International News

ဆံပင်ကောင်းလွန်းလို့ အရုပ်ကလေးလို့ ထင်မှတ်ခြင်းခံရတဲ့ ရှစ်လသမီးလေး

Bella Cole လို႔အမည္ရတဲ့ 8 လ သမီးေလးဟာ ေမြးကတည္းက ဆံပင္ေတြေကာင္းလြန္းလို႔ သူမကို ေတြ႕တဲ့သူတိုင္း က အ႐ုပ္ကေလးလို႔ ထင္ေနၾကပါတယ္တဲ့။ ဒီလိုမဟုတ္ဖူးဆိုရင္လည္း မရင္းနီးေသးသူေတြကေတာ့ ဆံပင္အတု တပ္ထားတာလို႔ ထင္ေနၾကတယ္လို႔ ဆိုၾကပါတယ္။

Cole ကို Monsters Inc က ႐ိုက္ကူးထုတ္လုပ္ခဲ့တဲ့ ဇာတ္ေကာင္ Boo နဲ႔ တူေၾကာင္း အမ်ားက ဆိုၾကပါတယ္။ အခုေတာ့ မိခင္ျဖစ္သူ Phillipa Rabbitts (27)ႏွစ္က အျပင္သြားရင္ေတာ့ Cole ကို မေခၚရဲေအာင္ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ သမီးရဲ႕ဆံပင္ကို အစစ္လား အတုလားဆိုၿပီး ကိုင္ၾကဆြဲၾကလြန္းလို႔ပါတဲ့။

ဒါေပမယ့္ Cole ဟာ Syndromes Without a Name (SWANS)ဆိုတဲ့ ေရာဂါလကၡဏာနဲ႔ ေမြးဖြားလာသူမို႔ေမြးစအခ်ိန္က 4 ေပါင္ 11 ေအာင္စသာရွိၿပီး ခႏၶာကိုယ္ေလးက ေသးညပ္ပါတယ္။ SWANS ဆိုတဲ့ ေရာဂါဟာ Cole ကို ဆိုးဝါးစြာမသက္ေရာက္ႏိုင္ေပမယ့္ အျခားကေလးေတြကိုေတာ့ ပုံပ်က္ပန္းပ်က္ျဖစ္ေစတာမ်ိဳးေတြ ရွိပါတယ္။ တစ္ခ်ိ႕ဆို မ်က္လုံးေစြေစာင္း၊ ဆံပင္အားနည္း စတဲ့အေျခအေနေတြ ရင္ဆိုင္ရပါတယ္။

Cole ရဲ႕ ထူးျခားတဲ့အေျခအေနေၾကာင့္ လူေတြက မၾကာခဏ လာေရာက္ၾကည့္ရႈၾကၿပီး၊ သူမတို႔အိမ္ဟာ ဧည့္သည္ပ်က္တယ္ရယ္လို႔ပင္ မရွိေၾကာင္း Rabbitts က ဆိုပါတယ္။ Rabbitts အြန္လိုင္းဒီဇိုင္းအယ္ဒီတာ တစ္ေယာက္ျဖစ္ၿပီး Chelmsford, Essex မွာ ေနထိုင္ပါတယ္။ Cole ဟာ ရွစ္လသမီးဆိုေပမယ့္ အေလးခ်ိန္က 11 ေပါင္သာ ရွိပါတယ္။

Rabbitts က ” သူက တကယ့္ ေသးေသးေလးပါဘဲ … ခႏၶာကိုယ္က မထြားပဲ ဆံပင္ေတြသာ တစ္ဖြားဖြားထြက္လာ လို႔ ကြၽန္မတို႔ကေတာင္ ဆံပင္တစ္ခုပဲ ပြားလာတာလို႔ေတာင္ ဟာသ လုပ္ရတဲ့အထိပါဘဲ .. ဒါေပမယ့္ သူ က်န္းမာပါတယ္ … ဒီလို ခႏၶာကိုယ္ေလးက ေသးေကြးလြန္းေတာ့ လူေတြ အ႐ုပ္ကေလးနဲ႔ တူတယ္လို႔ထင္တာ မဆန္းပါဘူး “လို႔ ဆိုပါတယ္။

ဒီလို ဆံပင္ေကာင္းရျခင္းမွာ ဖခင္ Matthew Cole ရဲ႕မ်ိဳးဗီဇလည္း ပါသလို မိခင္ Rabbitts ရဲ႕ဗီဇလည္းပါဝင္ေၾကာင္း ဆိုပါတယ္။ Rabbitts က ” သူ႔အေဖက ဆံပင္တအားေကာင္းတယ္ .. ကြၽန္မက ဆံပင္အနက္ေရာင္ … ဒါေပမယ့္ ဆံအုံထူတယ္ … ဒီအခ်က္ႏွစ္ခုက သမီးဆီမွာ သြားစုေနတာ “လို႔ ဂုဏ္ယူစြာ ေျပာခဲ့ပါတယ္။

Credit -CELE DAILY

Unicode

ဆံပင်ကောင်းလွန်းလို့ အရုပ်ကလေးလို့ ထင်မှတ်ခြင်းခံရတဲ့ ရှစ်လသမီးလေး

Bella Cole လို့အမည်ရတဲ့ 8 လ သမီးလေးဟာ မွေးကတည်းက ဆံပင်တွေကောင်းလွန်းလို့ သူမကို တွေ့တဲ့သူတိုင်း က အရုပ်ကလေးလို့ ထင်နေကြပါတယ်တဲ့။ ဒီလိုမဟုတ်ဖူးဆိုရင်လည်း မရင်းနီးသေးသူတွေကတော့ ဆံပင်အတု တပ်ထားတာလို့ ထင်နေကြတယ်လို့ ဆိုကြပါတယ်။

Cole ကို Monsters Inc က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ဇာတ်ကောင် Boo နဲ့ တူကြောင်း အများက ဆိုကြပါတယ်။ အခုတော့ မိခင်ဖြစ်သူ Phillipa Rabbitts (27)နှစ်က အပြင်သွားရင်တော့ Cole ကို မခေါ်ရဲအောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။ သမီးရဲ့ဆံပင်ကို အစစ်လား အတုလားဆိုပြီး ကိုင်ကြဆွဲကြလွန်းလို့ပါတဲ့။

ဒါပေမယ့် Cole ဟာ Syndromes Without a Name (SWANS)ဆိုတဲ့ ရောဂါလက္ခဏာနဲ့ မွေးဖွားလာသူမို့မွေးစအချိန်က 4 ပေါင် 11 အောင်စသာရှိပြီး ခန္ဓာကိုယ်လေးက သေးညပ်ပါတယ်။ SWANS ဆိုတဲ့ ရောဂါဟာ Cole ကို ဆိုးဝါးစွာမသက်ရောက်နိုင်ပေမယ့် အခြားကလေးတွေကိုတော့ ပုံပျက်ပန်းပျက်ဖြစ်စေတာမျိုးတွေ ရှိပါတယ်။ တစ်ချိ့ဆို မျက်လုံးစွေစောင်း၊ ဆံပင်အားနည်း စတဲ့အခြေအနေတွေ ရင်ဆိုင်ရပါတယ်။

Cole ရဲ့ ထူးခြားတဲ့အခြေအနေကြောင့် လူတွေက မကြာခဏ လာရောက်ကြည့်ရှုကြပြီး၊ သူမတို့အိမ်ဟာ ဧည့်သည်ပျက်တယ်ရယ်လို့ပင် မရှိကြောင်း Rabbitts က ဆိုပါတယ်။ Rabbitts အွန်လိုင်းဒီဇိုင်းအယ်ဒီတာ တစ်ယောက်ဖြစ်ပြီး Chelmsford, Essex မှာ နေထိုင်ပါတယ်။ Cole ဟာ ရှစ်လသမီးဆိုပေမယ့် အလေးချိန်က 11 ပေါင်သာ ရှိပါတယ်။

Rabbitts က ” သူက တကယ့် သေးသေးလေးပါဘဲ … ခန္ဓာကိုယ်က မထွားပဲ ဆံပင်တွေသာ တစ်ဖွားဖွားထွက်လာ လို့ ကျွန်မတို့ကတောင် ဆံပင်တစ်ခုပဲ ပွားလာတာလို့တောင် ဟာသ လုပ်ရတဲ့အထိပါဘဲ .. ဒါပေမယ့် သူ ကျန်းမာပါတယ် … ဒီလို ခန္ဓာကိုယ်လေးက သေးကွေးလွန်းတော့ လူတွေ အရုပ်ကလေးနဲ့ တူတယ်လို့ထင်တာ မဆန်းပါဘူး “လို့ ဆိုပါတယ်။

ဒီလို ဆံပင်ကောင်းရခြင်းမှာ ဖခင် Matthew Cole ရဲ့မျိုးဗီဇလည်း ပါသလို မိခင် Rabbitts ရဲ့ဗီဇလည်းပါဝင်ကြောင်း ဆိုပါတယ်။ Rabbitts က ” သူ့အဖေက ဆံပင်တအားကောင်းတယ် .. ကျွန်မက ဆံပင်အနက်ရောင် … ဒါပေမယ့် ဆံအုံထူတယ် … ဒီအချက်နှစ်ခုက သမီးဆီမှာ သွားစုနေတာ “လို့ ဂုဏ်ယူစွာ ပြောခဲ့ပါတယ်။

Credit -CELE DAILY