International News

လေလည်တိုင်း ချောကလက်နံ့၊ နှင်းဆီနံ့သင်းစေမဲ့ ဆေးတောင့်ကို ဈေးကွက်တွင်းရောင်းချ

လေလည်တိုင်း ချောကလက်နံ့၊ နှင်းဆီနံ့သင်းစေမဲ့ ဆေးတောင့်ကို ဈေးကွက်တွင်းရောင်းချ

လေလည်ပြီး ထွက်လာတဲ့အနုံ့ကို လူတွေက မနှစ်သက်ကြတာ အမှန်ပါ။ ယဉ်ကျေးမှုအဆင့်အတန်းမှာ ဘယ်လောက်ပဲ မြင့်တဲ့နိုင်ငံတွေမှာပဲဖြစ်ပါစေ လေလည်ခြင်းကို ကိုယ်မဟုတ်ရင် မနှစ်မြို့ကြတာအမှန်ပါနော်။ လေလည်တဲ့အခါမှာ

အစာဟောင်းတွေရဲ့အနံကို ရောပြွမ်းဓာတ်ပြုပြီးတော့ ထွက်လာတဲ့အနံ့က ဆိုးလွန်းတာပါ။လေလည်တဲ့အခါမှာ ချောကလက်နံ့၊ နှင်းဆီနံ့သင်းစေမဲ့ ဆေးတောင့်ကို ပြင်သစ်တီထွင်သူတစ်ဦးက တီထွင်ပြီးတော့ အခု ဈေးကွက်ထဲမှာ

ရောင်းချနေပြီလို့ သိရပါတယ်နော်။ တီထွင်သူရဲ့နာမည်ကတော့ Christian Poincheval ဖြစ်ပြီးတော့ ဆေးတောင့်ကို သောက်လိုက်ရုံနဲ့- လေလည်တဲ့အနံ့ဟာ ခရမ်းရင့်ရောင်နှင်းဆီက နှင်းဆီနီရဲရဲတွေရဲ့အနံ့လို၊ ချောကလက်အနံ့ကနေ

ဂျင်းတက်ရဲ့အနံလိုမျိုး စွန့်ထုတ်နိုင်မှာဖြစ်ကြောင်းကို Christian က ပြောတာပါ။ ဒီလိုဖြစ်ဖို့အတွက်ကို ဆေးတောင့်ကို ဘာဓာတုပစ္စည်းမှ သုံးစွဲထားခြင်းမရှိဘဲ သဘာဝအတိုင်း ထုတ်လုပ်ထားတာပါတဲ့နော်။

Christian ကတော့ ဒီကောင်လေး သောက်ထားရင် ကိုယ်ထိုင်နေတဲ့ စားပွဲပတ်ပတ်လည်က လူတွေအတွက် စိတ်ပူစရာမလိုတော့ဘူး။ သူတို့တစ်တွေ သဘောတောင် ကျကြဦးမှာ ။ဒါပေမယ့် အသံအကျယ်ကြီးဖြစ်သွားရင်တော့

စိတ်အနှောက်အယှက် ဖြစ်မှာပေါ့ ။အနံ့အတွက်ကတော့ ကိစ္စမရှိပါဘူး လို့ ပြောခဲ့တာပါ။Christian ကတော့ အဲဒီဆေးတောင့်ကို (၂၀၀၄)ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့

အခုဆို ရောင်းဈေးကတေ့ (၅.၉၉) ဒေါ်လာလို့ သိရပါတယ်နော်။ မြန်မာကျပ်ငွေနဲ့ဆိုရင်တော့ ကျပ်တစ်သောင်းနီးပါးလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်နော်။credit

Unicode







စိတျအနာကျအယကျ ဖွဈမာပေါ့ ။အနံ့အတှကျကတော့ ကိစ်စမရပါဘူး လို့ ပွောခဲ့တာပါ။Christian ကတော့ အဲဒီဆေးတောင့ျကို (၂၀၀၄)ခုနဈကတညျးက ထုတျလုပျခဲ့တာဖွဈပွီးတော့
