Local News

သူမရဲ့ကိုယ်လုံးကိုပွေ့ချီရင်းခြေချော်သွားတဲ့အတွက် မင်းသားပေါ်သို့မှောက်လျက်သားပြုတ်ကျသွားတဲ့ မမဆောင်းရဲ့ရိုက်ကွင်းဗီဒီယို

အနုပညာလောကမှာ  ကျရာနေရာကနေ  သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့ အသိမှတ်ပြုခြင်းကို  တဖြည်းဖြည်းရရှိလာသူကတော့  သရုပ်ဆောင်  မင်းသမီးချောလေး  ဆောင်းအိန္ဒြေထွန်းပဲ  ဖြစ်ပါတယ်။  သူမကိုတော့  အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမများနဲ့  ပရိသတ်တွေကတော့ ချစ်စနိုးနဲ့  မမဆောင်းလို့  ခေါ်တတ်ကြပါသေးတယ်။  လုံးကြီးပေါက်လှကိုယ်လုံးလေးကို  ပိုင်ဆိုင်ထားပြီး  မြန်မာဆန်ဆန်လေးတွေကို  လိုက်ဖက်ညီအောင် ဝတ်ဆင်တတ်တာကြောင့်လည်း  ယောကျာ်းလေးပရိသတ်တွေရဲ့  ဝန်းရံအားပေးမှုတွေကို  ရရှိထားတာလည်း  ဖြစ်ပါတယ်။

မမဆောင်းဟာ  လတ်တလောမှာလည်း  အနုပညာလှုပ်ရှားမှုတွေ  ဆက်တိုက်လုပ်နေရတာလည်း  ဖြစ်ပါတယ်။  သူမရဲ့ အလွဲလေးတွေကိုလည်း  ပရိသတ်တွေအားလုံးက  ချစ်မဝဖြစ်နေကြတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခွီဗီဒီယိုလေးတစ်ခု  တင်ပေးထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  မင်းသားကပွေ့ချီလိုက်ရင်းမထိန်းနိုင်ဘဲခြေချော်သွားတာကြောင့်မှောက်လျက်သားပြုတ်ကျသွားခဲ့ရတဲ့မမဆောင်းရဲ့ရိုက်ကွင်းဗီဒီယိုလေးပဲ  ဖြစ်ပါတယ်။

မမဆောင်းကလည်း ” MV Shooting (မင်းသား က မင်းသမီး ကိုယ်လုံး ကို ပွေ့ချီတာ မနိုင်လို့ ပြုတ်ကြသွားတယ် , ရှက်လိုက်တာ ကိုယ့်ကိုယ်လုံးနိုင်တဲ့သူပဲ လိုက်ရှာတော့မယ် ” ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။  မမဆောင်းဟာ  Music video တစ်ခု ရိုက်ကူးနေတာပဲ  ဖြစ်ပါတယ်။  ပရိသတ်တွေလည်း  ကြည့်ရှုခံစားနိုင်အောင်  ဒီဗီဒီယိုဖိုင်လေးကို  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက်  ရပါတယ်နော်။

Video ကြည့်ရန်

Swelsone News