International News

ကားထဲက တန်ဖိုးကြီးပစ္စည်းတွေကို မယူဘဲ ကားတံခါးတွေကိုသာ ဖြုတ်ယူသွားခဲ့တဲ့ သူခိုး ဖြစ်ရပ်

အခုလို အပူတျပင္းကာလႀကီးက လူသားတို႔အား အပူတျပင္းလုပ္ေဆာင္မႈေတြကို လႈံေဆာ္ေပးေနပါလိမ့္မယ္။ကြၽန္ေတာ္တို႔ အမ်ားစုၾကားဖူးတာက ကားတစ္စီးလုံး ေပ်ာက္သြားတာ ဒါမဟုတ္ ကားထဲက တန္ဖိုးႀကီး ပစၥည္းေတြကို သူခိုးေတြခိုးသြားတာကိုဘဲ ၾကားဖူးၾကမွာပါ။ဒါေပမဲ့ သူခိုးက ကားထဲက ပစၥည္းတစ္ခုမွ မယူဘဲ ကားတံခါးေလး႐ြက္လုံးကိုဘဲ ျဖဳတ္ခိုးသြားတဲ့အမႈနဲ႔ပတ္သက္ၿပီး ခင္ဗ်ားတို႔ၾကားဖူးၾကပါသလား။ထူးဆန္းေပမဲ့ အဲ့လိုအမႈက တစ္ကယ္ျဖစ္ပြါးခဲ့တာပါ။Twitter အသုံးျပဳသူ @amalee17 က အခိုးခံလိုက္ရတဲ့ သူမရဲ႕သူငယ္ခ်င္းအျဖစ္ကို မွ်ေဝခဲ့ပါတယ္။သူမက “ ကြၽန္မ သူငယ္ခ်င္းရဲ႕ ကားတံခါးေလး႐ြက္လုံး အခိုးခံလိုက္ရတယ္ ၊ ကားထဲက ပစၥည္းေတြကိုေတာ့ ခ်န္ထားခဲ့တယ္ ၊ လမ္းေဘးမွာ ကားရပ္တတ္တဲ့ လူေတြသတိထားၾကပါ” လို႔ တင္ထားခဲ့ပါတယ္။

သူမက အခုအမႈကို ရဲစခန္းသို႔ တိုင္ၾကားလိုက္ေတာ့ ရဲစခန္းက အဆိုပါအမႈမ်ိဳးကို ႀကိဳဖူးတာ ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔ ဆိုခဲ့ေၾကာင္းကို ျပန္မွ်ေဝထားခဲ့ပါေသးတယ္။ကားမေတာ္တဆမႈျဖစ္ၿပီးေနာက္ တစ္စုံတစ္ေယာက္က ကားအပိုပစၥည္းအျဖစ္ ဝယ္ယူလိုတာေၾကာင့္ ၎ကားတံခါးေတြက သူခိုးေတြအတြက္ လႈံေဆာ္ေပးတဲ့ တန္ဖိုးရွိေနသလို ျဖစ္ပုံရပါတယ္။ဒါေၾကာင့္ Mr.Bean က ဘာလို႔ သူ႔ကားတံခါးကို ေသာ့ခေလာက္ေတြနဲ႔ပါတပ္ထားရတဲ့အေၾကာင္းကို အခုေတာ့ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းႀကီး နားလည္သြားရပါၿပီေလ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အခုလို အပူတပြင်းကာလကြီးက လူသားတို့အား အပူတပြင်းလုပ်ဆောင်မှုတွေကို လှုံဆော်ပေးနေပါလိမ့်မယ်။ကျွန်တော်တို့ အများစုကြားဖူးတာက ကားတစ်စီးလုံး ပျောက်သွားတာ ဒါမဟုတ် ကားထဲက တန်ဖိုးကြီး ပစ္စည်းတွေကို သူခိုးတွေခိုးသွားတာကိုဘဲ ကြားဖူးကြမှာပါ။ဒါပေမဲ့ သူခိုးက ကားထဲက ပစ္စည်းတစ်ခုမှ မယူဘဲ ကားတံခါးလေးရွက်လုံးကိုဘဲ ဖြုတ်ခိုးသွားတဲ့အမှုနဲ့ပတ်သက်ပြီး ခင်ဗျားတို့ကြားဖူးကြပါသလား။ထူးဆန်းပေမဲ့ အဲ့လိုအမှုက တစ်ကယ်ဖြစ်ပွါးခဲ့တာပါ။Twitter အသုံးပြုသူ @amalee17 က အခိုးခံလိုက်ရတဲ့ သူမရဲ့သူငယ်ချင်းအဖြစ်ကို မျှဝေခဲ့ပါတယ်။သူမက “ ကျွန်မ သူငယ်ချင်းရဲ့ ကားတံခါးလေးရွက်လုံး အခိုးခံလိုက်ရတယ် ၊ ကားထဲက ပစ္စည်းတွေကိုတော့ ချန်ထားခဲ့တယ် ၊ လမ်းဘေးမှာ ကားရပ်တတ်တဲ့ လူတွေသတိထားကြပါ” လို့ တင်ထားခဲ့ပါတယ်။

သူမက အခုအမှုကို ရဲစခန်းသို့ တိုင်ကြားလိုက်တော့ ရဲစခန်းက အဆိုပါအမှုမျိုးကို ကြိုဖူးတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုခဲ့ကြောင်းကို ပြန်မျှဝေထားခဲ့ပါသေးတယ်။ကားမတော်တဆမှုဖြစ်ပြီးနောက် တစ်စုံတစ်ယောက်က ကားအပိုပစ္စည်းအဖြစ် ဝယ်ယူလိုတာကြောင့် ၎င်းကားတံခါးတွေက သူခိုးတွေအတွက် လှုံဆော်ပေးတဲ့ တန်ဖိုးရှိနေသလို ဖြစ်ပုံရပါတယ်။ဒါကြောင့် Mr.Bean က ဘာလို့ သူ့ကားတံခါးကို သော့ခလောက်တွေနဲ့ပါတပ်ထားရတဲ့အကြောင်းကို အခုတော့ ကျွန်တော်တို့ ကောင်းကောင်းကြီး နားလည်သွားရပါပြီလေ။

Mia (Mckzone Daily)