Sports

အရှုံးကို လက်မခံနိုင်ဘဲ ဆင်ခြေတွေပေးပြီး ယူနိုက်တက်ကိုပါ ဝေဖန်ခဲ့တဲ့ လီဗာပူးလ်နည်းပြ ကလော့ပ်

မနေ့က ယှဉ်ပြိုင်သွားတဲ့ ဆောက်သမ်တန်နဲ့ လီဗာပူးလ်တို့ ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းက လီဗာပူးလ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ရှိခဲ့ပါတယ် ပြစ် ဒဏ်ဘောကနေ ဂျိမ်းရယ့် ဖြတ်တင်မှု‌ကနေ ဒန်နီအင်းက လှလှပပ ပိတ်သွင်းယူခဲ့တာပါ လီဗာပူးလ်အသင်းရယ့် လူစာရင်းမှာ နောက်ခံလူ ဗန်ဒိုက်က လွဲရင် လူစုံထုတ် ကစားခဲ့တာဘဲဖြစ်ပါတယ်။

တိုက်စစ်မှာ မာနေး၊ ဖာမီနို၊ ဆာလတ်တို့ လူစုံပါခဲ့ပါတယ် ထိုပွဲစဉ်အပြီးမှာတော့ လီဗာပူးလ်နည်းပြ ဂျာဂန် ကလော့ပ် ကတော့ ဒိုင်လူကြီးရယ့် ဆုံးဖြတ်ချက်အပေါ်အပြစ်တင်ခဲ့ပါတယ် နောက်ပြီး ယူနိုက်တက်ရယ့် 2နှစ်အတွင်း ပင်နယ်တီအရေအတွက်ဟာ လီဗာပူးလ်ကို ကလော့ပ် ရောက်ရှိတဲ့ 5 နှစ်အတွင်းရရှိခဲ့တဲ့ ပင်နယ်တီ အရေအတွက် ထက်ပိုများကြောင်းကို လည်း ပြောခဲ့ပါသေးတယ်။

လီဗာပူးလ် နည်းပြကလော့ပ်က ဒီညကစားတဲ့ပွဲမှာ ဒိုင်လူကြီး အန်ဒရီမာရီနာက မာနေးအပေါ်လုပ်သွားတဲ့အရာတွေ ကျွန်တော့်အတွက်အဆင်ပြေမှု မရှိပါဘူး (2)နှစ်အတွင်း ယူနိုက် တက်ရရှိတဲ့ပယ်နတီအရေ အတွက်ဟာ ကျွန်တော်လီဗာပူးလ်ကိုကိုင်လို့ (5)နှစ်ခွဲသက်တမ်းရှိတဲ့အချိန် ရရှိ​တဲ့ ပယ်နတီအရေအတွက်ထက်များနေပါတယ် ဒါပေမယ့် ဒီညရှုံး ပွဲအတွက် ဘာဆင်ခြေမှ မပေးလိုဘူး ပြောခဲ့ပါသေးတယ်။

မည်သို့ပင်ဆိုစေကာမူ ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ်ဟာ ယူနိုက်တက်နဲ့ အမှတ်တူ 33 မှတ်နှင့် ဂိုးကွာခြားချက်ကြောင့် အဆင့်တစ်မှာ ရပ်တည်နေပါတယ် ဒါပေမယ့် ကျွန်တော်တို့ ယူနိုက်တက်ဟာ တစ်ပွဲလျော့ အနေအထားမှာရှိပြီးဘန်လေအသင်းနှင့် ပွဲကျန်ကို အနိုင် သို့မဟုတ် သရေ သာ ကစားနိုင်ရင် အဆင့် တစ်မှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER