Sports

နည်းပြဆိုးရှားလ်ရယ့် မပြီးဆုံးနိုင်သေးတဲ့ ဆီးမီးဖိုင်နယ် အိပ်မက်ဆိုးကြီး

ယူနိုက်တက် အသင်းဟာ မနေ့က ယှဥ်ပြိုင်သွားတဲ့ခါရာဘောင်ကပ် ဆီမီးဖိုင်နယ်မှာ မန်စီးတီးအသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာ အရေးနိမ့်ခဲ့ပါတယ် မန်ချက်စတာဒါဘီဆိုတဲ့ အတိုင်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သော်လည်း မန်ချက်စတာစီးတီး အသင်းရယ့် ကစားအားအောက်မှာ ကျရှုံးခဲ့ရပါတယ်။

မန်စီးတီး အသင်းအနေနဲ့ အဓိက ကစားသမားတော် တော်များများ မပါ၀င်ခဲ့ပေမယ့် ယူနိုက်တက်တို့ ဘယ် လိုမှ မတတ်နိုင်ခဲ့ပါဘူး အသင်းရယ့်တိုက်စစ်မှာ မာရှယ်နဲ့ ရက်ဖို့ဒ်တို့က ရသင့်တဲ့ ဂိုးတွေ ဖြုန်းတီးခဲ့ပါတယ် ဘရူနိုနဲ့ ပေါ့ဘာတို့ကလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး ကစားပုံမှာ အဖက်ဖက်မှ အရေးနိမ့်ခဲ့ပြီး မန်စီးတီးရယ့် ဖိအားပေးမှုကို တရပ်စပ် ခံခဲ့ရပြီး ဂိုးတွေခွင့်ပြုခဲ့ရပါတယ်။

ကာဗာနီကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါ၀င်နိုင်ခဲ့ပါဘူး။ မန်စီးတီးကစားသမား တွေက ပွဲကို ထိန်းချုပ်ကစားခဲ့ပါတယ် ယခု ဆီမီးဖိုင်နယ်ရှုံးပွဲ တွင်သာမက နည်းပြဆိုးရှားလ် လက်ထက်မှာ လေးပွဲအထိရှိခဲ့ပါတယ် မန်စီးတီးနဲ့ ခါရာဘောင်ကပ် မနှစ်က ဆီမီးဖိုင်နယ် မှာ လည်း ရှုံးနိမ့်ခဲ့ရပါတယ် ထို့အပြင် ဆီဗီလာနဲ့ ယူရိုပါလိဒ် ချဲလ်ဆီးနဲ့ FA cupမှာ အသီးသီး ရှုံးနိမ့်ခဲ့ရပါတယ်။

ယူနိူက်တက်နည်းပြ ဆိုးရှားလ်အတွက် ဆီမီးဖိုင်နယ် အိပ်မက်ဆိုးကြီးဟာ အကျဉ်းတန်ခဲ့ပါတယ် ရှေ့က နိုင်ပွဲတွေကြောင့် ယူနိုက်တက်ရယ့် ယုံကြည်မှုတွေရခဲ့တဲ့ နည်းပြဆိုးရှားလ်တစ်ယောက် ယခုပွဲစဉ်မှာတော့ မေးခွန်းထုတ်စရာပါ ပရီးမီးယားလိဒ် အဆင့် 2 မှာ ရပ်တည်နေတဲ့ ယူနိုက်တက် တို့ ယခုရှုံးပွဲက ဖိအားတွေများစေခဲ့ပါတယ်။

လက်စတာ ချဲလ်ဆီးစတဲ့ အသင်း တွေကို သရေကျ အာဆင်နယ်ကိုရှုံးနိမ့် စတဲ့ ပွဲစဉ်တွေက ယူနိုက်တက်တို့ ရယ့် ခြေစွမ်းက မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါပြီ FA cupနဲ့ ယူရိုပါလိဒ်ပွဲစဉ်တွေကျန်ရှိသေးတာကြောင့် စောင့်ကြည့်ရအုံးမှာပါ နည်းပြဆိုးရှားလ်တစ်ယောက် ဆီးမီးပြုတ်ဆိုတဲ့ အိပ်မက်ဆိုးကြီး နိုးထလာနိုင်ပါစေ ဆုတောင်းရင်း။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER