ဂရင်းလစ်ရှ်က သူ့ရယ့် အကြိုက်ဆုံး ကစားသမားလို့ပြောခဲ့တဲ့ သရဲနီတပ်သားဟောင်းကြီး ဖာဒီနန်

ယူနိုက်တက်ရယ့် ကစားသမားဟောင်း တစ်ယောက်ဖြစ်တဲ့ ဖာဒီနန်ကတော့ အက်စတွန်ဗီလာကစားသမား ဂရင်းလစ်ရှိကို ခေါ်ယူဖို့ နဲ့ ချီးကျူးခန်းတွေဖွင့်ခဲ့ပါတယ် ဖာဒီနန်က ပေါ့ဘာအသင်းမှာဆက်ရှိနေမလား ထွက်သွားမလားဆိုတာကို ကျွန်တော်ဂရုစိုက်မနေပါဘူး ဂရင်းလစ်ရှ် က ကျွန်တော့်ရဲ့အကြိုက်ဆုံးကစား သမားပါပဲ။

သူဆယ်ကျော်သက်အရွယ်လေးကတည်းက သူ့ကိုကျွန်တော်သိနေတာပါ ကျွန်တော့်စားသောက်ဆိုင်ကို သူရောက်လာပြီး ကစားပွဲရဲ့လက်မှတ်တွေကို သူနဲ့သူ့အဖေစီကနေ ကျွန်တော်ရခဲ့ဖူးပါတယ် သူက ကောင်း မွန်တဲ့မိသားစုကဆင်းသက်လာတဲ့ ကစားသမားတစ်ယောက်ပါပဲ။

ဘောလုံးကစားရတာကိုသူချစ်မြတ်နိုးပြီး နိုင်ပွဲဆာ လောင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ပြီးတော့ အရမ်းလည်းကြိုးစားတဲ့သူတစ်ယောက် သူက သူ့ရဲ့အစားအသောက်နဲ့လေ့ကျင့်မှုပုံစံတွေကို သူကိုယ်တိုင်ပြောင်းလဲခဲ့ပြီး ဒီ့ထက်ပိုကောင်းလာအောင်လုပ်ဖို့ကြိုးစားနေတဲ့သူတစ်ယောက်ပါပဲ။

သူ့ရဲ့လုံ့လဝီရိယနဲ့ကြိုးစားအားထုတ်မှုတွေကို လူတွေ အများကြီးပြောနေကြတာကို ကျွန်တော်ကြားဖူးပါတယ် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သူ့ရဲ့ရလာဒ်တွေကို ပွဲတိုင်းမှာခင်ဗျားတို့မြင်တွေ့နိုင်ပါတယ် တ ကယ်လို့ ကျွန်တော်သာ အဂ်လန်နိင်ငံရဲ့ ထိပ်တန်း

အသင်း(၃)သင်း ဒါမှမဟုတ် (၄)သင်းထဲက မန်နေဂျာတစ်ယောက်ဖြစ်နေမယ်ဆိုရင် သူ့ကို Aston Villaမှာမနေခိုင်းတော့ဘူး သူ့ကိုကျွန်တော့်အသင်းဆီရောက် လာအောင်ခေါ်ဆောင်သွားမှာပါ ဆိုပြီး ပြောကြားသွားပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER