Knowledge Local News

ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး(ရုပ်သံ)

“ ရွမ္းျပည္နယ္၊လြိဳင္လင္ခ႐ိုင္ မွ ထူးဆန္းေသာမ်က္ႏွာရွိတဲ့ ေမ်ာက္ဝင္စား အမ်ိဳးသမီး(႐ုပ္သံ) ”

ရွမ္းျပည္ေတာင္ပိုင္း လြိဳင္လင္ခ႐ိုင္၊ ကြန္ဟိန္းၿမိဳ႕နယ္၊ ကာလိၿမိဳ႕နယ္ခြဲမွာ ထူးဆန္းတဲ့ မ်က္ႏွာရွိ ရွမ္း အမ်ိဳးသမီး တဦးကို ဘုရားဖူးေတြက ေတြ႕ရွိခဲ့ပါတယ္။

ေတာင္ႀကီးက ဘုရားဖူးတစုဟာ ကာလိၿမိဳ႕နယ္ခြဲရွိ ေမြေတာ္ဟိုလိန္း ေစတီေတာ္ကို သြားေရာက္ဖူးေျမာ္စဥ္ လမ္းမွာ မ်က္ႏွာတခုလုံး မုတ္ဆိတ္ေမြး၊ ပါးၿမိဳင္းေမြးေတြ ျပည့္ေနတဲ့ အသက္ ၄၀ ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတဦးကိုေတြ႕လို႔ ခြင့္ေတာင္းၿပီး ဗြီဒီယို႐ိုက္ခဲ့တယ္လို႔ စိုင္းေနာ္ခမ္းစင္က ဒီဗြီဘီကို ေျပာပါတယ္။

“မေန႔တုန္းက က်ေနာ္တို႔ ေမြေတာ္ဟိုလိန္းေစတီကို သြားဖူးၾကပါတယ္။ ေစတီမေရာက္ခင္ ထမ္ကုမ့္ဂူနားေရာက္ေတာ့ မိုင္းဖုံးဆရာေတာ္လည္း ႂကြလာမယ္ဆိုလို႔ က်ေနာ္တို႔က ဆရာေတာ္ကို ဖူးေျမာ္ဖို႔ ေစာင့္ေနတုန္း အဲဒီအေဒၚႀကီးနဲ႔ ေတြ႕ခဲ့တာပါခင္ဗ်။ က်ေနာ့္တသက္မွာ တခါမွ မေတြ႕ဖူးဘူး၊ ထူးဆန္းလို႔ ခြင့္ေတာင္းၿပီး ဗြီဒီယို႐ိုက္ခဲ့တယ္။

အေဒၚႀကီးနာမည္က ပါ့(ေဒၚ)နန္းမန႔္လို႔ ေခၚတယ္၊ ဝမ့္ဝိန္း႐ြာကေန မိုင္းဖုံးဆရာေတာ္ကို လာဖူးတာတဲ့၊ ဘယ္သူနဲ႔မွ မေရာဘူး၊ သူ႔ဘာသူ ေနေနတာ၊ သူ႔မ်က္ႏွာက ေမြးကတည္းက အဲဒီလို အေမြးေတြ ေပါက္ေနတာလို႔ ေျပာတယ္။ သူတို႔ေမာင္ႏွမ ၄ ေယာက္ရွိတာ သူ႔လိုျဖစ္တာက ၂ ေယာက္၊ သူ႔အစ္ကိုေရာ သူေရာ ျဖစ္တယ္၊ သူ႔အစ္ကိုကေတာ့ ဂူထဲဝင္သြားလို႔ မေတြ႕လိုက္ရဘူးခင္ဗ်။”

သူတို႔ဟာ ခရီးဆက္ဖို႔ရွိတဲ့အတြက္ အခ်ိန္ၾကာၾကာ စကားမေျပာခဲ့ရေၾကာင္း၊ ဟိုလိန္းေစတီေတာ္ဟာ ဘုရားေလာင္း ေမ်ာက္မင္းဘဝက ဓာတ္ေတာ္နဲ႔ ဌာပနာထားၿပီး ေဒၚနန္းမန႔္တို႔ ေမာင္ႏွမဟာလည္း ဘုရားေလာင္းရဲ႕ တပည့္အေပါင္းပါ ေမ်ာက္ငါးရာထဲက အဆက္အႏြယ္ ဝင္စားတာလို႔လည္း ႐ြာသားေတြက ေျပာဆိုေလ့ရွိတယ္လို႔ ဆိုပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ကြန္ဟိန္း ျပည္သူ႔ေဆး႐ုံႀကီး မွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ ေဒါက္တာ နန္းကိန္ႏုမ္ေဖာင္ကေတာ့ သူ ကြန္ဟိန္း မွာ တာဝန္ထမ္းေဆာင္စဥ္ အဲဒီ ထူးဆန္းတဲ့မ်က္ႏွာရွိ လူနာ ေရာက္လာတာေတာ့ မရွိေသးေၾကာင္း၊ သူ ေလ့လာဖူးတဲ့ ေဆးပညာ အရေတာ့ သဘာဝလြန္ ဟိုမုန္းဓာတ္ လြန္ကဲျခင္းေၾကာင့္သာ ျဖစ္တယ္လို႔ ဒီဗြီဘီကို ေျပာပါတယ္။

“က်မ တာဝန္ထမ္းေဆာင္ေနတဲ့ အခ်ိန္တုန္းကေတာ့ အဲလိုျဖစ္တဲ့ လူနာ လာျပတာ မရွိပါဘူးရွင့္။ အဲဒီအေဒၚႀကီးရဲ႕ပုံေတြ ဗြီဒီယိုဖိုင္ေတြေတာ့ ေတြ႕ဖူးပါတယ္။ ေမ်ာက္ဝင္စားတာတို႔၊ လူဝင္စားတို႔ ဆိုတာကေတာ့ ႐ြာသားေတြရဲ႕ အယူသီးမႈတခုေပါ့ေလ။

ေဆးပညာအရ ၾကည့္မယ္ဆို က်မ ဖတ္ဖူးတာက သူတို႔ခႏၶာထဲမွာ ဟိုမုန္းဓာတ္ေတြ မူမမွန္လြန္ကဲရင္လည္း ျဖစ္တတ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ေတြ႕ရခဲတယ္။ အိႏၵိယႏိုင္ငံမွာလည္း ရွိဖူးတယ္။

ကုသလို႔ ရ မရေတာ့ သူတို႔ကို ေသြးစစ္ၾကည့္မွ သိႏိုင္မွာေပါ့ေနာ္။ က်မ တို႔ ေက်းလက္ျပည္သူေတြကေတာ့ လူက ပုံမွန္မဟုတ္ဘူး ဆိုရင္ ေရွးဝဋ္ေႂကြးနဲ႔ ကုသိုလ္ကံကိုပဲ ယိုးမယ္ဖြဲ႕လိုက္တယ္။ ေဆး႐ုံ ေဆးခန္း ေရာက္လာတာက နည္းတယ္၊ သူတို႔ေနတာကလည္း ေဝးလံေခါင္ဖ်ားေဒသဆိုေတာ့ေလ။”

Credit : DVB

unicode

“ ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး(ရုပ်သံ) ”

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲမှာ ထူးဆန်းတဲ့ မျက်နှာရှိ ရှမ်း အမျိုးသမီး တဦးကို ဘုရားဖူးတွေက တွေ့ရှိခဲ့ပါတယ်။

တောင်ကြီးက ဘုရားဖူးတစုဟာ ကာလိမြို့နယ်ခွဲရှိ မွေတော်ဟိုလိန်း စေတီတော်ကို သွားရောက်ဖူးမြော်စဉ် လမ်းမှာ မျက်နှာတခုလုံး မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ပြည့်နေတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦးကိုတွေ့လို့ ခွင့်တောင်းပြီး ဗွီဒီယိုရိုက်ခဲ့တယ်လို့ စိုင်းနော်ခမ်းစင်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့တုန်းက ကျနော်တို့ မွေတော်ဟိုလိန်းစေတီကို သွားဖူးကြပါတယ်။ စေတီမရောက်ခင် ထမ်ကုမ့်ဂူနားရောက်တော့ မိုင်းဖုံးဆရာတော်လည်း ကြွလာမယ်ဆိုလို့ ကျနော်တို့က ဆရာတော်ကို ဖူးမြော်ဖို့ စောင့်နေတုန်း အဲဒီအဒေါ်ကြီးနဲ့ တွေ့ခဲ့တာပါခင်ဗျ။ ကျနော့်တသက်မှာ တခါမှ မတွေ့ဖူးဘူး၊ ထူးဆန်းလို့ ခွင့်တောင်းပြီး ဗွီဒီယိုရိုက်ခဲ့တယ်။

အဒေါ်ကြီးနာမည်က ပါ့(ဒေါ်)နန်းမန့်လို့ ခေါ်တယ်၊ ဝမ့်ဝိန်းရွာကနေ မိုင်းဖုံးဆရာတော်ကို လာဖူးတာတဲ့၊ ဘယ်သူနဲ့မှ မရောဘူး၊ သူ့ဘာသူ နေနေတာ၊ သူ့မျက်နှာက မွေးကတည်းက အဲဒီလို အမွေးတွေ ပေါက်နေတာလို့ ပြောတယ်။ သူတို့မောင်နှမ ၄ ယောက်ရှိတာ သူ့လိုဖြစ်တာက ၂ ယောက်၊ သူ့အစ်ကိုရော သူရော ဖြစ်တယ်၊ သူ့အစ်ကိုကတော့ ဂူထဲဝင်သွားလို့ မတွေ့လိုက်ရဘူးခင်ဗျ။”

သူတို့ဟာ ခရီးဆက်ဖို့ရှိတဲ့အတွက် အချိန်ကြာကြာ စကားမပြောခဲ့ရကြောင်း၊ ဟိုလိန်းစေတီတော်ဟာ ဘုရားလောင်း မျောက်မင်းဘဝက ဓာတ်တော်နဲ့ ဌာပနာထားပြီး ဒေါ်နန်းမန့်တို့ မောင်နှမဟာလည်း ဘုရားလောင်းရဲ့ တပည့်အပေါင်းပါ မျောက်ငါးရာထဲက အဆက်အနွယ် ဝင်စားတာလို့လည်း ရွာသားတွေက ပြောဆိုလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကွန်ဟိန်း ပြည်သူ့ဆေးရုံကြီး မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒေါက်တာ နန်းကိန်နုမ်ဖောင်ကတော့ သူ ကွန်ဟိန်း မှာ တာဝန်ထမ်းဆောင်စဉ် အဲဒီ ထူးဆန်းတဲ့မျက်နှာရှိ လူနာ ရောက်လာတာတော့ မရှိသေးကြောင်း၊ သူ လေ့လာဖူးတဲ့ ဆေးပညာ အရတော့ သဘာဝလွန် ဟိုမုန်းဓာတ် လွန်ကဲခြင်းကြောင့်သာ ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျမ တာဝန်ထမ်းဆောင်နေတဲ့ အချိန်တုန်းကတော့ အဲလိုဖြစ်တဲ့ လူနာ လာပြတာ မရှိပါဘူးရှင့်။ အဲဒီအဒေါ်ကြီးရဲ့ပုံတွေ ဗွီဒီယိုဖိုင်တွေတော့ တွေ့ဖူးပါတယ်။ မျောက်ဝင်စားတာတို့၊ လူဝင်စားတို့ ဆိုတာကတော့ ရွာသားတွေရဲ့ အယူသီးမှုတခုပေါ့လေ။

ဆေးပညာအရ ကြည့်မယ်ဆို ကျမ ဖတ်ဖူးတာက သူတို့ခန္ဓာထဲမှာ ဟိုမုန်းဓာတ်တွေ မူမမှန်လွန်ကဲရင်လည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တွေ့ရခဲတယ်။ အိန္ဒိယနိုင်ငံမှာလည်း ရှိဖူးတယ်။

ကုသလို့ ရ မရတော့ သူတို့ကို သွေးစစ်ကြည့်မှ သိနိုင်မှာပေါ့နော်။ ကျမ တို့ ကျေးလက်ပြည်သူတွေကတော့ လူက ပုံမှန်မဟုတ်ဘူး ဆိုရင် ရှေးဝဋ်ကြွေးနဲ့ ကုသိုလ်ကံကိုပဲ ယိုးမယ်ဖွဲ့လိုက်တယ်။ ဆေးရုံ ဆေးခန်း ရောက်လာတာက နည်းတယ်၊ သူတို့နေတာကလည်း ဝေးလံခေါင်ဖျားဒေသဆိုတော့လေ။”

Credit : DVB