International News

မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကို သူမရဲ့ဇာတိမြို့မှာ မြှုပ်နှံဖို့ ဆိုင်ကယ်ပေါ်တင်သွားခဲ့တဲ့ အမျိုးသား(ရုပ်သံ)

မၾကာေသးခင္က အမ်ိဳးမ်ိဳးေသာ social media ပလက္ေဖာင္းေတြေပၚမွာ ဗီဒီယိုတစ္ခု ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။အဆိုပါ ဗီဒီယိုက ေမာ္ေတာ္ဆိုင္ကယ္ေမာင္းနင္းသူ Sutejo အမည္ရွိတဲ့အမ်ိဳးသားက သူနဲ႔အတူ ဆိုင္ကယ္ရဲ႕ေနာက္ေက်ာေပၚမွာ ကြယ္လြန္သြားၿပီျဖစ္တဲ့သူ႔မိခင္ရဲ႕႐ုပ္အေလာင္းကို သယ္ေဆာင္ေနခဲ့ပါတယ္။အဆိုပါ ဗီဒီယိုကို လူတစ္ေယာက္က မေလးရွားႏိုင္ငံ Boyolali ၿမိဳ႕မွာ ဖမ္းယူ႐ိုက္ကူးခဲ့တာပါ။Sutejo ဟာ မိခင္ျဖစ္သူအတြက္ စနစ္တက်မီးသၿဂိဳလ္ႏိုင္ဖို႔ သူ႔ရဲ႕ေနအိမ္ကေန သူမရဲ႕ဇာတိၿမိဳ႕ျဖစ္တဲ့ Desa Kedung Lengkong Simo ၿမိဳ႕သို႔ သြားေနခဲ့ပါတယ္။Sutejo ရဲ႕ေနအိမ္က Central Java ျပည္နယ္ Jembungan ၿမိဳ႕ Banyudono႐ြာမွာရွိၿပီး မိခင္ျဖစ္သူရဲ႕႐ုပ္အေလာင္းကို သၿဂိဳလ္ဖို႔ ၁၀ ကီလိုမီတာ ေဝးတဲ့ခရီးကို ဆိုင္ကယ္နဲ႔သြားခဲ့ပါတယ္။အစီရင္ခံစာအရ Sutejo က မိခင္ျဖစ္တဲ့ အသက္ ၈၀ အ႐ြယ္ Ginemကို သူ႔ဇနီးနဲ႔ သားသမီးေတြရဲ႕ၾကင္နာမႈျဖင့္ အိမ္မွာေခၚ ထားၿပီး ဂ႐ုစိုက္ေပးခဲ့တာေၾကာင့္ မိခင္ျဖစ္သူက သူ႔ရဲ႕ေနအိမ္မွာဘဲ ကြယ္လြန္သြားခဲ့ပါတယ္။

Sutejo က မိခင္ျဖစ္သူရဲ႕႐ုပ္အေလာင္းကို ႐ြာျပင္က သခ်ႋဳင္းမွာ သၿဂိဳလ္ဖို႔ လုပ္ခဲ့ေပမဲ့ ကံမေကာင္းစြာနဲ႔ဘဲ ႐ြာသူ႐ြာသားလူအမ်ားစုက မိခင္ျဖစ္သူက ၎ေက်း႐ြာရဲ႕ ဇာတိမဟုတ္လို႔ သေဘာမတူခဲ့ၾကေၾကာင္း ဆိုခဲ့ပါတယ္။သူတို႔ကိုယ္သူတို႔ ကာကြယ္ဖို႔ ၎႐ြာသူ႐ြာသားေတြက Sutejo ရဲ႕မိခင္ကို ၎ေနရာမွာ သၿဂိဳလ္ဖို႔ ျငင္းဆန္ခဲ့ျခင္းမရွိေၾကာင္း ၊ Sutejo ရဲ႕မိခင္က သူ႔ေနအိမ္မွာ ကြယ္လြန္ခဲ့တဲ့သတင္းကိုလည္း မသိခဲ့ရေၾကာင္း ေျပာဆိုေနခဲ့ၾကပါတယ္။ထို႔အျပင္ Sutejo က သူတို႔နဲ႔ စကားေျပာတဲ့အခါ အလြန္လွ်ိဳဝွက္တတ္သူတစ္ေယာက္ျဖစ္ေၾကာင္း ေျပာဆိုေနခဲ့ၾကပါေသးတယ္။

1

Mia (Mckzone Daily)

Source : siakapkeli

Unicode

မကြာသေးခင်က အမျိုးမျိုးသော social media ပလက်ဖောင်းတွေပေါ်မှာ ဗီဒီယိုတစ်ခု ပျံ့နှံ့သွားခဲ့ပါတယ်။အဆိုပါ ဗီဒီယိုက မော်တော်ဆိုင်ကယ်မောင်းနင်းသူ Sutejo အမည်ရှိတဲ့အမျိုးသားက သူနဲ့အတူ ဆိုင်ကယ်ရဲ့နောက်ကျောပေါ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့သူ့မိခင်ရဲ့ရုပ်အလောင်းကို သယ်ဆောင်နေခဲ့ပါတယ်။အဆိုပါ ဗီဒီယိုကို လူတစ်ယောက်က မလေးရှားနိုင်ငံ Boyolali မြို့မှာ ဖမ်းယူရိုက်ကူးခဲ့တာပါ။Sutejo ဟာ မိခင်ဖြစ်သူအတွက် စနစ်တကျမီးသဂြိုလ်နိုင်ဖို့ သူ့ရဲ့နေအိမ်ကနေ သူမရဲ့ဇာတိမြို့ဖြစ်တဲ့ Desa Kedung Lengkong Simo မြို့သို့ သွားနေခဲ့ပါတယ်။Sutejo ရဲ့နေအိမ်က Central Java ပြည်နယ် Jembungan မြို့ Banyudonoရွာမှာရှိပြီး မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကို သဂြိုလ်ဖို့ ၁၀ ကီလိုမီတာ ဝေးတဲ့ခရီးကို ဆိုင်ကယ်နဲ့သွားခဲ့ပါတယ်။

Sutejo က မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကို ရွာပြင်က သင်္ချိုင်းမှာ သဂြိုလ်ဖို့ လုပ်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ဘဲ ရွာသူရွာသားလူအများစုက မိခင်ဖြစ်သူက ၎င်းကျေးရွာရဲ့ ဇာတိမဟုတ်လို့ သဘောမတူခဲ့ကြကြောင်း ဆိုခဲ့ပါတယ်။သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ၎င်းရွာသူရွာသားတွေက Sutejo ရဲ့မိခင်ကို ၎င်းနေရာမှာ သဂြိုလ်ဖို့ ငြင်းဆန်ခဲ့ခြင်းမရှိကြောင်း ၊ Sutejo ရဲ့မိခင်က သူ့နေအိမ်မှာ ကွယ်လွန်ခဲ့တဲ့သတင်းကိုလည်း မသိခဲ့ရကြောင်း ပြောဆိုနေခဲ့ကြပါတယ်။ထို့အပြင် Sutejo က သူတို့နဲ့ စကားပြောတဲ့အခါ အလွန်လျှိုဝှက်တတ်သူတစ်ယောက်ဖြစ်ကြောင်း ပြောဆိုနေခဲ့ကြပါသေးတယ်။

Mia (Mckzone Daily)