ့ပါတယ်။ မည်သို့ပင်ဆိုစေ ထိုကစားသမားကို ပြန်ငှားဖို့အစီအစဉ်မရှ်ိဘဲ ယူနိုက်တက်ကစားအဖြစ်မြင်တွေ့ရဖို့ရှိနေပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER