Local News

ကိုဗစ်ကာကွယ်ဆေးကို တစ်နိုင်ငံလုံးထိုးပေးနိုင်ဖို့ ကြိုးစားပေးမယ့်အစီအစဉ်ကို ဦးဦးဇော်ဇော် ပြောပြီ

ကိုဗစ်ကာကွယ်ဆေးကို တစ်နိုင်ငံလုံးထိုးပေးနိုင်ဖို့ ကြိုးစားပေးမယ့်အစီအစဉ်ကို ဦးဦးဇော်ဇော် ပြောပြီ

ကိုဗစ် ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန်အတွက် အကျိုးအမြတ်မယူဘဲ ငွေကြေးစိုက်ထုတ်ပြီးတော့ အစိုးရ၏ လမ်းညွှန်စီမံမှုအောက်တွင် ဆောင်ရွက်သွားမည်ဟု ဦးဇော်ဇော်ပြောခဲ့တာပါ။ကိုဗစ် ကာကွယ်ဆေးကို

တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့်သော်လည်းကောင်း၊ လုပ်ငန်းရှင်များအားလုံးနှင့်ပူးပေါင်း၍သော်လည်းကောင်း အကျိုးအမြတ်မယူဘဲနဲ့ ငွေကြေးစိုက်ထုတ်ပြီးတော့ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီမံမှုအောက်တွင်

စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း၊ နဲ့ ၂၀၂၀ခုနှစ်အတွင်း ဧရာဝတီဖောင်ဒေးရှင်း၏ ဆောင်ရွက်မှု အစီရင်ခံစာမှာ ဥက္ကဌဦးဇော်ဇော်က ထည့်သွင်းပြောကြားထားခဲ့တာပါ။တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်တွေ ပေါင်းစပ်ကြိုးပမ်းခဲ့မှုနဲ့

အတူ ဧရာဝတီစင်တာအနေနဲ့ ကိုဗစ်လူနာပေါင်း (၁၀,၀၀၀) ကျော်ကို လက်ခံကုသပေးနိုင်ခဲ့ပြီး (၂၀,၀၀၀) ကျော်ကို ပိုးရှိမရှိ စစ်ဆေးပေးနိုင်ခဲ့ပါတယ် ဟု ဦးဇော်ဇော်က သူရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားတာပါ။

ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ပထမလှိုင်းအတွင်း ကြိုတင်ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ပြီးတော့ အခြားတစ်ဖက်တွင်လည်း ပရဟိတကျောင်းနှင့် ဘိုးဘွားရိပ်သာများ၊ စစ်ဘေးရှောင်စခန်းများအတွက်ပါ

စားနပ်ရိက္ခာနှင့် လိုအပ်သည့် အထောက်အပံ့များ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရပါတယ်။ ကိုဗစ် ဒုတိယလှိုင်းအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် ICU ၊ HDU နှင့်

Test Care Centre များ ပါဝင်သော ရန်ကုန်တွင် ခုတင် (၁,၀၀၀)ဆံ့၊ မန္တလေးတွင် ခုတင် (၃၇၅)ဆံ့ ကုသရေးဌာန များကိုလည်း တည်ဆောက်ပံ့ပိုးကူညီပေးလျက်ရှိကြောင်းလည်း သိရပါတာ်နော်။ယခုအချိန်ထိ ကုသရေးဌာန များတွင်

တက်ရောက်သူပေါင်း တစ်သောင်းကျော်ခန့်ကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီးတော့ အခြားလိုအပ်သော နေရာများတွင်လည်း ဆေးရုံသုံးပစ္စည်းများ၊ ကာကွယ်ကုသရေးအသုံးအဆောင်များ၊ အလှူငွေများကို အတတ်နိုင်ဆုံး

ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရတာပါ။မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ် ကပ်ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း ကပ်ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ အတွက်

ဧရာဝတီဖောင်ဒေးရှင်းနှင့် အလှူရှင်များ စုပေါင်းကာ ငွေကျပ်စုစုပေါင်း (၂၁.၂)ဘီလျံကျော်ဖြင့် မတည်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်နော်။©️ သတင်း – ပြည့်ရည်ဖူး ( ပြည်မြန်မာ)©️ ဓာတ်ပုံ – MFF

Unicode…ကိုဗစ်ကာကွယ်ဆေးကို တစ်နိုင်ငံလုံးထိုးပေးနိုင်ဖို့ ကြိုးစားပေးမယ့်အစီအစဉ်ကို ဦးဦးဇော်ဇော် ပြောပြီ

ကိုဗစ် ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနနိုင်ရန်အတွက် အကျိုးအမြတ်မယူဘဲ ငွေကြေးစိုက်ထုတ်ပြီးတော့ အစိုးရ၏ လမ်းညွန်စီမံမအောက်တွင် ဆောင်ရွက်သွားမည်ဟု ဦးဇော်ဇော်ပြောခဲ့တာပါ။ကိုဗစ် ကာကွယ်ဆေးကို

တစ်နိုင်ငံလုံး ထိုးနနိုင်ရန် ဧရာဝတီဖောင်ဒေးရင်းအနေဖြင့်သော်လည်းကောင်း၊ လုပ်ငန်းရင်များအားလုံးနင့်ပူးပေါင်း၍သော်လည်းကောင်း အကျိုးအမြတ်မယူဘဲနဲ့ ငွေကြေးစိုက်ထုတ်ပြီးတော့ နိုင်ငံတော်အစိုးရ၏ လမ်းညွန်စီမံမအောက်တွင်

စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း၊ နဲ့ ၂၀၂၀ခုနစ်အတွင်း ဧရာဝတီဖောင်ဒေးရင်း၏ ဆောင်ရွက်မ အစီရင်ခံစာမ ဥက္ကဌဦးဇော်ဇော်က ထည့်သွင်းပြောကြားထားခဲ့တာပါ။တန်ဖိုးရတဲ့ လူသားအရင်းအမြစ်တွေ ပေါင်းစပ်ကြိုးပမ်းခဲ့မနဲ့

အတူ ဧရာဝတီစင်တာအနေနဲ့ ကိုဗစ်လူနာပေါင်း (၁၀,၀၀၀) ကျော်ကို လက်ခံကုသပေးနိုင်ခဲ့ပြီး (၂၀,၀၀၀) ကျော်ကို ပိုးရမရ စစ်ဆေးပေးနိုင်ခဲ့ပါတယ် ဟု ဦးဇော်ဇော်က သူရဲ့လူမကွန်ယက်စာမျက်နာတွင် ရေးသားထားတာပါ။

ဧရာဝတီဖောင်ဒေးရင်းအနေနဲ့ ပထမလင်းအတွင်း ကြိုတင်ကာကွယ်ရေး၊ ကုသရေးနင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ပြီးတော့ အခြားတစ်ဖက်တွင်လည်း ပရဟိတကျောင်းနင့် ဘိုးဘွားရိပ်သာများ၊ စစ်ဘေးရာင်စခန်းများအတွက်ပါ

စားနပ်ရိက္ခာနင့် လိုအပ်သည့် အထောက်အပံ့များ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရပါတယ်။ ကိုဗစ် ဒုတိယလင်းအတွင်း ကျန်းမာရေးနင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်မ၊ဧရာဝတီဖောင်ဒေးရင်း၏ ဦးဆောင်မဖြင့် ICU ၊ HDU နင့်

Test Care Centre များ ပါဝင်သော ရန်ကုန်တွင် ခုတင် (၁,၀၀၀)ဆံ့၊ မန္တလေးတွင် ခုတင် (၃၇၅)ဆံ့ ကုသရေးဌာန များကိုလည်း တည်ဆောက်ပံ့ပိုးကူညီပေးလျက်ရကြောင်းလည်း သိရပါတာ်နော်။ယခုအချိန်ထိ ကုသရေးဌာန များတွင်

တက်ရောက်သူပေါင်း တစ်သောင်းကျော်ခန့်ကို ကူညီဆောင်ရွက်ပေးလျက်ရပြီးတော့ အခြားလိုအပ်သော နေရာများတွင်လည်း ဆေးရုံသုံးပစ္စည်းများ၊ ကာကွယ်ကုသရေးအသုံးအဆောင်များ၊ အလငွေများကို အတတ်နိုင်ဆုံး

ကူညီဆောင်ရွက်ပေးလျက်ရကြောင်း သိရတာပါ။မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ် ကပ်ရောဂါ ပထမလင်းနင့် ဒုတိယလင်းအတွင်း ကပ်ရောဂါကာကွယ်ရေး၊ ကုသရေးနင့် ထိန်းချုပ်ရေးလုပ်ငန်းများ အတွက်

ဧရာဝတီဖောင်ဒေးရင်းနင့် အလရင်များ စုပေါင်းကာ ငွေကျပ်စုစုပေါင်း (၂၁.၂)ဘီလျံကျော်ဖြင့် မတည်ဆောင်ရွက်လျက်ရကြောင်း သိရပါတယ်နော်။©️ သတင်း – ပြည့်ရည်ဖူး ( ပြည်မြန်မာ)©️ ဓာတ်ပုံ – MFF