Sports

မန်ချက်စတာမြို့ကြီးမှာ ပျော်ရွင်နေပြီလို့ ပြောလာတဲ့ ဥရုဂွေးသားလေး ပယ်လစ်ထရီ

ယခင်အပြောင်းအရွေ့က ရောက်ရှိလာခဲ့တဲ့ ဥရုဂွေးသား လူငယ်ကစားသမား ပယ်လစ်ထရီက မန်ချက်စတာယူနိုက်တက်မှာ ပျော်ရွှင်နေတဲ့အကြောင်းကိုပြောခဲ့ပါတယ်။ ထို့အပြင် အသင်းဖော်တွေရယ့် နွေးထွေးမှုကိုလည်း ပြောပြခဲ့ပါသေးတယ်။

ပယ်လစ်ထရီက” မန်ချက်စတာမြို့မှာကျွန်တော်အထိုင်ကျသွားပါပြီး ကျွန်တော့် အသင်းဖော်နဲ့ ဥရုဂွေးမှာရှိကြတဲ့ ကျွန်တော့် မိသားစုတွေကို ကျေးဇူး တင်ရှိပါတယ် စရောက်လာတုန်းက အရာအားလုံးဟာအသစ်အဆန်းတွေဖြစ်ခဲ့ပေ မယ့် အခုတော့ ကျွန်တော့်အတွက် အိမ်တစ်ခုလိုဖြစ်လာပြီး လို့ခံစားရပါတယ်။

တောင်အမေရီက မှာရှိတဲ့ကျွန် တော့်အသင်းဖော်ဟောင်းတွေနဲ့Online ပေါ် မှာတစ်ရင်းတစ်နှီးရှိနေကြပါတယ် အထူးသဖြင့်ကျွန်တော်ဟာလူတိုင်းနဲ့ပေါင်း သင်းဆက်ဆံတက်တယ် လူ တိုင်းနဲ့ နေထိုင်တက်တဲ့သူပါ စီနီယာအသင်းမှာရှိကြတဲ့ အသင်းဖော်တိုင်းကကျွန်တော့်အပေါ်ဖော်ရွေကြပါတယ်။

ကျွန်တော် U-23 အသင်းမှာကစားကြတဲ့အသင်းဖော် တွေလည်း ကျွန်တော့်အပေါ်ဖော်ရွေကြပါတယ် ဒီ​နေရာ မှာ ကျွန်တော့်အပေါ်အရမ်းကောင်းကြတဲ့ လူတွေနဲ့အများ ကြီးတွေ့ဆုံခွင့်ရခဲ့ပါတယ် ဒါနဲ့ ဒီအရာတွေက ကျွန်တော့်အတွက် အရေးပါတဲ့ကိစ္စတစ်ခုပါ ဒီနေရာရဲ့ ရာသီဥတုအကြောင်းအရာတွေက အစ အ သင်းဝန်ထမ်းတွေဟာကျွန်တော့်ကို အသေးစိတ်ရှင်းပြတယ်။

ဒီတော့ကျွန်တော့်ဘက်က သက်သောင့်သက်သာနေ ထိုင်ခွင့်ရခဲ့တယ် ကိုဗစ် ရောဂါပိုးအခြေအနေတွေကြောင့် ကျွန်တော် ဟာ England မှာရှိတဲ့ နေရာအစုံအလင်ကိုတော့မရောက် ဖူးသေးဘူး ဒါပေမယ့် England မှာရှိတဲ့အကြောင်း အရာ တော်တော်များများကိုတော့ ကျွန်တော်သင်ယူဖြစ် တယ်။

ဒီနေရာမှာ နေရတာက ထူးခြားမှုတွေ၊ အံ့သြမှု တွေရှိပါတယ် လေ့ကျင့်ခန်းအစီအစဥ်ဆီ သွားရောက် တိုင်း ဥရုဂွေးမှာရှိကြတဲ့ အရာများစွာနဲ့ ကျွန်တော်ယှဥ် လေ့ရှိတယ် မန်ချက်စတာယူနိုက်တက်က ကမ္ဘာပေါ်က အသင်းကြီးတစ်သင်းဖြစ်နေတာမို့ အကြောင်းအရာ တော်တော်များများကိုသိရှိဖို့က ကျွန်တော့်အတွက်အရေး ကြီးပါတယ် ဒါကြောင့်လည်း ဒီနေရာမှာရှိနေတဲ့အပေါ် ကျွန်တော့်ဘက်က အင်မတန်မှပျော်ရွှင်မှုရှိပါတယ်။ ” ဆိုပြီးပြောခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode







TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER