International News

သား (၁၃) ယောက်မွေးထားပေမယ့် သမီးမရမချင်း ဆက်လက်ကြိုးစားသွားမယ်ဆိုတဲ့ လင်မယား

သား (၁၃) ယောက်မွေးထားပေမယ့် သမီးမရမချင်း ဆက်လက်ကြိုးစားသွားမယ်ဆိုတဲ့ လင်မယား

ဘရာဇီးနိုင်ငံ Conceiao de Coit မြို့မှလင်မယားနှစ်ဦးဟာ သမီးလေးတစ်ဦးကို လိုချင်ခဲ့ကြတာဖြစ်ပါတယ်။ ထိုစုံတွဲဟာ လွန်ခဲ့တဲ့နှစ်၂၀လောက်ကတည်းက

လက်ထပ် ခဲ့ကြတာ ဖြစ်ပြီး ယခု အချိန် မှာတော့ သားယောကျာ်းလေးကြီးဘဲ (၁၃)ယောက်အထိ‌ မွေးဖွား ထားတာ ကြောင့် သမီးမိန်းကလေးတစ်ဦးလိုချင်နေကြတာဖြစ်ပါတယ်။

အသက်(၄၀)အရွယ်လယ်သမားတစ်ဦးဖြစ်သူ Ireneu Cruz နဲ့သူရဲ့ဇနီး Jucicleide Silvaတို့ဟာ ထိုသား(၁၃)ယောက်ရဲ့ မိဘတွေဖြစ်ပြီး

အကြီးဆုံးသား ကတော့ အသက်(၁၈)နှစ် ဖြစ်ပြီး အငယ်ဆုံးသားကတော့ အသက်(၁)လ ဖြစ်ပါတယ်။ ပြီးတော့ ထိုစုံတွဲ ဟာ သမီးမိန်းကလေး မွေးဖွားတဲ့ အချိန်ထိ ကလေး ဆက်ယူ ကြဖို့ ကတိပြုထားခဲ့ကြပါတယ်။

သူတို့ဟာ (၁၃)ယောက်မြောက်ကလေးကို မိန်းကလေးဖြစ်‌မယ်လို့ မျှော်လင့်ချက်ကြီး ထားခဲ့ကြ ပေမယ့်လည်း ယောကျာ်းလေးဖြစ် ကြောင်းသိရပြီးတဲ့ နောက်မှာတော့

နောက်တစ်ကြိမ် ဆက်ကြိုးစားရမယ် ဆိုတာ သိခဲ့ရ ပါတယ်။ ထိုစုံတွဲရဲ့နောက်ထပ်ညသဘောတူညီချက် တစ်ခုကတော့ နောက်က လေးဟာ ယောကျာ်းလေးမွေးလာပါကအဖေနာမည်ပေးပြီး မိန်းက လေးဖြစ်ပါက မိခင်နာမည်ပေးဖို့ပါ။

ဒါကြောင့်မိခင် Jucicleideကသူ့ရဲ့နာမည်ကို သမီးမိန်းကလေး မွေးမှပေးဖို့ချန်ထားပါတယ်။သန်းခေါင်စာရင်းမှကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရ

ထိုကဲ့သို့ ကလေး၁၃ယောက်လုံး ယောကျာ်းလေးဖြစ်ဖို့ ဖြစ်နိုင်ခြေဟာ ၈၀၀၀ အချိုး ၁ သာရှိတယ်လို့ဆိုပါတယ်။ထိုစုံတွဲလင်မယားရဲ့ ကလေးတွေနာမည်ကတော့

Robson၁၈နှစ်၊Reinan၁၇နှစ်၊Rauan ၁၅နှစ်၊Ruben ၁၄နှစ်၊ Rivaldo ၁၃နှစ်၊ Ruan ၁၂နှစ် ၊ Ramon ၁၀နှစ်၊Rincon ၉နှစ်၊Riquelme ၇နှစ်၊Ramires ၅နှစ်၊

Railson ၃နှစ်၊ Rafeal ၂နှစ်နဲ့ အငယ်ဆုံးတစ်လသားလေးရဲ့ နာ မည် ကတော့ Ronaldoပဲ ဖြစ်ပါ တယ်။ အဖေ ဖြစ်သူ Ireneu ရဲ့ အိမ်မက်ကတော့ သူရဲ့ သားတွေထဲကမှ

အနည်းဆုံး တစ်ယောက်လောက်ကို နာမည်ကျော် ဘောလုံးသမားတစ်ဦး ဖြစ်စေချင်နေတာပါ။ ဒါကြောင့် အပတ်စဉ် သူတို့ရွာထဲမှာ ကစားတဲ့ ဘောလုံးပွဲတွေမှာ သူ့သားတွေပါတဲ့ အသင်းကို သူကိုယ် တိုင်ဒိုင်လူကြီးအဖြစ် ဝင်လုပ်ပေးလေ့ရှိပါတယ်။

source : You know what