International News

မိသားစုကို ထောက်ပံ့နိုင်ဖို့ သူ့ရဲ့ကျောက်ကပ်ကို ရောင်းချင်ကြောင်း တစ်အိမ်ပြီးတစ်အိမ် ဝင်ထွက်ကာ ကြော်ငြာခဲ့တဲ့ အမျိုးသားကြီး

မိသားစုကိုထောက်ပံ့နိုင်ဖို့ မိမိရဲ့ကျောက်ကပ်ကို ရောင်းချင်ကြောင်း တစ်အိမ်ပြီးတစ်အိမ်ဝင်ထွက်ကာ ကြော်ငြာခဲ့တဲ့ အမျိုးသားကြီး

ကိုဗစ် ရောဂါအခြေအနေကြောင့်ဘဲ လူအတော်များများဟာ စီးပွားရေး အခက်အခဲနဲ့ကြုံတွေ့နေရပြီးတော့ စားဝတ်နေရေးခက်ခဲနေလျက်ရှိနေတာပါ။ ယခု တစ်ခေါက်မှာလည်း

အင်ဒိုနီးရှားနိုင်ငံ ၊ Klaten ဒေသမှာ နေထိုင်လျက်ရှိတဲ့အမျိုးသားက သူ၏သားသမီး ၄ ယောက်ကို ကျွေးမွေးစောင့်ရှောက်နိုင်ဖို့အတွက်ကို ကျောက်ကပ်တစ်ခုရောင်ချလိုကြောင်းကို ကတ်ထူပြားကြီးမှာကြော်ငြာစာရေးသားပြီးကျောက်ကပ်

လိုက်လံရောင်းချခဲ့တာပါ။ Frans Larry Okravianus အမည်ရှိသော ထို အမျိုးသားဟာ နာရီပေါင်း ၂၀ ကျော် (100km)ကြာတဲ့အထိ တစ်မြို့ပြီးတစ်မြို့ တစ်အိမ်ပြီးတစ်အိမ်ဝင်ထွက်ပြီး မိသားစုရဲ့ဆေးဝါးစရိတ် ၊ သားသမီးအတွက်

ပညာရေး နှင့် အကြွေးတွေဆပ်ချင်လို့ ဖြစ်ကြောင်းရှင်းပြပြီး ကျောက်ကပ်လိုက်လံရောင်းနေခဲ့တာပါတဲ့။သူ့မှာ ကလေး ၄ယောက်ရှိတယ် ၊ ကလေးတွေက တော်တော်လေးငယ်နေသေးတယ် အကြီးဆုံးကတော့ ကျောင်းတက်နေပြီ ၊ Larry က

ဒီကမဟုတ်ဘူး ၊ သူက Jakarta မြို့က ဒီကမိန်းကလေးနဲ့အိမ်ထောင်ကျပြီး ဒီမှာအခြေချဖို့ဆုံးဖြတ်ခဲ့တာဆိုပြီးတော့  Larry ရဲ့ရွာသူကြီးက ပြောပြခဲ့တာပါ။ Larry ကတော့ အရင်ချိန်တုန်းက Jakarta မြို့မှာ ကားရေဆေးနဲ့အလုပ်လုပ်ကိုင်ခဲ့ပေမဲ့လည်း အလုပ်ပြုတ်သွားခဲ့တာပါ။

ကံကောင်းစွာနဲ့ပဲ Larry ရဲ့အဖြစ်ကို အင်ဒိုနီးရှားအစိုးရအဖွဲ့က သိရှိသွားခဲ့ပြီးနောက် အကူအညီပေးနိုင်ခဲ့ပါတယ်နော်။ ဒါကြောင့်ဘဲ ကိုယ့်ကိုအဆင်မပြေဘူးဆိုပြီး

စိတ်ညစ်နေမယ်ဆိုရင် ၊ ကိုယ့်ထက်အဆင်မပြေသူတွေများစွာရှိနေသေးကြောင်းကို Larry ဆိုတဲ့အမျိုးသားရဲ့အဖြစ်လေးက နှိုင်းယှဉ်ပြနေသလိုပါဘဲနော်။credit

Unicode…







