International News

အသက်(၃၀)ကျော်တဲ့အထိ အိမ်မှာကပ်နေနေတဲ့ သားကို တရားစွဲခဲ့ကြတဲ့ မိဘတွေ

မိဘေတြဆိုတာ သားသမီးဒဏ္ကို တတ္ႏုိင္သေလာက္ေတာ့ ခံၾကပါတယ္။ ေမြးကတည္းက အရြယ္ေရာက္တဲ့အထိ ေကၽြးေမြးျပဳစုခဲ့ၿပီး ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္ႏုိင္ေအာင္လည္း ပညာေတြ သင္ေပးခဲ့ၾကပါတယ္။ အခ်ိန္တန္ရင္ မိမိတို႔ကေတာင္ မိဘကို ျပန္ၾကည့္ရဦးမွာပါ။ နယူးေယာက္ၿမိဳ႕က ဒီမိဘႏွစ္ဦးကေတာ့ သူတို႔သားဒဏ္ကို မခံႏုိင္ေတာ့ပံုပါပဲ။ အသက္ (၃၀)ေက်ာ္တဲ့အထိ အလုပ္မလုပ္ဘဲ မိဘအိမ္မွာ ကပ္ေနေနေသးတဲ့သားကို အိမ္ကေန ထြက္သြားဖို႔ တရားစြဲခဲ့ၾကပါတယ္။

မိုက္ကယ္႐ုိတန္ဒိုအမည္ရ အမ်ိဳးသားဟာ အသက္ (၃၀)ေက်ာ္တဲ့အထိ မိဘအိမ္မွာ ကပ္ေနေနၿပီး အိမ္အလုပ္ေတြ ကူေပးသလားဆိုလည္း မကူေပး၊ အိမ္စရိတ္ေထာက္လားဆုိေတာ့လည္း မေထာက္တဲ့အတြက္ မိဘေတြက သည္းမခံႏိုင္ေတာ့တဲ့အဆံုး အခုလိုဆံုးျဖတ္ခဲ့ၾကရတာပါ။

မိဘေတြက ႐ုိတန္ဒိုကို တရားမစြဲခင္ ထြက္သြားဖို႔ သတိေပးစာ (၅)ခါလည္း ေပးခဲ့ၿပီး စရိတ္ေတာင္ ထုတ္ေပးခဲ့ပါေသးတယ္။ ေနာက္ဆံုးတစ္ႀကိမ္မွာ မတ္လ (၁၅)ရက္ေန႔မွ ထြက္မသြားရင္ ငါတို႕တရားစြဲေတာ့မယ္၊ အရည္အခ်င္းမရိွတဲ့လူေတြအတြက္ေတာင္ အလုပ္ေတြရိွတာ မင္းလည္း အလုပ္ရွာလုပ္သင့္တယ္လို႔ ေရးထားခဲ့ၿပီး ေရႊ႕ေျပာင္းဖို႔ ေဒၚလာ (၁,၁၀၀) ထုတ္ေပးခဲ့ပါတယ္။

ဘယ္လိုေျပာေျပာ ႐ုိတန္ဒိုက အလုပ္လည္း မလုပ္၊ အိမ္ကေနလည္း ထြက္မသြားခဲ့တဲ့အဆံုး မိဘေတြက တရားစြဲခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ မိဘျဖစ္သူေတြ အမႈႏုိင္သြားခဲ့ၾကၿပီး ႐ုိတန္ဒိုကို အိမ္ကေန ထြက္သြားဖို႔ တရား႐ံုးက အမိန္႔ခ်ခဲ့ပါတယ္။ သူတို႔အေနာက္တုိင္းမွာ သားသမီးေတြ အရြယ္ေရာက္ရင္ မိဘအိမ္က ထြက္ၿပီး ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ၾကတာဟာ ထံုးစံပါပဲ။

႐ုိတန္ဒိုကေတာ့ အိမ္က ထြက္မသြားတဲ့အျပင္ အလုပ္လည္း မလုပ္၊ ေထာက္လည္း မေထာက္ပံ့တာေၾကာင့္ မိဘေတြအတြက္ အခက္အခဲျဖစ္ခဲ့ရတာျဖစ္ပါတယ္။

Credit -CELE DAILY

Unicode

အသက်(၃၀)ကျော်တဲ့အထိ အိမ်မှာကပ်နေနေတဲ့ သားကို တရားစွဲခဲ့ကြတဲ့ မိဘတွေ

မိဘတွေဆိုတာ သားသမီးဒဏ်ကို တတ်နိုင်သလောက်တော့ ခံကြပါတယ်။ မွေးကတည်းက အရွယ်ရောက်တဲ့အထိ ကျွေးမွေးပြုစုခဲ့ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်အောင်လည်း ပညာတွေ သင်ပေးခဲ့ကြပါတယ်။ အချိန်တန်ရင် မိမိတို့ကတောင် မိဘကို ပြန်ကြည့်ရဦးမှာပါ။ နယူးယောက်မြို့က ဒီမိဘနှစ်ဦးကတော့ သူတို့သားဒဏ်ကို မခံနိုင်တော့ပုံပါပဲ။ အသက် (၃၀)ကျော်တဲ့အထိ အလုပ်မလုပ်ဘဲ မိဘအိမ်မှာ ကပ်နေနေသေးတဲ့သားကို အိမ်ကနေ ထွက်သွားဖို့ တရားစွဲခဲ့ကြပါတယ်။

မိုက်ကယ်ရိုတန်ဒိုအမည်ရ အမျိုးသားဟာ အသက် (၃၀)ကျော်တဲ့အထိ မိဘအိမ်မှာ ကပ်နေနေပြီး အိမ်အလုပ်တွေ ကူပေးသလားဆိုလည်း မကူပေး၊ အိမ်စရိတ်ထောက်လားဆိုတော့လည်း မထောက်တဲ့အတွက် မိဘတွေက သည်းမခံနိုင်တော့တဲ့အဆုံး အခုလိုဆုံးဖြတ်ခဲ့ကြရတာပါ။

မိဘတွေက ရိုတန်ဒိုကို တရားမစွဲခင် ထွက်သွားဖို့ သတိပေးစာ (၅)ခါလည်း ပေးခဲ့ပြီး စရိတ်တောင် ထုတ်ပေးခဲ့ပါသေးတယ်။ နောက်ဆုံးတစ်ကြိမ်မှာ မတ်လ (၁၅)ရက်နေ့မှ ထွက်မသွားရင် ငါတို့တရားစွဲတော့မယ်၊ အရည်အချင်းမရှိတဲ့လူတွေအတွက်တောင် အလုပ်တွေရှိတာ မင်းလည်း အလုပ်ရှာလုပ်သင့်တယ်လို့ ရေးထားခဲ့ပြီး ရွှေ့ပြောင်းဖို့ ဒေါ်လာ (၁,၁၀၀) ထုတ်ပေးခဲ့ပါတယ်။

ဘယ်လိုပြောပြော ရိုတန်ဒိုက အလုပ်လည်း မလုပ်၊ အိမ်ကနေလည်း ထွက်မသွားခဲ့တဲ့အဆုံး မိဘတွေက တရားစွဲခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မိဘဖြစ်သူတွေ အမှုနိုင်သွားခဲ့ကြပြီး ရိုတန်ဒိုကို အိမ်ကနေ ထွက်သွားဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ သူတို့အနောက်တိုင်းမှာ သားသမီးတွေ အရွယ်ရောက်ရင် မိဘအိမ်က ထွက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကြတာဟာ ထုံးစံပါပဲ။ ရိုတန်ဒိုကတော့ အိမ်က ထွက်မသွားတဲ့အပြင် အလုပ်လည်း မလုပ်၊ ထောက်လည်း မထောက်ပံ့တာကြောင့် မိဘတွေအတွက် အခက်အခဲဖြစ်ခဲ့ရတာဖြစ်ပါတယ်။

Credit -CELE DAILY