Sports

ယူနိုက်တက်နဲ့ ၀က်ဖို့ဒ်တို့ရယ့် FA Cup ပွဲစဉ်အပေါ် အို၀င်ရယ့် ခန့်မှန်းချက်

ယူနိုက်တက်အသင်းဟာ FA cup တတိယအဆင့်အနေနဲ့ ၀က်ဖို့ဒ် အသင်းနဲ့ ယှဉ်ဆိုင်ကစားရမှာဘဲ ဖြစ်ပါတယ် ယခု ပွဲစဉ်အတွက် ခန်မှန်းမင်းသားကြီး မိုက်ကယ်အို၀င်ကတော့ ယူနိုက်တက်တို့အနေနဲ့ 3ဂိုး 1ဂိုးနဲ့ အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ပါတယ် ထိုအပြင် အို၀င်က ယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့ညက က မန်စီးတီးနဲ့ယှဥ်ဆိုင်အတွေ့မှာ အကောင်းဆုံးကြိုးစားခဲ့သော်လည်း ခါရာဘောင်ကပ်ကနေ နှုတ်ဆက်ခဲ့ရပါတယ်။

ထိုပွဲစဉ်မှာ သူတို့(ယူနိုက်တက်)ဟာပင်နယ်တီဧရိယာထဲမှာ အခွင့်အရေးများစွာ ပြုလုပ်နိုင်ခဲ့ပါတယ် ပြီးတော့ ကာဗာနီသာ ထိုပွဲစဉ်မှာပါခဲ့ရင်ပွဲဟာအပြောင်း အလဲတစ်ခုပြုလုပ်နိုင်ခဲ့မယ်လို့ မြင်ပါတယ် ထိုတိုက်စစ်မှုး(ကာဗာနီ) မပါလည်းဘဲ ယူနိုက်တက်တို့ အနိုင်ယူဖို့ လုံလောက်တယ်လို့ ကျွန်တော်ထင်ပါတယ် ပြောဆိုခဲ့ပါတယ်။

အို၀င်ရယ့်ခန့်မှန်းမှုနဲ့အတူဘဲ ထိုပွဲစဉ်မှာ နည်းပြ အိုလေတစ်ယောက် အသင်းအတွက်ပြောင်းလဲမှုတွေ ပြုလုပ်မယ်လို့ ယုံကြည်ပါတယ် ဒီရာသီမှာ သိပ်ပြီးမကစားရသေးတဲ့ ကစားသမားတွေဖြစ်တဲ့ အီဂါလို၊ လင်ဂတ်၊ မာတာ၊ ဗန်ဒီဘစ် စတဲ့ကစားသမားပါ၀င်လာဖို့လည်း ဖြစ်နိုင်ပါတယ်။ အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာ ၀က်ဖို့ဒ်နဲ့ ဘယ်လိုယှဉ်ဆိုင်သွားမလဲဆိုတာ စောင့်ကြည့်ရမှပါ။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode




TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER